ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၈၆

ညီမတစ်ခုလောက် အကူအညီတောင်းချင်လို့ပါ

မေလလောက်တုန်းက ညီမအဖေရဲ့ Viber မှာ ဖုန်းနံပတ်တစ်ခုနဲ့ စာ၀င်လာပါတယ်

ဘာစာမှန်း အခု မမှတ်မိတော့မဲ့ မရိုးသားမှန်းတော့ ညီမစိတ်က သိနေပါတယ်

အဲ့ချိန်မှာညီမ စာမေးပွဲတစ်ခုကို ဖြေဖို့ပြင်ဆင်နေတဲ့အချိန်မို့

အဲ့ဖုန်းနံပတ်ကို ညီမမှတ်လိုက်ပြီး နောက်မှ စုံစမ်းမယ်ဆိုပြီး ထားလိုက်ပါတယ်

ဒါမဲ့ စာမေးပွဲပြီးသွားတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်

ပြသနာက ရှေ့တစ်ရက်လောက်က အဖေ့ဖုန်းလာလို့ ညီမကိုင်လိုက်ပါတယ်

နားကြားမှားတာလားမသိပေမဲ့ ယောင်္ကျားဆိုပြီး ခေါ်လိုက်တဲ့အသံ ကြားလိုက်ပါတယ်

ညီမက ဟယ်လို ဘယ်သူလဲ မေးတော့ ဖုန်းချသွားပါတယ်

အဲ့ဖုန်းနံပတ်ကို ပြန်ကြည့်လိုက်တော့ Viber က ဖုန်းနံပတ်နဲ့ သွားတူနေပါတယ်

call history ကိုကြည့်လိုက်တော့ မေလကတည်းက ခေါ်ထားတာတွေ တွေ့ပါတယ်

ပြောတာကလဲ 4မိနစ် 5မိနစ်လောက်တွေပါပဲ

ဒါမဲ့ ဖုန်းဆက်တဲ့အချိန်တွေက နေ့ခင်းပိုင်းများပါတယ်

ပြောရရင် အဖေအိမ်မှာမရှိတဲ့အချိန်တွေပါ နောက်နေ့မနက်ရောက်တော့ ညီမဖုန်းနဲ့ အဲ့ဖုန်းကို ဆက်ကြည့်တော့ မိန်းမတစ်ယောက်အသံပါ

ညီမက မ ဘယ်သူဘယ်သူလားမေးတော့ မဟုတ်ဘူး

ဖုန်းမှားနေတယ်ဆိုပြီး ဖုန်းကို ခပ်မြန်မြန်ချသွားပါတယ်

သမီးတစ်ယောက်အနေနဲ့ အဖေကို သံသယ၀င်သင့်ရဲ့လား မသိပေမဲ့

ညီမ အခု အရမ်း ငိုချင်နေပြီး ဘာလုပ်ရမှန်း မသိတော့ပါဘူး

အဖေနဲ့ ညီမက အရမ်းချစ်ကြတဲ့သားအဖတွေပါ

အဖေက မိသားစုအပေါ်မှာလဲ တာ၀န်အပြည့်ကျေပါတယ်

ပတ်၀န်းကျင်ကရော ခင်ပွန်းကောင်း ဖခင်ကောင်းအဖြစ် သတ်မှတ်ထားတာပါ

အာ့တာကြောင့် ညီမအဖေကို ညီမသံသယ၀င်သင့်ရဲ့လား သေချာမသိတော့ပါဘူး

ဒါမဲ့ ညီမက ချက်ဆို နားခွက်က မီးတောက်တဲ့အထဲမှာ ပါတာမို့ စိတ်ထဲ ဘယ်လိုမှ အဆင်မပြေနေပါဘူး

အခု အဖေ့ဖုန်းနဲ့ ခေါ်ကြည့်မလို့ လုပ်ထားပေမဲ့ ညီမထင်သလိုသာ တကယ်ဟုတ်နေမှာလဲ ကြောက်ပါတယ် သမီးတစ်ယောက်အနေနဲ့ ညီမဘာဆက်လုပ်ရမလဲ အကူအညီ‌အကြံဉာဏ်လေး ပေးကြပါလားရှင်

