ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၇၂

ညိမ ရင်ဖွင့်ပြိး အကြံဉာဏ်လေး တောင်းချင်လို့ပါရှင့်

ညိမက အိမ်ထောင်သည်ပါ

၃နှစ်အရွယ် သမီးလေးတယောက်ရှိတယ်ရှင့်

သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူပါ

ဘေးက ကြည့်တဲ့သူတွေတောင် နင့်ယောက်ကျားက တအားချစ်တာဘဲလို့ မြင်လောက်အောင်ပါ

But သူက မ Ro တတ်ပါဘူး ညိမက Roတာကို ကြိုက်ပါတယ်

ခုပြောချင်တာ စပါပြိ

အိမ်ထောင်သက်တမ်း ၅ နှစ်ပါ

လင်မယားကြား S*xကိစ္စ

ညိမ လုံးဝ စိတ်မပါဘူး ဖြစ်နေတာ ၁နှစ်လောက်ရှိနေပြိရှင့်

အမြဲသူ့ကို ရှောင်နေမိတယ်

သူက အမြဲ အလုက်သွား အလုပ်က ပြန်လာရင် တောင် ညိမ ပါးကို နမ်းသွားတဲ့သူပါ

ညိမက လုံးဝ မချောပါဘူး

မလှပါဘူး ပုံမှန်လေးဘဲ

အရင် သမီးမွေးပြိး တနှစ် လောက်ထိက စိတ်ပါ ပါသေးတယ်

ခုကလေ လုံးဝကို စိတ်ညစ်ရတာပါ

တခါတခါ ဆို အိမ်သာထဲထိ သွားငိုပါတယ်

ပွတ်သီးပွတိသပ်လာလုပ်လို့ဆိုပြိး

လုံးဝကို လက်မခံချင်ဘူး ဖြစ်နေတယ်

သူ့ကိုမချစ်လို့လားဆိူတော့မဟုတ်ဘူး ချစ်တယ်

အဲ့လိုတွေကြောင့်

phout pyan တတ်မဲ့သူတော့ မဟုတ်ဘူးရှင့် သူက

မလှတဲ့ ကျမ အလှပြင်ရင်တောင် သူမကြိုက်ပါဘူး

အပြင်သွားလဲ နခမ်းနီတောင်မဆိူးရတဲ့ဘဝပါ

ကျမကို လူတွေ ကြည့်တာ သူမကြိုက်ဘူးတဲ့

ကျမလှတာ သူသိတယ်တဲ့

သဲလို့ အမြဲခေါတဲ့သူပါ လူရှေ့ မိဘတွေရှေ့လဲ ခေါပါတယ်

ကျမက အသက် ၃၁ သူက ၃၃

အသက်ရွယ်ကြောင့် ဆိုင်လားရှင်

ဘယ်လိုလုပ်ရမလဲ ဘယ်လိုတွေးရမလဲရှင်

အကြံဉာဏ်လေး ပေးကြပါဦး

လှောင်ပြောင်တဲ့ Commentမျိုးတော့ မမန့်ကြပါနဲ့နော် Please!!!

စာရေးတာ မရေးဖူးလို့ အဆီငေါမတည့်တာ Sorryပါ…

ညိမ ရင္ဖြင့္ၿပိး အႀကံဉာဏ္ေလး ေတာင္းခ်င္လို႔ပါရွင့္

ညိမက အိမ္ေထာင္သည္ပါ

၃ႏွစ္အ႐ြယ္ သမီးေလးတေယာက္ရွိတယ္ရွင့္

သာယာတဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားသူပါ

ေဘးက ၾကည့္တဲ့သူေတြေတာင္ နင့္ေယာက္က်ားက တအားခ်စ္တာဘဲလို႔ ျမင္ေလာက္ေအာင္ပါ

But သူက မ Ro တတ္ပါဘူး ညိမက Roတာကို ႀကိဳက္ပါတယ္

ခုေျပာခ်င္တာ စပါၿပိ

အိမ္ေထာင္သက္တမ္း ၅ ႏွစ္ပါ

လင္မယားၾကား S*xကိစၥ

ညိမ လုံးဝ စိတ္မပါဘူး ျဖစ္ေနတာ ၁ႏွစ္ေလာက္ရွိေနၿပိရွင့္

အၿမဲသူ႔ကို ေရွာင္ေနမိတယ္

သူက အၿမဲ အလုက္သြား အလုပ္က ျပန္လာရင္ ေတာင္ ညိမ ပါးကို နမ္းသြားတဲ့သူပါ

ညိမက လုံးဝ မေခ်ာပါဘူး

မလွပါဘူး ပုံမွန္ေလးဘဲ

အရင္ သမီးေမြးၿပိး တႏွစ္ ေလာက္ထိက စိတ္ပါ ပါေသးတယ္

ခုကေလ လုံးဝကို စိတ္ညစ္ရတာပါ

တခါတခါ ဆို အိမ္သာထဲထိ သြားငိုပါတယ္

ပြတ္သီးပြတိသပ္လာလုပ္လို႔ဆိုၿပိး

လုံးဝကို လက္မခံခ်င္ဘူး ျဖစ္ေနတယ္

သူ႔ကိုမခ်စ္လို႔လားဆိူေတာ့မဟုတ္ဘူး ခ်စ္တယ္

အဲ့လိုေတြေၾကာင့္

phout pyan တတ္မဲ့သူေတာ့ မဟုတ္ဘူးရွင့္ သူက

မလွတဲ့ က်မ အလွျပင္ရင္ေတာင္ သူမႀကိဳက္ပါဘူး

အျပင္သြားလဲ နခမ္းနီေတာင္မဆိူးရတဲ့ဘဝပါ

က်မကို လူေတြ ၾကည့္တာ သူမႀကိဳက္ဘူးတဲ့

က်မလွတာ သူသိတယ္တဲ့

သဲလို႔ အၿမဲေခါတဲ့သူပါ လူေရွ႕ မိဘေတြေရွ႕လဲ ေခါပါတယ္

က်မက အသက္ ၃၁ သူက ၃၃

အသက္႐ြယ္ေၾကာင့္ ဆိုင္လားရွင္

ဘယ္လိုလုပ္ရမလဲ ဘယ္လိုေတြးရမလဲရွင္

အႀကံဉာဏ္ေလး ေပးၾကပါဦး

ေလွာင္ေျပာင္တဲ့ Commentမ်ိဳးေတာ့ မမန႔္ၾကပါနဲ႔ေနာ္ Please!!!

စာေရးတာ မေရးဖူးလို႔ အဆီေငါမတည့္တာ Sorryပါ…