အချစ်ရေးကြောင့်ကိုယ့်ကိုကိုယ် suicide တာနဲ့ပတ်သတ်ပြီးညီမအတွေ့အကြုံလေးနဲ့ညီမသိသလောက်ပြောပြချင်ပါတယ်
ဒီအကြောင်းတွေကိုညီမပြန်လဲမတွေးချင်သလို ဘယ်သူ့ကိုမှလဲပြန်မပြောချင်ပါဘူး
တခါတလေကိုယ့်ကိုကိုယ်လဲအပြစ်တင်ချင်မိပါတယ်
ညီမအကိုတစ်ယောက်နဲ့accidenceတစ်ခုဖြစ်ပြီးစသိခဲ့တယ်
အများကြီးမထိခိုက်ခဲ့တော့ ဒီတိုင်းပဲအဆင်ပြေသွားခဲ့ပါတယ်
ရက်နည်းနည်းကြာတော့facebookမှာလာ add တော့ညီမလဲလက်ခံမိလိုက်တယ်
Instagramမှာပါfollowလာလုပ်တယ်
အဲ့လိုနဲ့စကားတွေပြောဖြစ်ကြတော့ အဲ့အကိုကစကားပြောအရမ်းကောင်းတော့ ညီမလဲသူ့နဲ့စကားပြောရတာပျော်သလိုဖြစ်လာတယ်
ဒါမဲ့ညီမကသူ့မှာရည်းစားရှိရင် ညီမစကားဆက်မပြောဖို့ရှောင်ဖို့
သူစကားစပြောကတည်းက အကို့မှာကောင်မလေးရှိလားမေးခဲ့ပါတယ်
သူကအဲ့တာမေးတိုင်းစသလိုလိုဘာလိုလိုနဲ့ စကားကိုဝိုက်ပြီးဖြေတာပေါ့
ကောင်မလေးရှိရင်ညီမနဲ့ပြောနေမလားအဲ့လိုမျိုးတွေဖြေတာပေါ့
ညီမလဲသူ့accထဲဝင်ကြည့်တော့ဟိုးအရင်ကpostတွေပါအကုန်ရှာကြည့်ခဲ့တာ မန့်တွေမှာညီမထင်တဲ့ကောင်မလေးတစ်ယောက်တွေ့လို့မေးကြည့်တော့ အဲ့အကိုကမဟုတ်ပါဘူးတဲ့
အဲ့တာတွေကကြာပါပြီ ခုမဟုတ်တော့ဘူးပေါ့ အဲ့တော့ညီမကလဲသူပြောသလိုဖြစ်မှာပဲလို့တွေးခဲ့လိုက်မိတယ်
အဲ့လိုနဲ့စကားတွေဆက်ပြောရင်း အဲ့အကိုကမုန့်သွားစားဖို့ပြောတယ်
အဲ့တာနဲ့တွေ့ဖြစ်ကြတယ်ပေါ့ ညီမလဲတကယ်သူများရည်းစားနဲ့ပတ်သတ်နေသလိုမျိုး အပြောခံရမှာတွေမလိုချင်ဘူးလေ
တွေ့တော့အဲ့အကိုကိုထပ်မေးကြည့်သေးတယ် အကို့မှာရည်းစားရှိနေရင်မကောင်းဘူးနော်ဆိုပြီးပြောခဲ့သေးတယ်
ဘယ်လိုပဲဖြစ်ဖြစ်သဝန်တိုမှာပဲလေ အဲ့တော့လဲသူကအဲ့လိုမျိုးမဟုတ်ပါဘူးဆိုပြီးလိမ်ပြောခဲ့တယ်
အဲ့လိုနဲ့ ညီမနဲ့လဲအသက်၉နှစ်လောက်ကွာတယ်
အဲ့အကိုကစကားပြောလဲကောင်းတော့သာယာမိသလိုဖြစ်သွားတာနေမှာ
(အသက်အရွယ်ကြောင့်လဲဖြစ်မှာပါစကားပြောကောင်းတာက)
အဲ့တာပြီးတော့လဲခဏခဏတွေ့ဖြစ်ကြတာပေါ့
(ညီမလဲအခွင့်ရေးယူခံလိုက်ရတာပေါ့)
အဲ့တာနဲ့သိပ်မကြာပါဘူး သူ့ကောင်မလေးဆိုပြီးညီမကိုလာပြောတယ် ညီမလဲအံသြသွားပြီး
