ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၇၄

ရင်ဖွင့်ချင်လို့ပါအကြံလေးတေလဲလိုချင်ပါတယ်

သူနဲ့ချစ်သူမဖြစ်ခင်ထဲက ညီမ6တန်းနှစ်လောက်ထဲကသူ့ကိုသဘောကျခဲ့ရတာပါ

သူမသိခဲ့ပါဘူး 5နှစ်လောက်သဘောကျခဲ့ရတဲ့သူပေါ့

ဒါမဲ့တနေ့ညီမ10တန်းရောက်တော့ သူဘက်ကစပြီးညီမကိုချစ်ရေးဆိုတယ်

ညီမစိတ်ထဲအရမ်းပျော်ခဲ့တယ်

ဘယ်သူမဆိုကိုယ်သဘောကျတဲ့သူက ချစ်ရေးဆိုလာတဲ့အခါ ပျော်ကြတာပဲမဟုတ်လား

ညီမသူ့ကိုအဲ့နေ့ကပဲအဖြေပေးခဲ့တယ် ဟန်ဆောင်မနေတော့ပဲ

ဒါမဲ့သူ့ကို5နှစ်လောက်သဘောကျခဲ့တာကိုတော့သူ့ကိုမပြောပြခဲ့ဘူး

ချစ်မှန်းသိရင်အလေးမထားမှာဆိုးလို့ဆိုပြီး

သူကညီမရဲ့အချစ်ဉီးဆိုတာလဲသူမသိဘူးပေါ့

ညီမတို့တလပြည့်တော့ ညီမအိမ်ကသိသွားခဲ့တယ် သဘောမတူဘူးဖြတ်ဘာညာပေါ့

အဲ့ကောင်ကအရက်သမားဆေးသမားပြောတာပေါ့

ဒါမဲ့ညီမသူ့ကိုတအိမ်လုံးနဲ့ဆန့်ကျင်ပြီးချစ်ခဲ့တယ်

အိမ်ကအမေတောင်မျက်ရည်ကျရတဲ့အထိပေါ့

အဲ့လိုနဲ့နောက်ရက်အနဲငယ်ကြာတော့ သူသင်းဘောတက်ရရော နိုင်ငံခြားသင်းဘောပေါ့

တနှစ်ကြာမယ်ပြောတယ် ညီမတို့အဆက်အသွယ်ပြန်ရခဲ့တယ်

ညီမတို့တဲွဲ ပြီးတနှစ်ပြည့်ဖို့ 7ရက်အလိုလောက်မှာသူကသူ့အချစ်ဉီးဆီကအဖြေရပြီဆိုပြီးညီမကိုဖြတ်ခဲ့တယ်

ညီမဘာမှပြန်မပြောနိုင်လောက်တဲ့အထိဖြစ်ခဲ့ရတယ်

ပထမဆုံးချစ်ခဲ့တဲ့သူကအဲ့လိုလုပ်သွားတော့ အရမ်းလဲခံစားခဲ့ရတယ်အခုထိလဲမေ့မရဘူ

း သူ့ကိုမေ့အောင်ဘယ်လိုလုပ်ရမလဲ

သူ့ကိုအရာအားလုံးစွန့်လွှတ်မှသူနဲ့နီးရမယ်ဆိုရင်တောင် ညီမစွန့်လွှတ်နိုင်တဲ့သူပါ

အခုအရမ်းနာကျင်ရလွန်းတော့ မေ့ချင်နေပြီ ဘယ်လိုလုပ်ရလုပ်မလဲ

















ညီမတို့တွဲ ပြီးတနှစ်ပြည့်ဖို့ 7ရက်အလိုလောက်မှာသူကသူ့အချစ်ဉီးဆီကအဖြေရပြီဆိုပြီးညီမကိုဖြတ်ခဲ့တယ်




