ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၇၅

ညီမ အမေက သူသဘောတူထားတဲ့ မောင်……… ကလွဲပြီး နင်တခြားဘယ်သူ့ကိုမှ ယူခွင့်မရှိဘူးတဲ့

ညီမဘဲမှားနေတာလား မေမေဘဲမှန်နေတာလားဆိုတာ ထင်မြင်ချက်လေးတွေ ပြောပြပေးပါအုံးနော်

ဖြစ်စဉ်ကဒီလိုဘဲ ညီမအခုအသက်က 24ထဲဝင်လာပါပြီ

အမေသဘောတူတဲ့သူနဲ့က ညီမ10တန်းမာ လိုင်းပေါ်ကနေဘဲ၃လတွဲခဲ့ဖူးပါတယ်

အဲ့လိုကြားထဲမာအဲ့တယောက်နဲ့အမေနဲ့ကအဆက်အသွယ်တေဆက်ရပြီး သူတို့ချင်းအဆင်ပြေနေတာပေါ့

အဲ့တစ်ယောက်ကပိုက်ဆံချမ်းသာပါတယ် တစ်ပတ်အတွင်း10သိန်းလောက် သူ့မိဘဆီက လက်ဖြန့်တောင်းလို့ရတဲ့အနေအထားပါ

ညီမကျအိမ်ပိုင်လည်းမရှိပါဘူး အိမ်ငှားဘဝပါ

ဟိုးအရင်တွဲခဲ့တုန်းက သူထားခဲ့ပြီး အခုကျမှညီမကိုအရမ်းတွေလိုချင်အရမ်းချစ်ပြနေပါတယ်

အမေကိုယ်တိုင်ကသူ့သမီးအရင်းနဲ့အဲ့ကောင်နဲ့ယှဉ်ရင် အဲ့ကောင်ဘက်ဘဲပါနေတာ

သူ့သားအရင်းလိုကိုချစ်နေတာ အဲ့တယောက်ကမြဝတီကပါ

ညီမကရန်ကုန်က ပြီးခဲ့တဲ့နှစ်မွေးနေ့မတိုင်ခင်ကသူရန်ကုန်ကိုလာပီး ညီမအိမ်မာဘဲတည်းတယ်

ညီမ‌မွေးနေ့မာလည်း လက်ဆောင်ကိုဖုန်းဝယ်ပေးတယ်

သူချစ်ရေးပြန်ဆိုတယ်ညီမမာ ရည်းစားရှိတယ်ဆိုပီးလိမ်လိုက်ပေမဲ့အမေကိုယ်တိုင် နင့်မာရည်းစားမရှိတာကိုဘာလို့လိမ်လဲဆိုပီးအတင်းပြန်ပြောခိုင်းလို့ အမှန်တိုင်းအဲ့တယောက်ကိုပြန်ပြောလိုက်ရတယ်

အမေ့ကိုညီမကအဲ့တယောက်ကိုမချစ်ဘူးမတွဲချင်ဘူးဆိုတာသေချာပြောတယ်မရဘူး

ငါတို့အခုလိုအဆင်မပြေတဲ့အ‌ေခြနေကိုဒီလိုလူမျိုးကနင့်ကိုအရမ်းလိုချင်နေတာကဘုရားပေးတဲ့ဆုတဲ့ သူ့ကိုနင်ဘယ်လိုမှလက်လွတ်လို့မဖစ်ဘူးတဲ့

ညီမကအမေကိုအရမ်းကြောက်ရပါတယ်

အဲ့ဒါနဲ့သူမပြန်ခင်ရက်မာညီမ‌အဖေဘက်ကအမကမောင်နှမအကုန်ဆုံပီး hotpotသွားစားကြမယ်ဆိုလို့သွားတာကိုလည်း အဲ့တယောက်ကသူရှိနေရက်နဲ့ အမျိုးတေဆီသွားတယ်ဆိုပီးပြသနာရှာတယ်

ဒါတောင်အဖြေမပေးရသေးဘူး hotpot စားတာအလွန်ဆုံး2နာရီပါဘဲ 3နာရီအတွင်းအိမ်ပြန်ရောက်လာတာကို ညီမကိုသူကစိတ်တေတိုပြီး ချက်ချင်းပြန်မယ်ဆိုပြီး သူ့သူငယ်ချင်းအိမ်မာသွားနေတယ်

အမေကသူ့ဆီဖုန်းခေါ်ပြီးချော့ခေါ်လိုက်ပါဆိုပီး ဖိအားပေးလို့ မဆက်ချင်ဆက်ချင်နဲ့ခေါ်လိုက်ရတယ်

ခေါ်တော့လည်းစကားများရတယ် နင့်ကနင့်အမျိုးကိုထိရင်ဘာဖစ်တယ်ညာဖစ်တယ်နဲ့

နင်ကစောက်မျိုးချစ်ဘဲ နင့် sout မျိူးနဲ့သာသွားနေလိုက်ဆိုပြီးပြောတယ်

ညီမ အဲ့လိုတေအပြောခံရတာကိုအမေကသိပေမဲ့လည်း သူစိတ်တိုနေတုန်းပြောတာပါ

နင်ဘဲစိတ်လျော့လိုက်ပါတဲ့ အဲ့နေ့ညကျ သူမဟုတ်သလိုနဲ့တောင်းပန်ပြီးအိမ်ပေါ်ပြန်ရောက်လာတယ်

သူပြန်ခါနီးအဖြေအတင်းတောင်းတယ် အဖြေပေးလိုက်ရတယ် အမေကြောင့်..

