ညီမ အသက်က ၂၅ ပါ ၃နှစ်အရွယ်သမီးလေး ရှိပါတယ် ယောကျာ်းရကံဆိုးတယ်ပြောရမလားပဲ
ရခါစကတော့ဘေးလူတွေ အားကျရတဲ့ထိပါပဲ
ကလေးမွေးပြီးမကြာဘူး အခြားမိန်းမတွေနဲ့ phout pyan တယ်
အတိတကျတစ်ယောက်ထဲနဲ့မဟုတ်ဘူး မိန်းခလေးအပျိုလေးတွေနဲ့ပါ
အဲမိန်းခလေးကလည် မိန်းမနဲ့ကလေးရှိတာသိသိရဲ့နဲ့ ဆက်ရှေ့တိုးကြတယ် လေ
ဒါမဲ့ ခွင့်လွှတ်ပေးခဲ့တယ် အခြားမိန်းမနဲ့ Sxနေခဲ့တဲ့အကြောင်းတွေ ညီမရှေ့မှာ အမြဲ ပြောလိမ့်ရှိတယ်
ဒါမဲ့ ညီမ ရန်လည်မတွေ့ခဲ့သလို သူကိုလည်မမုန်းခဲ့ဘူး
အခြားမိန်းခလေးတွေဖုန်းဆက်လည်း ကောင်းမွန်းမွန်းပြန်ပြောပေးခဲ့တယ်
(ညီမက သူမှာ မိန်းမနဲ့ကလေးရှိတယ်ဆိုတာ သိလားလို့ပဲ ပြောလိုက်တယ်သိတယ်တဲ့လေ အော်သိရင်ညီမတို့သဘောပါ
ညီမကအပျိုလေးတစ်ယောက်ပဲ စဥ်းစားတတ်ပါစေလို့)
သူကလေ ညီမဝတ်မို့ အဝတ်တစ်ထည်တောင်ဝယ်မပေးဖူးဘူး
အခြားမိန်းမတွေကျတော့ လက်ဆောင်တွေဝယ်ပေးတယ်
ညတိုင်လိုလိုပဲ ညီမ အရိုတ်ခံရတယ် ညီမက အရိုတ်ခံရလည်ဝမ်းနည်းယုံကလွှဲ ပြီး မျက်ရည်လည်မကျခဲ့သလို
သူလည်ရန်ပြန်မပြုခဲ့ဘူး ညီကဗိုက်ခွဲထားလို့လေ
သူညီမကို အဲလိုတွေရိုက်တာ ညီမကလေး၃လအရွယ်လောက်ထဲကပေါ့
ညီမ အသားရည်တွေ အရမ်းနာတာပဲ အညိုမဲစွဲလို့ပဲ သူအိမ်ရော ကိုယ့်အိမ်ကိုပါမပြောပြရဲခဲ့ဘူး
ဒီလိုတွေဖြစ်နေတာ တစ်နေ့ ရန်ကုန်မှာနေရတာအဆင်မပြေဘူးတဲ့
ညီမကို သူမိဘတွေရှိတဲ့နယ်ကိုပြန်ပို့တယ်လေ ကလေးရောညီမရောပေါ့
ညီမ ဝမ်းသာတာပေါ့ ညီမ အရိုက်မခံရတော့ဘူးလေ
ဒါမဲ့ သူက အကြိုက်ဖောက်ပြန်တယ် အခြားမိန်းမတွေနဲ့ ညီမတို့သားမိသုံးမို့ပိုက်ဆံလည်မပေးခဲ့ပါဘူး
ညီမကလည် မတောင်းဘူး အလိုက်တသိပေးတာပဲလိုချင်တာ
ညီမက မပူဆာတဲ့တတ်မိန်းခလေးပါ လိုချင်တာရှိရင်တောင် ရင်ထဲပဲသိမ်းထားတယ်
သူနဲ့ စစရထဲကပါ ဟင်းကောင်းကောင်းမချက်တတ်ပါဘူး
စားလို့ရအောင်တော့ ချက်ပေးပါတယ် ဒါမဲ့ သူက အမြဲ အပြစ်မြင်ပါတယ်
ယူခါစကတော့သူကချက်ကျွေး တယ်မကြာခနပါပဲ ညီမလည် မိန်းမတို့တာဝန်ကျေအောင် လုပ်ပေးပါတယ်
လက်ရာမကောင်းတာတော့ညီမလည်ကြိုးစားခဲ့ပေးပါတယ်
သူကမကြိုက်ဘူးလေကိုယ့်လက်ရာ ဒီမလေ အများကြီးသီးခံခဲ့တယ်
အခြားလူက သူမကောင်းကြောင်းလာပြောရင်တောင် ကိုယ့်က ကာကွယ်ပေးပါတယ်
လိမ်ညာပြီး သူမိဘအိမ်မှာနေလည်း တာဝန်ကျေအောင်နေပါတယ်
သူကတော့ တပတ်နေလို့ ဖုန်းတစ်ခါတောင်မဆက်ခဲ့ဘူး
ကိုယ့်ဆက်ရင်လည် မအားသေးဘူး နင်လိုစောက်လုပ်မရှိ အားယားနေတာမဟုတ်ပါဘူးတဲ့
တကယ်တော့ ယောခမအိမ်မှာနေရတာ ကိုယ်မိဘအိမ်လိုမဟုတ်ပါဘူး အားယားမနေဘူးလေ
