ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၇၆

ညီမ တခုလောက် ရင်ဖွင့်ချင်လို့ပါရှင် ညီမမှာ သူငယ်ချင်းတွေအများကြီးရှိပေမယ့်

တကယ်ပေါင်းတဲ့သူ တစ်ယောက်ထဲရှိတာပါ

ခင်လာတာလဲ ၃နှစ်ကျော် ၄နှစ် ရှိပါပြီ

တစ်ယောက်စိတ်ညစ်ရင် တစ်ယောက်ရင်ဖွင့်နေကြပါ

တကယ့် ညီအမတွေလို ပေါင်းတာပါ အမြဲတမ်း တွေ့နေ မြင်နေရတဲ့အထိ တပူးပူး တတွဲတွဲပါ

ဒီနှစ်ပိုင်းထဲ ၂ယောက်တူတူ စီးပွားရေးလုပ်မယ်ဆိုပြီး တိုင်ပင်ပြီး

အိမ်တွေကနေ အရင်းအနှီးထုတ်ပြီး လုပ်ပါတယ်

စီးပွားရေးကို သူ့အိမ်မှာပဲ လုပ်ပါတယ် ညီမကတော့ ရှယ်ယာသဘော မျိုးဖြစ်သွားတာပါ

ဒါမယ့် ဒီလိုလုပ်ကြမယ်ဆိုပြီး ညီမပဲ စပြောပြီး လိုအပ်တဲ့ဟာတွေကိုပါ

ညီမ မိဘ မိတ်ဆွေတွေနဲ့ချိတ်ဆက်လုပ်တာပါ တူတူလုပ်တာ ‌လပိုင်းလောက်ပဲရှိပါသေးတယ်

သူ့အိမ်မှာလုပ်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့် လိုအပ်တာ ဘာညာ သူပြောမှညီမ သိရမှာပါ

တနိုင်တပိုင်လုပ်တာဆိုတော့ အချိန်တိုင်း ဒီအလုပ်မလုပ်ကြပါဘူး

ကိုယ့်အိမ်က ကိုယ့်အလုပ်ကိုလဲ လုပ်ကြပါတယ်

စလုပ်ကတည်းက သူတစ်ယောက်ထဲလုပ်သလိုမျိုး ပုံစံဖမ်းပါတယ်

page မှာ စာပြန်လဲ တဦးထဲပြောသလိုမျိုးပြောပါတယ် ဒါတွေညီမနားလည်ပါတယ်

နောက်ပိုင်းကြတော့ ညီမက လူပိုကြီးလိုမျိုး ဖြစ်လာပါတယ် သူလုပ်ချင်တာတွေလုပ်ပါတယ်

မတိုင်ပင်ပါဘူး ညီမ‌ မေးမှ အင်း ဟုတ်တယ် လုပ်လိုက်တယ် အဲ့လောက်ပဲဖြေပါတယ်

အရေးတကြီးပေးစရာရှိလာမှ အလုပ်သမားလို ဟိုဟာခိုင်း ဒီဟာခိုင်း ခိုင်းပါတယ်

အဲ့ရှေ့မှာ ငါတို့ ဘာပြီးရင် ဘာလုပ်ကြမယ်ဆိုတဲ့ plan မျိုးမချထားပါဘူး

သူက ရုတ်တရက်ထလုပ်ရင် ညီမ မအားတဲ့ကြားကကို ‌အားအောင် အမြဲ အဆင်သင့်ပြင်ထားပါတယ် လုပ်ထားပါတယ်

တခါတလေ အိမ်ကအလုပ်ကြောင့် သူခနစောင့်ရတာမျိုးပဲ ရှိပါတယ်

အဲ့ခါကြရင် နင်က ဘာမှမပြင်ထားဘူး စိတ်ပျက်တဲ့ပုံစံမျိုးတွေပြောပါတယ်

ညီမ မိဘက သူ့ကို ချစ်ပါတယ် သူလာရင် စကားစမြည်အမြဲမေးတယ် ပြောတယ် လုပ်ပါတယ်

အရင်က ရွှန်းရွှန်းဝေနေတဲ့သူက အခုနောက်ပိုင်း ညီမ မိဘ ကိုတောင် အဖက်သိပ်မလုပ်တော့ပါဘူး

