ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၈၈

2018နိုဝင်ဘာ၂၉ရက်နေ့မှာရန်ကုန်ကနေမန်းလေးကိုခရီးထွက်လာခဲ့တယ် ရထားပေါ်မှာ အသားညိုညို အရပ်အမောင်း၅ပေ၈လောက် သွားတက်လေးလည်းပါတယ်

မျက်မှန်လေးတပ်ထားပီး ဆံပင်မကောက်တကောက်အကိုတစ်ယောက်နဲ့ ညနေ၃လောက်ကနေ မနက်၅လောက်အထိ ရထားအတူစီးခဲ့ကြတယ်

အဲ့အကိုမှာသူငယ်ချင်းကောင်လေးတစ်ယောက်ပါလာတယ်

ကိုယ့်ခုံကဘယ်ဘက်ခြမ်း သူကညာဘက်အခြမ်း ခုံခြင်းတော့မကပ်ပါဘူး

ဒါပေမဲ့အကြည့်ခြင်းဆုံရင်းကိုယ်ကချာတိတ်အရွယ်ဆိုတော့သူ့ကိုကြိုက်မိနေပီ

အက်တာနဲ့စားလက်စနေကြာစေ့ထုပ်ထဲကပါတဲ့စက္ကူလေးပေါ်မှာကိုယ့်ဖုန်းနံပါတ်လေးကိုရေးပြီးကဗျာလေးတစ်ပုဒ်ကိုအက်စာရွက်လေးပေါ်ကောက်ရေးချလိုက်တယ်

ဒဲ့သွားမပေးရဲတာနဲ့ အိမ်တာနားသွားပြီး လှမ်းပြခဲ့တယ်

သူကမျက်မှန်တပ်ထားတော့သိပ်မမြင်ရရှာဘူးနောက်ဆုံးတော့ ကျွန်မကိုယ်တိုင်ဘဲလေယာဥ်ပုံစံလေးခေါက်ပြီးပစ်ပေးခဲ့လိုက်ရတယ်

နောက်ဆယ်မိနစ်ကြာတော့သူဖုန်းဆက်လာတယ် အိမ်တာနားကိုလာခဲ့ပါလားတဲ့ စကားပြောကြမယ်တဲ့

ကျွန်မရောက်သွားတေယ့သူကမိတ်ဆက်တယ် သူ့နာမည်ကကောင်းခန့်ဇော်တဲ့ မန်းလေးနည်းပညာတက္ကသိုလ်က ECဒုတိယနှစ် ဒါပေမဲ့သူကျောင်းနားထားပြီးရန်ကုန်မှာအလုပ်လာလုပ်တာတဲ့

အခုလောလောဆယ်မြေနီကုန်းဘက်မှာလားမသိဘူးအဆောင်ငှားနေတယ်တဲ့

သိပ်မကြာခင်တာမွေဘက်ကိုပြောင်းတေယ့မှာတဲ့ အခုကရွှေဘိုကိုပြန်မှာတဲ့အလုပ်ကိစ္စဆိုလားမသိဘူး

ကိုယ်လည်းကိုယ့်အကြောင်းတွေမိတ်ဆက်တာပေါ့

မနက်မိုးလင်းမန်းလေးရောက်တော့ လမ်းခဲဲကြရတယ် ညီမကမန်းလေးကိုအမေနဲ့အဖော်လိုက်ခဲ့တာ အဲ့နေ့ညချင်းဘဲတောင်းငူကိုပြန်သွားရတယ်

သူလည်းအဲ့အချိန်အလုပ်ရှုပ်နေတယ်ထင်တယ်ဖုန်းမခေါ်ဘူး ညီမတောင်ငူကနေရန်ကုန်မပြန်သေးဘဲ နေပြည်တော်အမျိုးတွေဆီအလည်ဝင်ခဲ့တဲ့အဲ့ခုနှစ်က နေပြည်တော်မှာ ကုန်စည်ပြပွဲရှိတယ်

