ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၈၃

ကျွန်မ အခုအလုပ်လုပ်နေတဲ့ အလုပ်မှာလေ အထက်လူကြီးရှိတယ်ပေါ့နော်

အလုပ်မှာက အမျိုးသမီးတေွပဲရှိပါတယ်

အဲ့အလုပ်မှာ ကိုယ်ကတာဝန်ကျေအောင်လုပ်နေပေမယ့် နေရာမရပါဘူး

အော်ငေါက်ခံရသက်သက်ပါပဲ

ပြောရမယ်ဆို ကိုယ်က သူများထက်အောင်အလုပ်ပိုလုပ်ပေးတာပါ

သူများမလုပ်နိုင်တဲ့ စာရင်းတေွကအစ နေ့ညမနား အထက်လူကြီးခိုင်းရင်လုပ်ပေးခဲ့တာပါ

ဒါပေမယ့်လေ ညီမတို့အလုပ်ခွင်မှာ အာဏာပိုင်အဖွဲ့အစည်းရှိပါတယ်

အဲ့က စစ်ဗိုလ်က အဲ့ေဒသမှာအကြီးဆုံးပေါ့

အဲ့စစ်ဗိုလ်နဲ့တိတ်တိတ်ပုန်းညားနေတဲ့ မယားငယ်က ဘာအလုပ်မှလည်း ပင်ပင်ပန်းပန်းမလုပ်ရသလို

လူကြီးကလည်း ဖူးဖူးမှုတ်ထားပါတယ်

ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သူ့လည်းကြောက်နေရပါတယ်

အခြားလုပ်ဖော်ကိုင်ဖက်တေွကလည်း သူနဲ့ပေါင်းပြီး အုပ်စုဖွဲ့အတင်းတေွတုပ် တဟီးဟီးတဟားဟားနဲ့ပါ

သူနဲ့ပေါင်းရင် ဂုဏ်ရှိသလိုကြီးကို လုပ်နေကြတာပါ

ကျွန်မလေ ကိုယ့်ထမင်းကိုယ်စား ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သူ့ကိုမဖားနိုင်ဘူးရှင် မွန်းကြပ်လွန်းလို့ပါ

သူကလည်း သူ့ကိုအဲ့လိုခပ်တင်းတင်းနေတော့ ကျွန်မကို တစ်မျိူးပြီးတစ်မျိုး လူကြီးနဲ့ချွန်နေလို့ပါ


အလုပ်မှာက အမျိုးသမီးတွေပဲရှိပါတယ်




သူများမလုပ်နိုင်တဲ့ စာရင်းတွေကအစ နေ့ညမနား အထက်လူကြီးခိုင်းရင်လုပ်ပေးခဲ့တာပါ


အဲ့က စစ်ဗိုလ်က အဲ့ဒေသမှာအကြီးဆုံးပေါ့




အခြားလုပ်ဖော်ကိုင်ဖက်တွေကလည်း သူနဲ့ပေါင်းပြီး အုပ်စုဖွဲ့အတင်းတွေတုပ် တဟီးဟီးတဟားဟားနဲ့ပါ



သူကလည်း သူ့ကိုအဲ့လိုခပ်တင်းတင်းနေတော့ ကျွန်မကို တစ်မျိုးပြီးတစ်မျိုး လူကြီးနဲ့ချွန်နေလို့ပါ