ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၇၃

အသက်ရှင်ရတာ အရမ်းပင်ပန်းနေလို့ပါ

ဒီစာလေးတွေ့ရင် ကျော်မသွားပဲ အကြံလေးပေးပါနော်

ကျွန်မတို့ အိမ်ထောင်ရေးပြိုကွဲတော့မယ်ဖြစ်နေလို့ပါ

ကျွန်မယောက်ျားက မိန်းမတစ်ယောက်နဲ့ phout pyan နေတာကျွန်မသိခဲ့ရတယ်

ဖုန်းထဲကပဲဖြစ်တာပါ အပြင်မှာဖြစ်တာမဟုတ်ပါဘူး

ဒီတစ်ခါပဲခွင့်လွှတ်ပေးပါဆိုလို့

ကျွန်မမှာ တစ်နှစ်ကျော်အရွယ်သားလေးလဲရှိတော့ ကျွန်မခွင့်လွှတ်ပေးခဲ့ပါတယ်

ပြသာနာကခုမှ စမှာပါ အဲ့လိုကိစ္စဖြစ်ပီးထဲက သူကတခြားတစ်ယောက်လိုဖြစ်သွားပါတယ်

အရင်ကဆိုကျွန်မ မကြိုက်တာဘားမှ မလုပ်ပါဘူး

ခုကမကြိုက်တာတွေတန်းစီလုပ်နေပါတယ်

မိန်းမကိစ္စဖြစ်ပီးနောက်တစ်နေ့ အရက်သောက်လာတယ်

အဲ့မိန်းမကလဲ နောက်မဆက်သွယ်ပါဘူး

ပတ်သပ်မိလို့တောင်းပန်ပါတယ်ဆိုပီး ခုနောက်ပိုင်းကျွန်မယောက်ျားကို phတွေဆက်နေပါတယ်

သူကတော့အိမ်မှာတော့မကိုင်ပါဘူး အခုထက်ပီးကျွန်မကိုမတိုင်ပင်ပဲ တက်တူးထိုးလာပါတယ်

လုပ်မယ်လို့ပြောတောင်မပြောဘူးဆိုတော့ သူကိုယ့်သူလုပ်တာ မပြောနိုင်ဘူးတဲ့

ရန်စကားပဲပြောပါတယ် အဲ့ထက်ဆိုးတာကတော့ သူကျွန်မအပေါ်ကို မလေးနက်မချစ်တော့တာပါ

ကျွန်မတို့က လေးနှစ်ကြိုက်ပီးယူတာပါ ခုကအိမ်ထောင်သက်3နှစ်ပဲရှိပါသေးတယ်

ကျွန်မညညတွေငိုနေလဲ အရေးပျက်နေလဲဂရုမစိုက်ပါဘူး

နံရံနဲ့ဆောင့်ရင် ကျွန်မကိုလာတားပီး အဲ့တာတွေ စိတ်ပျက်တာတဲ့

သူ့က ကျွန်မအဖေအိမ်ပြန်နေတဲ့ တစ်ပတ်ကိုနှစ်ရက် သူလိုက်လာမယ်တဲ့

အဲ့လိုခွဲနေနိုင်ရင် ကွာရှင်းတော့မယ် ရတယ်တဲ့

ကွာရှင်းလဲ ခလေးကိုဘယ်တော့မှ လာမပတ်သပ်ဘူးလို့ လက်မှတ်ထိုးပေးဆိုတော့ မထိုးနိုင်ဘူးတဲ့

သူတွေ့ချင်လာတွေ့မယ်တဲ့ ကျွန်မကိုယ့်ကို thet tay မယ်ဆိုတော့လဲလက်မခံဘူး

သူ့ကိုတည့်နေချိန် ချစ်သေးလားမေးရင်လဲလေးနပ်မဖြေဘူး ချစ်တယ်ဒါပဲ

ဘာလို့မချစ်တော့တာလဲ မေးတော့မသိဘူးတဲ့

သူကအခုလူပျိုလိုပြန်နေချင်ပုံရတယ် သူငယ်ချင်းတွေနဲ့လျှောက်လည်မယ်ခွင့်ပြုပေးတဲ့

phနှစ်လုံးရှိတာကို အသစ်တစ်လုံးလဲထပ်လိုချင်တယ် ငါးသိန်းကျော်တန်တစ်လုံးလောက်ထပ်ဝယ်ပေးပါတဲ့

အရင်လိုပြန်မချစ်နိုင်ရင် မပေါင်းတော့ဘူးလေဆိုတော့ မပေါင်းနဲ့တဲ့

သူအရင်လိုပြန်တေမှာမဟုတ်ဘူးတဲ့ သူ့စိတ်ဘာတွေဖြစ်နေမှန်းမသိဘူးတဲ့

အရင်ကဆိုသူကသားနဲ့မယားဖို့ပဲ အမြဲတွေးပေးတဲ့လူ ခုကတခြားတစ်ယောက်လိုဖြစ်သွားတာ

သူသားမျက်နှာမငယ်ရအောင် အလုပ်အရမ်းကြိုးစားတာ ကျွန်မအိပ်နေရင်တော့စောင်လာခြုံပေးတာ

လာဖက်တာလုပ်တယ် ကျွန်မလိုချင်တာကသူ့ပါးစပ်ကနေ မိန်းမကိုအရမ်းချစ်တယ်

စိတ်ညစ်မခံနဲ့ဆိုပီး နွေးနွေးထွေးထွေးဖက်ထားပေးတာ သူအရင်လိုပြန်ဖြစ်အောင် ကျွန်မဘယ်လိုလုပ်ရမလဲ

သူ့ကစိုက်ပျိုးရေးဝန်ထန်းပါ အပြင်တစ်နေကုန်သွားနေတာ ရတဲ့လစာတော့အကုန်ပြန်အပ်တယ်

ကျွန်မကစုတယ် သူ့ကိုတစ်နေကုန်ဆက်သွယ်ကျွန်မဘတ်ကပဲလုပ်ရတယ်

သူကမလုပ်ပါဘူး သူ့ကိုအစစအရာရာလိုက်ဂရုစိုက်ပေးနေလို့များလား

ကျွန်မအိပ်ပြန်သင့်လား သူ့အနားဆက်နေပီး ဘယ်လိုနေပေးသင့်လဲ ဖြေပေးကြပါအုံး

စာလေးဆုံးအောင်ဖက်ပေးလို့ကျေးဇူးပါ အားလုံးပဲကျွန်မလိုသောကတွေကင်းဝေးကြပါစေ





































