ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၈၉

ညီမ အမျိုးသားက တဖြည်းဖြည်း ခြောက်လာတယ်။

ဒါတောင်ရည်းစားသက်တမ်း ၃နှစ်မှယူတာ။

သူက ညီမထက်တော့ ငယ်တယ်။

အရင်ကတော့ ကျားကျားယားယားပါပဲ။

အိမ်ထောင်ကျပြီးနှစ်အတော်ကြာမှ သူ့ဖုန်းထဲမှာ ညီမအဝတ်အစားတွေနဲ့ ခိုးရိုက်ထားတဲ့ပုံတွေ တွေ့မှသတိထားမိခဲ့တယ်။

ညီမတို့လင်မယားကလည်း စိတ်တူကိုယ်တူ အမြဲပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးတတ်ကြတဲ့အတွဲမို့ ဒီကိစ္စပါ သေချာပြောဖြစ်ကြတယ်။

အစကတော့ Tik Tok ရိုက်ဖို့ ဟာသပါ၊ ခနပါလို့ပြောတယ်။

ဒါပေမဲ့ အင်္ကျီတွေ ဂါဝန်တွေမှာ သူ့ချွေးနံ့စွဲနေတော့ သူလုပ်နေတာတွေသိတယ်။

နောက်ပိုင်း ညီမဟာတွေမဝတ်တော့ဘဲ သူ့ဟာသူ အပြင်ကဝယ်ဝတ်တယ်။

ပြီးရင် မတွေ့အောင် ဖွက်တယ်။ ညီမ သိတဲ့အခါ သူ့ကို အကြီးအကျယ်ပြဿနာရှာတယ်၊ ဒေါသဖြစ်တယ်။

သူကတော့အမှားလုပ်တဲ့သူမို့ ဘာမှပြန်မပြောရှာဘူး၊ ပြောသမျှလုပ်သမျှ ငြိမ်ခံတယ်။

သူတခုပဲ ပြန်ပြောတယ်။ မိန်းမက အခုမှသိတာ၊ မိန်းမမသိအောင် မောင်အမြဲ လုပ်နေခဲ့ပေမဲ့ မိန်းမအပေါ်အချစ်တွေ၊

ဂရုစိုက်မှုတွေ၊ အိမ်ထောင်တာဝန် ဝတ္တရားတွေ ပျက်ကွက်ခဲ့လို့လားတဲ့၊

သူဒီလိုမျိုးဖြစ်နေတာ မိန်းမတွေ့လို့ စိတ်မကောင်းပေမဲ့ မိန်းမအပေါ်ထားတဲ့စိတ်သဘောထား ဘာမှမပြောင်းလဲပါဘူးတဲ့။

တကယ်လည်းမှန်တယ်။ သူက တလ ၁၀သိန်းကျော်ပုံမှန်ဝင်ငွေရှိတယ်။ တခြားအပိုဝင်ငွေလည်းအရှာကောင်းတယ်။

ညဏ်ကောင်းတယ်၊ တော်တယ်၊ အမျှော်အမြင်ရှိတယ်၊ ညီမအပေါ်အလိုလည်းလိုက်တယ်၊

အိမ်မှုကိစ္စအကုန်လုပ်ပေးသလို အိမ်ထောင်ဦးစီးအနေနဲ့လည်း ဦးဆောင်ဖြေရှင်းနိုင်တယ်။

ညီမအပေါ် မညားခင်ထဲက အခုထိ လက်ဖျားနဲ့တောင် မရိုက်ဖူးဘူး။

ပွင့်၂လင်း၂ ပြောရရင် အိပ်ယာပေါ်မှာလည်း စွမ်းဆောင်မှုအကောင်းဆုံးမှာရှိတယ်။

အပေါင်းအသင်းနဲ့အပြင်ထွက်တာမရှိသလောက်ပဲ၊ အရက် ဆေးလိပ် ကွမ်း လောင်းကစား ဘာမှမလုပ်။ ဘာမှကိုပြောစရာမရှိတာ။