ညီမတစ္ခုေလာက္ အကူအညီေတာင္းခ်င္လို႔ပါ

ေမလေလာက္တုန္းက ညီမအေဖရဲ႕ Viber မွာ ဖုန္းနံပတ္တစ္ခုနဲ႔ စာ၀င္လာပါတယ္

ဘာစာမွန္း အခု မမွတ္မိေတာ့မဲ့ မ႐ိုးသားမွန္းေတာ့ ညီမစိတ္က သိေနပါတယ္

အဲ့ခ်ိန္မွာညီမ စာေမးပြဲတစ္ခုကို ေျဖဖို႔ျပင္ဆင္ေနတဲ့အခ်ိန္မို႔

အဲ့ဖုန္းနံပတ္ကို ညီမမွတ္လိုက္ၿပီး ေနာက္မွ စုံစမ္းမယ္ဆိုၿပီး ထားလိုက္ပါတယ္

ဒါမဲ့ စာေမးပြဲၿပီးသြားေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားပါတယ္

ျပသနာက ေရွ႕တစ္ရက္ေလာက္က အေဖ့ဖုန္းလာလို႔ ညီမကိုင္လိုက္ပါတယ္

နားၾကားမွားတာလားမသိေပမဲ့ ေယာက်ၤားဆိုၿပီး ေခၚလိုက္တဲ့အသံ ၾကားလိုက္ပါတယ္

ညီမက ဟယ္လို ဘယ္သူလဲ ေမးေတာ့ ဖုန္းခ်သြားပါတယ္

အဲ့ဖုန္းနံပတ္ကို ျပန္ၾကည့္လိုက္ေတာ့ Viber က ဖုန္းနံပတ္နဲ႔ သြားတူေနပါတယ္

call history ကိုၾကည့္လိုက္ေတာ့ ေမလကတည္းက ေခၚထားတာေတြ ေတြ႕ပါတယ္

ေျပာတာကလဲ 4မိနစ္ 5မိနစ္ေလာက္ေတြပါပဲ

ဒါမဲ့ ဖုန္းဆက္တဲ့အခ်ိန္ေတြက ေန႔ခင္းပိုင္းမ်ားပါတယ္

ေျပာရရင္ အေဖအိမ္မွာမရွိတဲ့အခ်ိန္ေတြပါ ေနာက္ေန႔မနက္ေရာက္ေတာ့ ညီမဖုန္းနဲ႔ အဲ့ဖုန္းကို ဆက္ၾကည့္ေတာ့ မိန္းမတစ္ေယာက္အသံပါ

ညီမက မ ဘယ္သူဘယ္သူလားေမးေတာ့ မဟုတ္ဘူး

ဖုန္းမွားေနတယ္ဆိုၿပီး ဖုန္းကို ခပ္ျမန္ျမန္ခ်သြားပါတယ္

သမီးတစ္ေယာက္အေနနဲ႔ အေဖကို သံသယ၀င္သင့္ရဲ႕လား မသိေပမဲ့

ညီမ အခု အရမ္း ငိုခ်င္ေနၿပီး ဘာလုပ္ရမွန္း မသိေတာ့ပါဘူး

အေဖနဲ႔ ညီမက အရမ္းခ်စ္ၾကတဲ့သားအဖေတြပါ

အေဖက မိသားစုအေပၚမွာလဲ တာ၀န္အျပည့္ေက်ပါတယ္

ပတ္၀န္းက်င္ကေရာ ခင္ပြန္းေကာင္း ဖခင္ေကာင္းအျဖစ္ သတ္မွတ္ထားတာပါ

အာ့တာေၾကာင့္ ညီမအေဖကို ညီမသံသယ၀င္သင့္ရဲ႕လား ေသခ်ာမသိေတာ့ပါဘူး

ဒါမဲ့ ညီမက ခ်က္ဆို နားခြက္က မီးေတာက္တဲ့အထဲမွာ ပါတာမို႔ စိတ္ထဲ ဘယ္လိုမွ အဆင္မေျပေနပါဘူး

အခု အေဖ့ဖုန္းနဲ႔ ေခၚၾကည့္မလို႔ လုပ္ထားေပမဲ့ ညီမထင္သလိုသာ တကယ္ဟုတ္ေနမွာလဲ ေၾကာက္ပါတယ္ သမီးတစ္ေယာက္အေနနဲ႔ ညီမဘာဆက္လုပ္ရမလဲ အကူအညီ‌အႀကံဉာဏ္ေလး ေပးၾကပါလားရွင္