ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၇၉

ညီမကောင်လေးနဲ့ ညီမနဲ့က တွဲတာသိပ်မကြာသေးပါဘူး

၃ လကျော်လောက်ပဲရှိပါသေးတယ်

သူနဲ့ညီမနဲ့က စမတွဲဖြစ်ခင်တုန်းက ပိုင်ရှင်အသီးသီးရှိပါတယ်

ညီမက သူနဲ့တွဲမယ်လို့ဆုံးဖြတ်လိုက်တော့ အဝေးကကောင်လေးကိုဖြတ်ခဲ့ပါတယ်

သူလည်း သူ့ကောင်မလေးနဲ့ကပြတ်ပြီလို့ပြောတော့ ညီမတို့တွဲဖြစ်ခဲ့ကြပါတယ်

ညီမနဲ့တွဲနေတဲ့အချိန်အတွင်း သူက သူ့အရင်ကောင်မလေးနဲ့ဖုန်းအဆက်အသွယ်တွေလုပ်ခဲ့ပါတယ်

ညီမကမေးတော့ သူ့အမလို့ပြောပါတယ်

နောက်ပိုင်းညီမ အက်ကိစ္စတွေသိတော့ သူနဲ့ပြဿနာတက်ခဲ့ပါတယ်

အက်တုန်းက သူပြောခဲ့တာ နောက်နောင်ဘယ်တော့မှ အဲ့အမျိုးသမီးနဲ့မပတ်သတ်ပါဘူးလို့ပြောပါတယ်

ဟိုရက်က အက်အမျိုးသမီးကို ညီမက စကားသွားပြောတော့ အက်အမက ၃ယောက်စုံရှင်းပါတယ်

အက်ချိန်မှာ ညီမကောင်လေးက သူနဲ့ဟိုအမနဲ့ကတွဲနေတာပါလို့ပြောပါတယ်

ပြီးတော့ သူတို့ရိုက်ထားတဲ့ပုံပို့ပါတယ် သူ့ကောင်မလေးကိုထပ်မနှောက်ယှက်ဖို့ပြောပါတယ်

ညီမသူ့ဆီဖုန်းဆက်ပြီး ဖြစ်ကြောင်းကိုမေးပြီးငိုမိတော့ သူကညီမကိုတစ်ကယ်ချစ်ခဲ့တဲ့ကြောင်းပြောပါတယ်

၃ယောက်ပြန်ရှင်းပြီး ညီမကိုရွေးမယ်လို့ပြောခဲ့ပါတယ်

ပြီးရင် ဟိုတစ်ယောက်နဲ့လုံးဝမပတ်သတ်တော့ပါဘူးလို့လည်းထပ်ပြောပါတယ်

ညီမလည်းသူ့ကိုယုံပြီး အခုထိဆက်ချစ်နေခဲ့ပါတယ်

မနေ့ညက သူက အကုန်ဝန်ခံခဲ့တယ် အရင်တုန်းက သူဟိုအမဆီကို သူလိုအပ်နေတိုင်းပြန်သွားခဲ့တယ်ဆိုတာရယ်

သူတို့အမှတ်တရတွေမေ့မရလို့ပြန်ဆက်ခဲ့တယ်ဆိုတာရယ်

ပြီးတော့ သူလုံးဝပြတ်သားလိုက်ပြီလို့တော့ပြောပါတယ် အခုထိတော့ သုံးယောက်စုံပြီး မရှင်းပေးသေးပါဘူး

အက်တာကြောင့် ညီမ သူ့ကိုဆက်ယုံသင့်လား

လက်လွှတ်ရမလားဆိုတာ ကူစဉ်းစားပေးပါအုံးရှင့်

ညီမလည်း သူ့စိတ်နဲ့မရူးယုံတမယ်ဖြစ်နေပါပြီ





