ဘာပြောရမှန်းမသိတော့ အဲ့အကိုဆီဖုန်းဆက်ပြီး အကို့ကောင်မလေးလို့ပြောတယ်
ညီမတို့ဘယ်လိုပတ်သတ်လဲလို့သူမေးနေတယ် ဘာပြန်ပြောရမှာလဲလို့ ပြောတော့
အဲ့အကိုက ဘာပြောချင်လို့လဲတဲ့ မုန့်သွားစားယုံပဲလေ ဘာပြောချင်လို့လဲတဲ့ ဪ ညီမတကယ်အံ့သြသွားခဲ့တယ်
ပြီးတော့တွဲခဲ့တာကလဲ၇နှစ်၈နှစ်တောင်တဲ့
အဲ့အသက်အရွယ်နဲ့အရှက်မရှိလိုက်ပုံများ ညီမတကယ်ဒေါသထွက်ပြီးအကုန်ပြောလိုက်မလို့တွေးမိပေမဲ့
သူတို့ပြတ်သွားလဲညီမအတွက်အကျိုးမရှိပါဘူး ညီမလဲအဲ့လိုလူကိုမလိုချင်ပါဘူး တကယ်လဲရွံမိသွားတယ်
အဲ့တာနဲ့ညီမသူ့ကောင်မလေးကိုမုန့်သွားစားယုံပါ ဘာမှမဖြစ်ခဲ့ပါဘူးအစ်မဆိုပြီးပြောခဲ့တာပါ
အဲ့တာတောင်အဲ့အမျိုးသမီးကဘာပြန်ပြောလဲဆိုတော့ ကျားဆိုတာတော့ဥပုဒ်စောင့်တဲ့ကြားမရှိဘူးညီမလေးတဲ့
အဲ့တာဆိုအစ်မကောင်လေးကသူများသမီးတွေကိုဖွန်ကြောင်ပြီး
ဖျက်ဆီးနေတာကိုသူကသိရဲ့သားနဲ့အချိန်တန်ရင်သူရမှာပဲဆိုတဲ့
စိတ်နဲ့မသိသလိုနေပေးနေတာလားလို့မေးချင်ပေမဲ့ ညီမလေတကယ်အဲ့လိုမျိုးလဲမကြုံဖူးတော့ရှက်လို့ဘာမှမပြောခဲ့ဘူး
(တစ်ချို့ယောကျာ်းတွေကနှစ်တွေအကြာကြီးတွဲနေတဲ့ကောင်မလေးရှိပေမဲ့
ကွယ်ရာမှာအဲ့လိုတွေလုပ်နေတာအဲ့လိုဘာနေနေသူ့ကောင်မှန်တယ်ဆိုတဲ့မိန်းမတွေကြောင့်လဲပါတယ်)
အဲ့တာနဲ့ညီမအဲ့အကိုကိုဖုန်းဆက်ပြီးအကို့ကိုညီမအကြိမ်ပေါင်းများစွာမေးခဲ့တာတောင် ဘာလို့အခုလိုလုပ်ရတာလဲလိုညီမပြောတော့
သူအလုပ်မှာစိတ်ပင်ပန်းလို့တဲ့ (စိတ်ပင်ပန်းနေရင်KTV မှာကောင်မလေးခေါ်လေ)
တကယ်ကိုရွံစရာကောင်းလိုက်တဲ့ယောကျာ်း
ညီမဆီမှာအဲ့အကိုနဲ့ပတ်သတ်တုန်းကscreenshotတွေ
recordingတွေအကုန်ရှိတယ်ညီမစိတ်တိုလို့သူ့ကောင်မလေးကိုသွားပို့မလို့လုပ်ပေမဲ့ ညီမမလုပ်ခဲ့ပါဘူး
သူတို့ကတော့ပြန်တွဲနေပြီးယူသွားပြီလားတောင်ထင်ပါတယ်
ညီမသူ့ကောင်မလေးကိုအဲ့ကိစ္စတွေကိုအမှန်တိုင်းမပြောခဲ့တာ
ကလည်းသူ့ကောင်မလေးကသူ့ရည်းစားဘာပြောပြောယုံမှာလေ
အဲ့လိုဖြစ်သွားတာတောင်သူ့ကောင်လေးကအပြစ်မရှိသလို
သူလက်ခံနေတာပဲလေ သူသာရှက်တတ်မယ်ဆိုရင်သူ့ဘေးမှာရှိနေတဲ့ယောကျာ်းက