ညီမလည်းသူ့ကိုလုံးဝမချစ်တဲ့အတွက် ညီမဘဝအတွက်ညီမချစ်ရတဲ့သူကိုညီမရှာတယ်

အခုညီမမာ ညီမချစ်ရတဲ့ချစ်သူရှိပါတယ် ချစ်သူကညီမမာ အိမ်ကသဘောတူထားတဲ့သူရှိကြောင်းပြောပြထားလို့သူအကုန်သိတယ် သူနားလည်ပေးမယ်တဲ့

အချိန်တခုရောက်လို့ မေမေ့ကိုသေချာပြောပြီး မေမေကသဘောမတူရင် ခိုးပြေးကြမယ်လို့ချစ်သူနဲ့လောဆယ်တိုင်ပင်ထားပါတယ်

ဘေးအမြင်နဲ့ညီမကိုကြည့်မယ်ဆိုရင် ညီမကရည်းစား2‌ေယာက်ပြိုင်တွဲနေတယ်ပေါ့

ဒါပေမဲ့ဟိုတယောက်ကိုဘယ်လိုမှငြင်းမရဘူး ငြင်းမယ်လုပ်ရင် အမေက အိမ်ပေါ်ကဘဲဆင်းတော့မလို သီလရှင်ဘဲသွားဝတ်တော့မလိုလုပ်လုပ်နေလို့ မလွှဲသာလို့သာ အဖြေပေးလိုက်ရတာပါ

အမေသဘောတူတဲ့သူက ညီမကိုချစ်ရှာပါတယ်

ဒါမဲ့နားလည်မှုလုံးဝမရှိဘူး မနေ့ကအဖေ့ဘက်ကအဘိုးကိုသွားကန်တော့ရင်း မောင်နှမတေဆုံလို့ မုန့်စားပီးအေးဆေးတွေ့တာကိုလည်း ညီမအိမ်ကထွက်ကတည်း ညီမသွားမဲ့အကြောင်းအဲ့ကောင်ကို သတော်ဦးတင်ပါတယ်

မောင်နှမတေနဲ့မုန့်စားတော့လည်း ဖုန်းဆက်ပြောထားပါတယ်

အဲ့ဒါကိုညကျ သူက တနေကုန်လွမ်းနေလိုက်ရတာ သူ့ကိုဖုန်းခနခနမဆက်လို့ဆိုပီး ပြသနာရှာတယ်

သူကလည်းပြသနာရှာတယ် သူကဘဲငိုတယ် အဲ့ sout မျိုးနဲ့ဘဲဖစ်နေတာဆိုပြီးပြသနာရှာတယ်

ညီမဒီဒုက္ခကလွတ်အောင်ဘယ်လိုလုပ်ရမလဲမသိဘူး ‌ချစ်သူကိုလည်းအားနာတယ် အမေ့ကိုလည်းမနိုင်ဘူး

ဟိုတလောကအိမ်ကသဘောတူတဲ့ကောင်နဲ့စကားများပြီး ပြတ်မလိုဖစ်တုန်းကလေ အမေကခြေရင်းလေးမာ ထိုင်ငိုပြနေတယ်

ငါ့သားလေးကို လက်ဆောင်တောင် မပေးရသေးဘူးဆိုပီး ပြီးတော့အမေကပြောသေးတယ်

ငါကငါ့စကားကိုနားမထောင်တဲ့နင်လိုသမီးကိုသာစွန့်ရင်စွန့်ပစ်မယ်

ငါ့သားလေးကို‌ေတာ့ရအောင်လိုက်ဆက်သွယ်မာတဲ့ ဒါဖြစ်သင့်လား

ညီမလေ အမေသဘောတူထားတဲ့သူကိုအရမ်းမုန်းတယ် အသံလည်းမကြားချင်လောက်အောင်ဘဲ

အမေ့ကြောင့်သီးခံနေရတာ မောင်နှမတေနဲ့အချိန်အရမ်းကုန်သွားရင်လည်း sout မျိုးချစ် ဆိုပီးအပြောခံရတယ်

အမေကလည်းသူ့သမီးအဲ့လူကိုမချစ်တာ အဲ့လူကြောင့်စိတ်ညစ်နေတာတေသိလည်း အမေကအမြဲတမ်းအဲ့လူဘက်ကဘဲ…

ညီမကဘဲ မှားနေတာလား

အမေ့လုပ်ရပ်တေဘဲ မှန်နေတာလား အကြံပေးကြပါဘူးရှင်















ငါတို့အခုလိုအဆင်မပြေတဲ့အ‌ခြေနေကိုဒီလိုလူမျိုးကနင့်ကိုအရမ်းလိုချင်နေတာကဘုရားပေးတဲ့ဆုတဲ့ သူ့ကိုနင်ဘယ်လိုမှလက်လွတ်လို့မဖစ်ဘူးတဲ့






နင်ကစောက်မျိုးချစ်ဘဲ နင့် sout မျိုးနဲ့သာသွားနေလိုက်ဆိုပြီးပြောတယ်







ဘေးအမြင်နဲ့ညီမကိုကြည့်မယ်ဆိုရင် ညီမကရည်းစား2‌ယောက်ပြိုင်တွဲနေတယ်ပေါ့











ငါ့သားလေးကို‌တော့ရအောင်လိုက်ဆက်သွယ်မာတဲ့ ဒါဖြစ်သင့်လား




ညီမကဘဲ မှားနေတာလား