ကျွန်မနေပြည်တော်ရောက်တေယ့ သူနဲ့ဖုန်းပြောဖြစ်တယ်

သူနဲ့မန်းလေးကနေခွဲလာတာ၂ရက်မြောက်နေ့ပေါ့ သူကကျွန်မတွက်ရွှေဘိုကနေမာဖလာလည်စည်းအစိမ်းရောင်လေးဝယ်ပေးခဲ့တယ်တဲ့

ကျွန်မအရမ်းပျော်နေခဲ့တာ သူကရန်ကုန်ပြန်ရောက်ပီတဲ့

အဆောင်ပြောင်းဖို့လုပ်နေတာတဲ့ အက်တာနဲ့ဖုန်းချသွားခဲ့တယ်

ကျွန်မကတော့အဲ့ညနေမှာဖုန်းအလုခံရတယ် ဒါနဲ့ဘဲတစ်ညလုံးအဆက်အသွယ်မရခဲ့ဘူး

ရန်ကုန်ပြန်ရောက်တော့၃ရက်နေ့ပေါ့ ရောက်ရောက်ချင်းဘဲ ကီးဘတ်လေးတစ်လုံးဝယ်ပြီးကဒ်ပြန်လျောက်ခဲ့တယ်

သူဖုန်းတွေအများကြီးခေါ်ထားတာတွေ့တေယ့အတိုင်းမသိဘဲ အဲ့နေ့ကျောင်းတောင်မတက်ဘဲ သူချိန်းတဲ့သံရိပ်ငြိမ်ဂမုန့်ပွင့်အပေါ်ထပ်က ရွှေပလ္လင်ထဲမှာချိန်းတွေ့ခဲ့ကြတယ်

ခနနေကြာတေယ့ ရထားပေါ်သူနဲ့အတူပါခဲ့တဲ့အကိုရောက်လာတယ် ပြန်ကြမယ်ပေါ့

ဒါနဲ့ သူလည်းကျွန်မဆီလာတယလည်စည်းမေ့ခဲ့လို့တဲ့မနက်ဖြန်မှယူပါဆိုပီး နောက်နေ့ညနေထပ်ချိန်းတယ်

နောက်နေ့ညနေကျတော့ ညီမမှာဖုန်းမပါဘူးထင်တယ် အင်းယာကန်ဘောင်မှာသူ့ကိုလိုက်ရှာနေခဲ့တာ နဲနဲကြာကြာမှ ရွက်လှေအဖွဲ့ဘက်အခြမ်းက ပန်းခြံလေးထဲတွေ့ခဲ့ကြတယ်

အဲ့နေ့သူလည်စည်းလေးလက်ဆောင်ပေးတယ် စကားတွေပြောကြတယ် သူနောက်လအလုပ်ကိစ္စနဲ့မြစ်ကြီးနားသွားရမယ်လို့လဲပြောတယ်

ကျွန်မကတော့ အကိုရေညီမနောက်နှစ်ဆိုဆယ်တန်းတက်မှာမလို့ စောင့်နေပေးပါလို့ပြောခဲ့တယ်

သူကလည်းစောင့်နေမယ်လို့ပြောတယ် သူသုံးတဲ့ဖုန်းကဒ်ကအဲ့တုန်းက Mytel card ကျွန်မရှေ့မှာဘဲ Facebook account ဖွင့်ပြီးညီမကိုAddပေးတယ်။

၄နာရီထိုးတော့သူကျွန်မကိုကားဂိတ်လိုက်ပို့တယ် ကျွန်မ၃၇ပေါ်တက်တော့လည်း လက်လှမ်းပြတယ်

အိမ်ပြန်ရောက်တော့ဖုန်းဆက်ကြည့်တယ် သူ့ဖုန်းစက်ပိတ်သွားတယ် ခနဘဲဖြစ်မှာပါဆိုပီး နောက်နေ့တွေလည်းခေါ်ကြည့်သေးတယ် လုံးဝခေါ်မရဘူး

