ကျွန်မအသက်၂၈ပါ အိမ်ထောင်ကျတာ ၅ လ ရှိပါပြီ…
ကျွန်မအမျိုးသားကျွန်မအပေါ်နွေးနွေးထွေးထွေး
ပြောဆိုဆက်ဆံခဲ့တာဆိုလို့၂လဝန်းကျင်လောက်ပဲရှိခဲ့ပါတယ်ရှင့်။
ဒီ့နောက်ပိုင်း ကျွန်မအပေါ်အပစ်မရှိအပစ်ရှာရန်တွေလုပ်လာတယ်
အရက်သောက်-ဖဲရိုက် တာတွေလည်းများလာခဲ့ပါတယ်။
တစ်နေ့ ရန်ဖြစ်စကားများရင်းကနေ လည်ပင်းကုတ်ဆွဲ
လက်မောင်းဆောင့်ဆွဲ မျက်နှာကိုလက်သီးနဲ့ထိုးဖို့ရွယ်နေတုန်း
ဆွဲသူရှိလို့ အထိုးမခံလိုက်ရပါဘူးရှင့်။
အဲ့ပြသနာပြီးနောက်ပိုင်း ကျွန်မကိုအဆက်သွယ်မလုပ် ပစ်ထားတာ၁၅ရက်ရှိသွားပါပြီ။
ပတ်ဝန်းကျင်နားမဆံ့လို့ ကျွန်မနားကြားတယ်ဆိုရမယ်…
သူ phout pyan နေတာ အစောလတွေထဲကတဲ့
ပတ်ဝန်းကျင်က တစ်ဦး နှစ်ဦးမက ကျွန်မကိုပြောပြလာကြပြီ။
ကျွန်မ စိတ်တွေအရမ်းမွန်းကြပ်ပြီး
ဘာဆက်လုပ်ရမှန်းမသိလို့ အကြံပြုပေးကြပါဦးရှင့်…။