ဒီGpထဲ သူငယ်ချင်း တို့ ကို ရင်လာ ဖွင့် တာ
ညီမ ဘာဆက်လုပ်ရမှလည်းမသိတော့ဘူး
ညီမ အိမ်ထောင် ကြပြီး ၃နှစ်လောက်နေတော့ ကလေးယူပါတယ်
အဆင်ပြေ လိုက် မပြေလိုက်နဲ့ပေါ့
ဒါနဲ့ ကလေး ၁နှစ်ခွဲ ညီမ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တယ်
ယောက်ခမ နဲ့ ယောကျာ်း က သဘောတူ ခဲ့ပါတယ် ကလေးလည်း သူတို့ ထိန်း ခဲ့ပါ တယ်
ညီမ နိုင်ငံခြားရောက်တော့ ကလေးအတွက် သူတို့ အတွက် အကုန်ပို့ ခဲ့ပါတယ်
ဒါနဲ့ ဘဲ ညီမ ၂ နှစ်ပြည်တော့ ပြန်လာတယ် အိမ်ဆောက် တယ် ခြံတွေ ဝယ်ခဲ့ ပါတယ်
ပြသနာက လာပီ သူက သောက်စားတက်ပါတယ်
တစ်ခါ တစ်လေ ရန်ဖြစ် ကြတယ် အရင်က ရန်ဖြစ်ရင် သူလက်မပါဘူး အခုနောက်ပိုင်း လက်ပါ တယ်
ညီမ က အော် သူမူးနေလို့ ပါလို့ သည်းခံ ခဲ့တယ် ကလေးကလည်း ရှိနေတော့
အခုတစ်ခါ က သူညီမ လည်ပင်းကို ညှစ် ပါတယ် သတိမမေ့ယုံပါ
တိုတို ပြောရရင် နောက်နေ့ ညီမ အမေတို့ ဆီကို ပြန်ခဲ့ ပါတယ် ကလေးပါ ခေါ်ခဲ့တယ်
နောက် ၂ပတ်လောက်နေတော့ သူညီမကို ပြန်လာခေါ်ပါတယ်
ညီမ က သူနဲ့ ပြန်မလိုက်နိုင်တော့ဘူး အမေတို့ အိမ်မှာ ဘဲ အတူတူ နေဖို့ ပြောပါတယ်
ယောကျာ်း က အမေတို့ အိမ်မှာ မနေနိုင်ဘူးဆိုပီး ကလေးကို အရခေါ်သွားပါတယ်
ကလေးပြန်လိုချင်ရင် တရားရုံး တတ်တဲ့ သူကပြန်မပေးနိုင်ဘူးတဲ့
အဲတာ ကူညီ ပီး ပြောပြကြပါ အုံး
ညီမ ဘာဆက်လုပ်ရမှလည်း
မှတ်ချက် ညီမက မင်္ဂလာ ဆောင်ပီးကတဲ့က ယောကျာ်း နဲ့ဘဲ လိုက်နေပါ
အမေရွာနဲ့ ယောကျာ်း တို့ရွာက အဝေးကြီး ပါ
ညီမ က သူမျက်နှာ ကြည့်ပီးနေရပါတယ် ရန်ဖြစ် လက်ပါ ရင် ညီမ မှ ပြေးစရာ မရှိပါဘူး ဆွေမျိုး က မရှိဘူးလေ
မင်မင် ရေ စာထဲမှာ တော့ မပါလိုရ်ဘူး ပါးရိုက် တယ် လည်ပင်း ညှစ်တယ်
ညီမ စာရေးတာ အမှား ပါရင် ပြင်ပေးပါနော်
ညီမ အမျိုးသား က ကရင်ပြည်နယ် သံတောင်ကြီး ကပါ
ညီမ အမေတို့က နေပြည်တော် ပျဉ်းမနား ဘက်ကပါ
စာထဲမှာ တော့ အပြည့်အစု အထဲဘူးနော် သူတို့သိမှာဆိုးလို
မင်မင်ရေ ကျွန်မဘာလုပ်ရမှာလည်းမသိတော့ဘူး
ဖုန်းခေါ် ရင် ကလေးက မေမေရေလို့ ခေါ်သံက မျက်ရည် ကျရတယ်
ကလေးကို သနားတယ် ယောကျာ်း နဲ့တော့ အတူတူ ပြန်မနေချင်ဘူး
ပြန်ပေါင်း ပီးဒီလိုထပ်ဖြစ်ရင် ညီမ tay လိမ့်မယ်
ညီမ ကို အကြံ ညဏ်လေးပေးကြပါအုံး
ညီမ ဘာဆက်လုပ်ရမှလည်း