Facebook account မှာလည်းစကားတွေသွားပြောနေမိတာသူလုံးဝလိုင်းမတက်ဘူး

အဲ့ရက်ပိုင်းသူ့ကိုသတိရတာတွေ ဆိုးရိမ်တာတွေကြောင့်ညတိုင်းငိုခဲ့ရတယ်

ချာတိတ်လည်းဟုတ်သေးတော့လေ သူလက်လှမ်းပြခဲ့တာကိုပြန်တွေးတိုင်းသတိရမိတယ်။

သူ့ကိုစောင့်ရင်နှစ်တွေသာပြောင်းသွားတယ် သူပေးခဲ့တဲ့လည်စည်းမာဖလာလေးလဲသူအမြဲဆွတ်နေကြရေမွှေးအနံ့လေးပြယ်သွားခဲ့တယ်

လည်စည်းလေးမြင်တိုင်းသူ့ကိုသတိရမိမှာဆိုးလို့ သူများကိုလက်ဆောင်ပေးလိုက်ပါပီ။

အခုထိသူ့ကိုစောင့်နေတုန်းပါ ချစ်တာလားဆိုတာထက် အခုချိန်အရွယ်မှာ သူ့ဆီကအကြောင်းပြချက်ကိုလိုချင်တာပါ သူဘာများဖြစ်သွားလို့ထားခဲ့ရတာလဲ

အဲ့တုန်းကLgbtတွေသိပ်ခေတ်မစားသေးပေမဲ့ သူ့ဖုန်းထဲကသူနဲ့အမြဲပါလာတဲ့ကောင်လေးနဲ့ရိုက်ထားတဲ့ပုံတွေကိုအခုခေတ်အနေအထားနဲ့တိုက်ကြည့်ရင်သူတို့ကြိုက်နေကြတာများလားလဲမသိပါဘူး

အခုဒီစာကိုသူမြင်ရင်အကြောင်းပြန်စေချင်ရုံပါ

သူ့ကိုရှာခဲ့တာလည်းအခုဆို၄နှစ်ကျော်ခဲ့ပြီ သူ့ကိုစောင့်ရင်းရည်းစားတစ်ယောက်ထားခဲ့ပေမဲ့ စိတ်ထဲမှာ မသန့်တာနဲ့ဖြတ်ခဲ့တယ်

သူဘာလို့ထားခဲ့တာလဲဆိုတာကိုဘဲသိချင်ယုံပါ

အကယ်၍သူ့မှာလက်ရှိရည်းစားရှိနေရင်လဲမနှောင့်ယှက်ပါဘူး

ကမ္ဘာမြေပြင်တစ်နေရာမှာသူရှိနေပါစေလို့မျော်လင့်ပါတယ်

သူနဲ့ပုံတူအမျိုးသားတွေတွေ့တိုင်းလဲသူဖြစ်နေမလားဆိုတဲ့စိတ်နဲ့လိုက်ကြည့်မိနေတယ်။

လှည်းတန်းရောက်တိုင်း ကန်ဘောင်ရောက်တိုင်းလဲသူ့ကိုတွေ့မလားဆိုပြီးရှာမိတယ်။

အခုဆိုကိုယ်လဲပြည်ပထွက်လာတာကြာပြီဆိုတော့ ပိုဝေးခဲ့ရပီထင်ပါတယ်

2018ႏိုဝင္ဘာ၂၉ရက္ေန႔မွာရန္ကုန္ကေနမန္းေလးကိုခရီးထြက္လာခဲ့တယ္ ရထားေပၚမွာ အသားညိဳညိဳ အရပ္အေမာင္း၅ေပ၈ေလာက္ သြားတက္ေလးလည္းပါတယ္