ဒီကိစ္စတွေက လွန်ခဲ့တဲ့ ၁လ ‌ဝန်းကျင် က ကိစ္စတွေပါ

လွန်ခဲ့တဲ့ ၂ပတ်လောက်က သူတစ်ယောက်ထဲ ဒီအလုပ်ကိုလုပ်တော့မယ်လို့ပြောလာပါတယ်

ညီမက ဒီလိုဖြစ်လာမယ်ဆိုတာကို တွေးထားပေမယ့် ဒီလောက်မြန်မယ်မထင်ထားပါဘူး

စလုပ်လာတာ ၅လ တောင်မရှိသေးပါဘူး

ညီမ အတွေးနဲ့လက်တွေ့အကောင်အထည် တစ်ယောက်ထဲလုပ်လို့ရပေမယ့်

သူငယ်ချင်းနဲ့တူတူလုပ်မယ်ဆိုတဲ့အတွေးက ညီမ အတွက် မှားသွားလားဟင်

ညီမ က ဘာမှမလုပ်တတ်တဲ့လူပိုကြီး ဖြစ်နေသလိုပဲလို့ ကွကိုယ်ခံစားနေရလို့ပါ

ညီမ တခုေလာက္ ရင္ဖြင့္ခ်င္လို႔ပါရွင္ ညီမမွာ သူငယ္ခ်င္းေတြအမ်ားႀကီးရွိေပမယ့္

တကယ္ေပါင္းတဲ့သူ တစ္ေယာက္ထဲရွိတာပါ

ခင္လာတာလဲ ၃ႏွစ္ေက်ာ္ ၄ႏွစ္ ရွိပါၿပီ

တစ္ေယာက္စိတ္ညစ္ရင္ တစ္ေယာက္ရင္ဖြင့္ေနၾကပါ

တကယ့္ ညီအမေတြလို ေပါင္းတာပါ အၿမဲတမ္း ေတြ႕ေန ျမင္ေနရတဲ့အထိ တပူးပူး တတြဲတြဲပါ

ဒီႏွစ္ပိုင္းထဲ ၂ေယာက္တူတူ စီးပြားေရးလုပ္မယ္ဆိုၿပီး တိုင္ပင္ၿပီး

အိမ္ေတြကေန အရင္းအႏွီးထုတ္ၿပီး လုပ္ပါတယ္

စီးပြားေရးကို သူ႔အိမ္မွာပဲ လုပ္ပါတယ္ ညီမကေတာ့ ရွယ္ယာသေဘာ မ်ိဳးျဖစ္သြားတာပါ

ဒါမယ့္ ဒီလိုလုပ္ၾကမယ္ဆိုၿပီး ညီမပဲ စေျပာၿပီး လိုအပ္တဲ့ဟာေတြကိုပါ

ညီမ မိဘ မိတ္ေဆြေတြနဲ႔ခ်ိတ္ဆက္လုပ္တာပါ တူတူလုပ္တာ ‌လပိုင္းေလာက္ပဲရွိပါေသးတယ္

သူ႔အိမ္မွာလုပ္တဲ့အလုပ္ျဖစ္တဲ့အတြက္ေၾကာင့္ လိုအပ္တာ ဘာညာ သူေျပာမွညီမ သိရမွာပါ

တႏိုင္တပိုင္လုပ္တာဆိုေတာ့ အခ်ိန္တိုင္း ဒီအလုပ္မလုပ္ၾကပါဘူး

ကိုယ့္အိမ္က ကိုယ့္အလုပ္ကိုလဲ လုပ္ၾကပါတယ္

စလုပ္ကတည္းက သူတစ္ေယာက္ထဲလုပ္သလိုမ်ိဳး ပုံစံဖမ္းပါတယ္

page မွာ စာျပန္လဲ တဦးထဲေျပာသလိုမ်ိဳးေျပာပါတယ္ ဒါေတြညီမနားလည္ပါတယ္

ေနာက္ပိုင္းၾကေတာ့ ညီမက လူပိုႀကီးလိုမ်ိဳး ျဖစ္လာပါတယ္ သူလုပ္ခ်င္တာေတြလုပ္ပါတယ္

မတိုင္ပင္ပါဘူး ညီမ‌ ေမးမွ အင္း ဟုတ္တယ္ လုပ္လိုက္တယ္ အဲ့ေလာက္ပဲေျဖပါတယ္

အေရးတႀကီးေပးစရာရွိလာမွ အလုပ္သမားလို ဟိုဟာခိုင္း ဒီဟာခိုင္း ခိုင္းပါတယ္

အဲ့ေရွ႕မွာ ငါတို႔ ဘာၿပီးရင္ ဘာလုပ္ၾကမယ္ဆိုတဲ့ plan မ်ိဳးမခ်ထားပါဘူး

သူက ႐ုတ္တရက္ထလုပ္ရင္ ညီမ မအားတဲ့ၾကားကကို ‌အားေအာင္ အၿမဲ အဆင္သင့္ျပင္ထားပါတယ္ လုပ္ထားပါတယ္

တခါတေလ အိမ္ကအလုပ္ေၾကာင့္ သူခနေစာင့္ရတာမ်ိဳးပဲ ရွိပါတယ္

အဲ့ခါၾကရင္ နင္က ဘာမွမျပင္ထားဘူး စိတ္ပ်က္တဲ့ပုံစံမ်ိဳးေတြေျပာပါတယ္

ညီမ မိဘက သူ႔ကို ခ်စ္ပါတယ္ သူလာရင္ စကားစျမည္အၿမဲေမးတယ္ ေျပာတယ္ လုပ္ပါတယ္

အရင္က ႐ႊန္း႐ႊန္းေဝေနတဲ့သူက အခုေနာက္ပိုင္း ညီမ မိဘ ကိုေတာင္ အဖက္သိပ္မလုပ္ေတာ့ပါဘူး

ဒီကိစၥေတြက လြန္ခဲ့တဲ့ ၁လ ‌ဝန္းက်င္ က ကိစၥေတြပါ

လြန္ခဲ့တဲ့ ၂ပတ္ေလာက္က သူတစ္ေယာက္ထဲ ဒီအလုပ္ကိုလုပ္ေတာ့မယ္လို႔ေျပာလာပါတယ္

ညီမက ဒီလိုျဖစ္လာမယ္ဆိုတာကို ေတြးထားေပမယ့္ ဒီေလာက္ျမန္မယ္မထင္ထားပါဘူး

စလုပ္လာတာ ၅လ ေတာင္မရွိေသးပါဘူး

ညီမ အေတြးနဲ႔လက္ေတြ႕အေကာင္အထည္ တစ္ေယာက္ထဲလုပ္လို႔ရေပမယ့္

သူငယ္ခ်င္းနဲ႔တူတူလုပ္မယ္ဆိုတဲ့အေတြးက ညီမ အတြက္ မွားသြားလားဟင္

ညီမ က ဘာမွမလုပ္တတ္တဲ့လူပိုႀကီး ျဖစ္ေနသလိုပဲလို႔ ကြကိုယ္ခံစားေနရလို႔ပါ