ဒါမဲ့အကောင်းအပြောမခံရဘူး ယောခမတို့ကတော့ မြေးရော ညီမကိုပါအရမ်းချစ်ကြပါတယ်
ဒါမဲ့သူသားမကောင်းကြောင်းမပြောခဲ့ဘူး သူတို့ကနှလုံးရောဂါသည်တွေမို့ပါ
ကိုယ်ကြောင့် တစ်ခုခုဖြစ်မှာမလိုလာဘူး တစ်နေ့ သမီးလေး ၁နှစ်ပြည့်တော့မယ်
သူကိုဖုန်းဆက်ပြောပါတယ် သမီးလေးမွေးနေ့ လုပ်ပေးရအောင် အနီးနားက ကလေးလေးတွေကိုခေါ်ပြီးပေါ့
သူကပြောတယ်စောက်ပိုတွေမလုပ်နဲ့တဲ့ ဖုန်းချသွားတယ်
ညီမ ထက်ဆက်တယ် ကိုယ့်သမီးလေးအတွက်တောင်နင်မလုပ်ပေးချင်ဘူးလား
ငါနင်ကို ဘာပူဆာဖူးလို့လည် ဒါလေးပဲတောင်းဆိုတာပါလို့ သူနဲ့ဖုန်းထဲကနေစကားတွေများခဲ့တယ်
သူကပြောတယ်အေးဆေးမနေချင်ရင် အခုအိမ်ပေါ်ကဆင်းသွားတဲ့
သူမို့ပြောရက်လိုက်တာ သူအားကိုးပြီ လိုက်လာတာပါ ကိုယ့်ကတစ်နယ်တစ်ကြေးက သူနယ်မှာသိတဲ့သူကလည်း သူမိသားစုကလွဲဲပီး ကျန်တဲ့လူမသိဘူး
အခုဆင်းတဲ့ အိမ်ပေါ်က ညီမလည်အေးဆေးပဲ ပြန်ပြောခဲ့တယ် ကောင်းပြီးလေ လို့ဆင်းပေးမယ်လို့
သူကနင်ဆင်းသွားရင်ငါထက်ပြောမယ်နင်နဲ့ငါ ဇာတ်လမ်းပြီးပြီတဲ့
ညီမလည်စိတ်တိုနေတော့ ဟုတ်ပြီပြောပြီး ဆင်းခဲ့တယ် အိမ်ကိုငွေတောင်းပြီး မိဘအိမ်ကိုဆင်းသွားခဲ့တယ်
ဒါမဲ့ သူအဆက်သွယ်လည်လာမလုပ်သလို လိုက်လည်မခေါ်ပါဘူး
ဒီလိုနဲ့ မေ့ထားလိုက်ပါတော့တယ် ညီမလည်း တစ်နေ့ ညီမ သူအကောင့်ကိုရှပြီ ဝင်ကြည့်မိတယ်
သူမှာ တရားဝင်တွဲနေတဲ့မိန်းခလေးရှိနေပြီးဆိုတာပုံတွေတင်ထားတယ်လေ စိတ်ထဲမကောင်းသလို အရမ်းဝမ်းနည်းတယ်
ကိုယ့်အတွက်ဝမ်းနည်းတာမဟုတ်ပါဘူး သမီးလေးအတွက်ပါ
ဒီလိုနဲ့ ညီမ ကလေးကိုနို့ဖျတ်ပြီး နိုင်ငံခြားထွက်သွားခဲ့တယ် သမီးလေးရှေ့ရေးရှိသေးတယ်လေ
အခုဒီရောက်တော့အဆက်သွယ်ပြန်ရတယ် သူကိုတရားဝင်ကွာရှင်းပေးပါတဲ့
သမီးလေးကိုလည်နင်ကိုပေး ပါတယ်တဲ့ သူမိန်းမယူတော့မယ်တဲ့ အရင်ကသူလွန်တာလည်သိပါတယ်တဲ့
အခုသူအသိနောက်ကျနေပြီးတဲ့ သူကိုကွာရှင်းပေးပါတဲ့ ညီမလည်ပြောခဲ့ပါတယ် အင်းပါ ကွားရှင်းပေးမယ် ခနတော့စောင့်ပေး ငါအခုနိုင်ငံခြားရောက်နေတယ်ပြန်လာရင်ကွာပေးမယ်ပြောလိုက်တယ်
သူက အခုယူချင်နေကြောင်းလည်ပြောပါတယ် ညီမ ဘယ်လိုလုပ်ပေးရမလည်း
သူဆီက ကလေးစားရိမ်လည်မတောင်းထားပါဘူး သူငွေမလိုချင်ဘူးလေ
သူကပြောသေးပါတယ်သူအခုယူမဲ့မိန်းခလေးက လိမ်မာတယ်တဲ့
ညီမကရိုင်းစိုင်ခဲ့တယ်ပေါ့နော်
စိတ်မကောင်းပါဘူး ဒါမဲ့ အခုတော့ လက်လွှတ်လိုက်တာ သားမိနှစ်ယောက်ပိုအေးချမ်းတယ်လို့ခံစားရတယ်
သမီးအတွက်တော့စိတ်မကောင်းရဘူးပေါ့
သူမို့ပြောရက်လိုက်တာ သူအားကိုးပြီ လိုက်လာတာပါ ကိုယ့်ကတစ်နယ်တစ်ကြေးက သူနယ်မှာသိတဲ့သူကလည်း သူမိသားစုကလွဲပီး ကျန်တဲ့လူမသိဘူး