မ်က္မွန္ေလးတပ္ထားပီး ဆံပင္မေကာက္တေကာက္အကိုတစ္ေယာက္နဲ႔ ညေန၃ေလာက္ကေန မနက္၅ေလာက္အထိ ရထားအတူစီးခဲ့ၾကတယ္

အဲ့အကိုမွာသူငယ္ခ်င္းေကာင္ေလးတစ္ေယာက္ပါလာတယ္

ကိုယ့္ခုံကဘယ္ဘက္ျခမ္း သူကညာဘက္အျခမ္း ခုံျခင္းေတာ့မကပ္ပါဘူး

ဒါေပမဲ့အၾကည့္ျခင္းဆုံရင္းကိုယ္ကခ်ာတိတ္အ႐ြယ္ဆိုေတာ့သူ႔ကိုႀကိဳက္မိေနပီ

အက္တာနဲ႔စားလက္စေနၾကာေစ့ထုပ္ထဲကပါတဲ့စကၠဴေလးေပၚမွာကိုယ့္ဖုန္းနံပါတ္ေလးကိုေရးၿပီးကဗ်ာေလးတစ္ပုဒ္ကိုအက္စာ႐ြက္ေလးေပၚေကာက္ေရးခ်လိုက္တယ္

ဒဲ့သြားမေပးရဲတာနဲ႔ အိမ္တာနားသြားၿပီး လွမ္းျပခဲ့တယ္

သူကမ်က္မွန္တပ္ထားေတာ့သိပ္မျမင္ရရွာဘူးေနာက္ဆုံးေတာ့ ကြၽန္မကိုယ္တိုင္ဘဲေလယာဥ္ပုံစံေလးေခါက္ၿပီးပစ္ေပးခဲ့လိုက္ရတယ္

ေနာက္ဆယ္မိနစ္ၾကာေတာ့သူဖုန္းဆက္လာတယ္ အိမ္တာနားကိုလာခဲ့ပါလားတဲ့ စကားေျပာၾကမယ္တဲ့

ကြၽန္မေရာက္သြားေတယ့သူကမိတ္ဆက္တယ္ သူ႔နာမည္ကေကာင္းခန္႔ေဇာ္တဲ့ မန္းေလးနည္းပညာတကၠသိုလ္က ECဒုတိယႏွစ္ ဒါေပမဲ့သူေက်ာင္းနားထားၿပီးရန္ကုန္မွာအလုပ္လာလုပ္တာတဲ့

အခုေလာေလာဆယ္ေျမနီကုန္းဘက္မွာလားမသိဘူးအေဆာင္ငွားေနတယ္တဲ့

သိပ္မၾကာခင္တာေမြဘက္ကိုေျပာင္းေတယ့မွာတဲ့ အခုကေ႐ႊဘိုကိုျပန္မွာတဲ့အလုပ္ကိစၥဆိုလားမသိဘူး

ကိုယ္လည္းကိုယ့္အေၾကာင္းေတြမိတ္ဆက္တာေပါ့

မနက္မိုးလင္းမန္းေလးေရာက္ေတာ့ လမ္းခဲဲၾကရတယ္ ညီမကမန္းေလးကိုအေမနဲ႔အေဖာ္လိုက္ခဲ့တာ အဲ့ေန႔ညခ်င္းဘဲေတာင္းငူကိုျပန္သြားရတယ္

သူလည္းအဲ့အခ်ိန္အလုပ္ရႈပ္ေနတယ္ထင္တယ္ဖုန္းမေခၚဘူး ညီမေတာင္ငူကေနရန္ကုန္မျပန္ေသးဘဲ ေနျပည္ေတာ္အမ်ိဳးေတြဆီအလည္ဝင္ခဲ့တဲ့အဲ့ခုႏွစ္က ေနျပည္ေတာ္မွာ ကုန္စည္ျပပြဲရွိတယ္