သူများသမီးကိုဖျက်ဆီးပြီးအရှက်မရှိမရွံမရှာသူလက်ခံထားတာပဲ
ဒါတောင်သူတို့ယူပြီးတာဆိုရင်သားသမီးယူလို့သမီးမွေးခဲ့ရင်
သူ့လိုယောကျာ်းမျိုးနဲ့မကြုံရဖို့ပဲထိန်းသိမ်းတတ်ပါစေလို့(ဝဠ်ဆိုတာနောက်ဘဝမကူးတော့ဘူးလေ)
အဲ့တာကတော့ညီမဘဝမှာကြုံခဲ့ရတဲ့traumaတစ်ခုပါ
**စာရေးဆရာကိုစာဆိုရဲ့ Live မှာလေသူပြောခဲ့တဲ့စကားတစ်ခုရှိတယ် မိန်းမတွေရဲ့စိတ်က
နားလည်ရခက်တယ်တဲ့ တကယ်ကယောကျာ်းတွေရဲ့စိတ်ကမှနားလည်ရခက်တာတဲ့
ယောကျာ်းတစ်ယောက်ကသူချစ်တဲ့မိန်းမရှိတယ် ဒါမဲ့သူတခြားမိန်းကလေးတစ်ယောက်နဲ့တွဲတယ် အိပ်တယ်
အဲ့ကောင်မလေးဘာစားချင်လဲဘာလုပ်ချင်လဲအကုန်ပေးတယ်
ဘေးနားမှာရှိတဲ့အချိန်ဂရုစိုက်ပေးတယ်ဘာမဆိုလုပ်ပေးလိုက်တယ်
အဲ့တာချစ်လို့မဟုတ်ဘူးတဲ့အဲ့တာကိုယောကျာ်းတိုင်းလုပ်နိူင်တယ်တဲ့
အဲ့တော့ကောင်မလေးတွေအဲ့အပေါ်မှာမသာယာမိစေနဲ့တဲ့**
တကယ်ကိုမှန်တဲ့စကားပါ ကောင်မလေးတို့ရယ်☺️
ညီမလေအဲ့စကားကိုကြားပြီးစဥ်းစားမိတယ် ငါဘာမှမဖြစ်ခင်ဒါကိုသိလိုက်ရင်ဆိုပြီးလေ….
ညီမအခုဒီစာရေးဖို့ကိုလည်းစဥ်းစားတာ၁လလောက်ရှိပါပြီ
ခုရက်ပိုင်းမှာအချစ်ရေးနဲ့ပတ်သတ်ပြီး စိတ်အခြေအနေတွေ့အဆင်ပြေကြတာများတော့ညီမကြုံခဲ့ရတဲ့
အဖြစ်အပျက်လေးနဲ့တခြားအမျိုးသမီးတွေလည်းမကြုံရအောင်ပါ
ကြုံခဲ့ရင်လဲကိုယ့်ကိုကိုယ်မထိစေပဲ အကောင်းဆုံးပြင်ဆင်နိူင်ဖို့ပါ
ညီမအသက်က၂၁ပါ အဲ့လိုကိစ္စမျိုးညီမငယ်ငယ်ရွယ်ရွယ်နဲ့ကြုံခဲ့ရတာပါ
ညီမမှာမိသားစုပြဿနာတွေဆိုတာလဲအများကြီးပါ
ဒါမဲ့ညီမကိုယ့်ကိုကိုယ်ထိခိုက်အောင်ဘာတစ်ခုမှမလုပ်ခဲ့ပါဘူး
လူတိုင်းမှာမတူညီတဲ့ပြဿနာဆိုတာရှိကြစမြဲပါ
ကိုယ့်ဘဝရဲ့အခက်အခဲတွေအတွက် ဘယ်သူ့မှာမှတာဝန်မရှိပါဘူး
ဘယ်သူမှမကူညီလို့လည်း အပြစ်တင်ခွင့်မရှိပါဘူး
အဆိုးတွေဘယ်လောက်ကြုံကြုံ ကိုယ့်စိတ်ကိုယ်အရှုံးပေးပြီး
ထိခိုက်အောင်မလုပ်မိကြပါစေနဲ့ အရာအားလုံးအဆင်ပြေသွားမှာပါ……
အဲ့တာချစ်လို့မဟုတ်ဘူးတဲ့အဲ့တာကိုယောကျာ်းတိုင်းလုပ်နိုင်တယ်တဲ့
ကြုံခဲ့ရင်လဲကိုယ့်ကိုကိုယ်မထိစေပဲ အကောင်းဆုံးပြင်ဆင်နိုင်ဖို့ပါ