ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၈၀

ကျမကောင်လေးနဲ့ကျမrsသက်တမ်း5လ

ဒါပေမဲ့ သူကျမကို လိုက်တာ 3 နှစ်ပါ

အာ့ချိန်တုန်းက သူငယ်သေးလို့ဆိုပီး ကျမငြင်းခဲ့ပါတယ်

အချိန်ကြာလာတော့ သူကလဲကျမကိူလိုက်တာ 3 နှစ်ပြည့်ပီ အဖြေပေးပါတော့နော်ဆိုလို့ ကျမပြန်ပေးခဲ့တယ်

ချစ်လို့ရော သံယောဇဉ်ရှိတာကြောင့်ရော ပါပါတယ်

သူ့မိဘတွေ သူ့အသိုင်းဝိုင်းတေကသဘောတူပါတယ်

သူ့အမတယောက်ပဲ ကျမတို့ကို သဘောမတူဘူး

နင်ရှေ့ဆက်မတိုးနဲ့ဆိုပီး ပြောလာလို့ ကျမသူ့ကို သူ့အမပြောတာတွေပြောပြလိုက်ပါတယ်

သူကသူ့အမကိုမေးတော့ သူ့အမကလဲ သူ့ကိုနင်သူနဲ့ပတ်သက်နေရင် ငါ့ကိုအမလို့မသတ်မှတ်နဲ့

နင်လဲ ငါ့မောင်လို့မသတ်မှတ်ဖူးဆိုပီး ပြောတော့သူကအေးဟုတ်တယ်

ငါမပြတ်နိုင်ဘူး သူ့ကိုခုကစပီး ငါနင့်မောင်မဟုတ်ဖူးဆိုပီး သူ့အမကိုပြောလိုက်ပါတယ်

ခုချိန်ထိသူ့အသိုင်းဝိုင်းက လူတေ ကျမကို မထိရဲပါဘူး

သူကကျမအတွက်ဆို တမျိုးလုံးနဲ့တယောက်ဆိုတဲ့သူပါ

တခုတော့ရှိတယ် သူကဂိမ်းအရမ်းဆော့တယ်

ml ဘောလုံးဂိမ်း အထူးသဖြင့်ကတော့ဘောလုံးဂိမ်းပါ ကျမကိုတော့ပြစ်မထားပါဘူး

ဒါပေမဲ့ သူဆော့တာလဲအရမ်းလွန်ပါတယ်

သူဂိမ်းဆော့တာကို တားမရပါဘူး ကျမဘာဆက်လုပ်ရမလဲ

သူ့ကိုအလွန်အကျွံဂိမ်းမဆော့စေချင်ဘူး

ကျမလေ ဂိမ်းနဲ့ငါဘသူ့ကိုရွေးမှာလဲလို့မေးလိုက်ရမလား မစဉ်းစားတက်တော့ဘူး

သူကအရမ်းလွန်ပါတယ် ဂိမ်းဆော့တဲ့နေရာမှာ

ကျမကဂျပန်သွားမှာ သူက မလေးသွားမှာ

ခုတည်းကဂိမ်းကြောင့်ပြသနာခနခနဖြစ်ရရင် ဝေးတဲ့အချိန်ဆိုပိုဆိုးနိုင်လားရှင့်ပြောပြပေးပါ

ဒါမှမဟုတ် ဂိမ်းနဲ့ကျမဘသူ့ကိုရွေးမလဲလို့ မေးလိုက်ရမလားရှင့် စာရှည်သွားရင်တောင်းပန်ပါတယ်ရှင့်




အချိန်ကြာလာတော့ သူကလဲကျမကိုလိုက်တာ 3 နှစ်ပြည့်ပီ အဖြေပေးပါတော့နော်ဆိုလို့ ကျမပြန်ပေးခဲ့တယ်


