ကြၽန္မေနျပည္ေတာ္ေရာက္ေတယ့ သူနဲ႔ဖုန္းေျပာျဖစ္တယ္

သူနဲ႔မန္းေလးကေနခြဲလာတာ၂ရက္ေျမာက္ေန႔ေပါ့ သူကကြၽန္မတြက္ေ႐ႊဘိုကေနမာဖလာလည္စည္းအစိမ္းေရာင္ေလးဝယ္ေပးခဲ့တယ္တဲ့

ကြၽန္မအရမ္းေပ်ာ္ေနခဲ့တာ သူကရန္ကုန္ျပန္ေရာက္ပီတဲ့

အေဆာင္ေျပာင္းဖို႔လုပ္ေနတာတဲ့ အက္တာနဲ႔ဖုန္းခ်သြားခဲ့တယ္

ကြၽန္မကေတာ့အဲ့ညေနမွာဖုန္းအလုခံရတယ္ ဒါနဲ႔ဘဲတစ္ညလုံးအဆက္အသြယ္မရခဲ့ဘူး

ရန္ကုန္ျပန္ေရာက္ေတာ့၃ရက္ေန႔ေပါ့ ေရာက္ေရာက္ခ်င္းဘဲ ကီးဘတ္ေလးတစ္လုံးဝယ္ၿပီးကဒ္ျပန္ေလ်ာက္ခဲ့တယ္

သူဖုန္းေတြအမ်ားႀကီးေခၚထားတာေတြ႕ေတယ့အတိုင္းမသိဘဲ အဲ့ေန႔ေက်ာင္းေတာင္မတက္ဘဲ သူခ်ိန္းတဲ့သံရိပ္ၿငိမ္ဂမုန္႔ပြင့္အေပၚထပ္က ေ႐ႊပလႅင္ထဲမွာခ်ိန္းေတြ႕ခဲ့ၾကတယ္

ခနေနၾကာေတယ့ ရထားေပၚသူနဲ႔အတူပါခဲ့တဲ့အကိုေရာက္လာတယ္ ျပန္ၾကမယ္ေပါ့

ဒါနဲ႔ သူလည္းကြၽန္မဆီလာတယလည္စည္းေမ့ခဲ့လို႔တဲ့မနက္ျဖန္မွယူပါဆိုပီး ေနာက္ေန႔ညေနထပ္ခ်ိန္းတယ္

ေနာက္ေန႔ညေနက်ေတာ့ ညီမမွာဖုန္းမပါဘူးထင္တယ္ အင္းယာကန္ေဘာင္မွာသူ႔ကိုလိုက္ရွာေနခဲ့တာ နဲနဲၾကာၾကာမွ ႐ြက္ေလွအဖြဲ႕ဘက္အျခမ္းက ပန္းၿခံေလးထဲေတြ႕ခဲ့ၾကတယ္

အဲ့ေန႔သူလည္စည္းေလးလက္ေဆာင္ေပးတယ္ စကားေတြေျပာၾကတယ္ သူေနာက္လအလုပ္ကိစၥနဲ႔ျမစ္ႀကီးနားသြားရမယ္လို႔လဲေျပာတယ္

ကြၽန္မကေတာ့ အကိုေရညီမေနာက္ႏွစ္ဆိုဆယ္တန္းတက္မွာမလို႔ ေစာင့္ေနေပးပါလို႔ေျပာခဲ့တယ္

သူကလည္းေစာင့္ေနမယ္လို႔ေျပာတယ္ သူသုံးတဲ့ဖုန္းကဒ္ကအဲ့တုန္းက Mytel card ကြၽန္မေရွ႕မွာဘဲ Facebook account ဖြင့္ၿပီးညီမကိုAddေပးတယ္။

၄နာရီထိုးေတာ့သူကြၽန္မကိုကားဂိတ္လိုက္ပို႔တယ္ ကြၽန္မ၃၇ေပၚတက္ေတာ့လည္း လက္လွမ္းျပတယ္

အိမ္ျပန္ေရာက္ေတာ့ဖုန္းဆက္ၾကည့္တယ္ သူ႔ဖုန္းစက္ပိတ္သြားတယ္ ခနဘဲျဖစ္မွာပါဆိုပီး ေနာက္ေန႔ေတြလည္းေခၚၾကည့္ေသးတယ္ လုံးဝေခၚမရဘူး

Facebook account မွာလည္းစကားေတြသြားေျပာေနမိတာသူလုံးဝလိုင္းမတက္ဘူး

အဲ့ရက္ပိုင္းသူ႔ကိုသတိရတာေတြ ဆိုးရိမ္တာေတြေၾကာင့္ညတိုင္းငိုခဲ့ရတယ္

ခ်ာတိတ္လည္းဟုတ္ေသးေတာ့ေလ သူလက္လွမ္းျပခဲ့တာကိုျပန္ေတြးတိုင္းသတိရမိတယ္။

သူ႔ကိုေစာင့္ရင္ႏွစ္ေတြသာေျပာင္းသြားတယ္ သူေပးခဲ့တဲ့လည္စည္းမာဖလာေလးလဲသူအၿမဲဆြတ္ေနၾကေရေမႊးအနံ႔ေလးျပယ္သြားခဲ့တယ္

လည္စည္းေလးျမင္တိုင္းသူ႔ကိုသတိရမိမွာဆိုးလို႔ သူမ်ားကိုလက္ေဆာင္ေပးလိုက္ပါပီ။

အခုထိသူ႔ကိုေစာင့္ေနတုန္းပါ ခ်စ္တာလားဆိုတာထက္ အခုခ်ိန္အ႐ြယ္မွာ သူ႔ဆီကအေၾကာင္းျပခ်က္ကိုလိုခ်င္တာပါ သူဘာမ်ားျဖစ္သြားလို႔ထားခဲ့ရတာလဲ

အဲ့တုန္းကLgbtေတြသိပ္ေခတ္မစားေသးေပမဲ့ သူ႔ဖုန္းထဲကသူနဲ႔အၿမဲပါလာတဲ့ေကာင္ေလးနဲ႔႐ိုက္ထားတဲ့ပုံေတြကိုအခုေခတ္အေနအထားနဲ႔တိုက္ၾကည့္ရင္သူတို႔ႀကိဳက္ေနၾကတာမ်ားလားလဲမသိပါဘူး

အခုဒီစာကိုသူျမင္ရင္အေၾကာင္းျပန္ေစခ်င္႐ုံပါ

သူ႔ကိုရွာခဲ့တာလည္းအခုဆို၄ႏွစ္ေက်ာ္ခဲ့ၿပီ သူ႔ကိုေစာင့္ရင္းရည္းစားတစ္ေယာက္ထားခဲ့ေပမဲ့ စိတ္ထဲမွာ မသန္႔တာနဲ႔ျဖတ္ခဲ့တယ္

သူဘာလို႔ထားခဲ့တာလဲဆိုတာကိုဘဲသိခ်င္ယုံပါ

အကယ္၍သူ႔မွာလက္ရွိရည္းစားရွိေနရင္လဲမေႏွာင့္ယွက္ပါဘူး

ကမာၻေျမျပင္တစ္ေနရာမွာသူရွိေနပါေစလို႔ေမ်ာ္လင့္ပါတယ္

သူနဲ႔ပုံတူအမ်ိဳးသားေတြေတြ႕တိုင္းလဲသူျဖစ္ေနမလားဆိုတဲ့စိတ္နဲ႔လိုက္ၾကည့္မိေနတယ္။

လွည္းတန္းေရာက္တိုင္း ကန္ေဘာင္ေရာက္တိုင္းလဲသူ႔ကိုေတြ႕မလားဆိုၿပီးရွာမိတယ္။

အခုဆိုကိုယ္လဲျပည္ပထြက္လာတာၾကာၿပီဆိုေတာ့ ပိုေဝးခဲ့ရပီထင္ပါတယ္