ခြောက်နေတယ်ပြောရအောင်လည်း ယောက်ျားတာဝန်အကုန်ကျေ၊ ယောက်ျားအလုပ်အကုန်လုပ်နိုင်တယ်။

မိန်းမအလုပ်တွေကျပြန်တော့လည်း အကုန်လုပ်နိုင်တယ်။

ကလေးမရသေးလို့ ဒါကြောင့်ကလေးမရတာထင်ပြီး အတူတူ OG ပြ စစ်ဆေးတော့လည်း ဆေးစစ်ချက် အကုန်ကောင်း။

တကယ်ပါညီမဘဝက ငယ်ငယ်ထဲက ခက်ခဲကြမ်းတမ်းခဲ့တယ်။

သူနဲ့ အိမ်ထောင်ကျပြီးမှ ငွေရေးကြေးရေး၊ ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ အကုန်သူနဲ့မှ ပြီးပြည့်စုံနေပေမဲ့

ဒီမိန်းမစိတ်ဝင်နေတဲ့တချက်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးဖြစ်နေတယ်။

ပြတ်လည်း မပြတ်ရက်ဘူး။ ဒီတခုကလွဲပြီး ဘာမှ ပြောစရာမှမရှိတာ။

အခုခေတ် LGBT ကိစ္စတွေကလည်း နည်းနည်းရှုပ်သလို ဆန်းလည်းဆန်းတယ်လေ။

ယောက်ျားချင်းရောစိတ်ပါနေပြီလားဆိုတော့ မဟုတ်။

အဲတော့ သူက Pensexual လား၊ shemale character လား။

ညီမဘယ်လိုရှေ့ဆက်သင့်လဲ။ အခုက အိမ်ထဲမှာ သူပုန်းနေတုန်းပဲရှိသေးတယ်၊ တချိန်ချိန်ပွင့်မလာဘူးလို့လဲ မပြောနိုင်ဘူး။

သူဒီလိုဖြစ်နေတာညီမသိတာ ၃နှစ်လောက်ရှိပြီ။

ဘေးလူသိသွားမှာကျတော့လည်း သူရော ညီမရောတအားရှက်တယ်။

အဲဒါကြောင့် ဘယ်သူ့မှမပြောရဲဘဲ ဒီမှာလာရင်ဖွင့်ရတာပါရှင်

ညီမ အမ်ိဳးသားက တျဖည္းျဖည္း ေျခာက္လာတယ္။

ဒါေတာင္ရည္းစားသက္တမ္း ၃ႏွစ္မွယူတာ။

သူက ညီမထက္ေတာ့ ငယ္တယ္။

အရင္ကေတာ့ က်ားက်ားယားယားပါပဲ။

အိမ္ေထာင္က်ၿပီးႏွစ္အေတာ္ၾကာမွ သူ႔ဖုန္းထဲမွာ ညီမအဝတ္အစားေတြနဲ႔ ခိုး႐ိုက္ထားတဲ့ပုံေတြ ေတြ႕မွသတိထားမိခဲ့တယ္။

ညီမတို႔လင္မယားကလည္း စိတ္တူကိုယ္တူ အၿမဲပြင့္ပြင့္လင္းလင္း ညႇိႏႈိင္းေဆြးေႏြးတတ္ၾကတဲ့အတြဲမို႔ ဒီကိစၥပါ ေသခ်ာေျပာျဖစ္ၾကတယ္။

အစကေတာ့ Tik Tok ႐ိုက္ဖို႔ ဟာသပါ၊ ခနပါလို႔ေျပာတယ္။

ဒါေပမဲ့ အက်ႌေတြ ဂါဝန္ေတြမွာ သူ႔ေခြၽးနံ႔စြဲေနေတာ့ သူလုပ္ေနတာေတြသိတယ္။

ေနာက္ပိုင္း ညီမဟာေတြမဝတ္ေတာ့ဘဲ သူ႔ဟာသူ အျပင္ကဝယ္ဝတ္တယ္။

ၿပီးရင္ မေတြ႕ေအာင္ ဖြက္တယ္။ ညီမ သိတဲ့အခါ သူ႔ကို အႀကီးအက်ယ္ျပႆနာရွာတယ္၊ ေဒါသျဖစ္တယ္။

သူကေတာ့အမွားလုပ္တဲ့သူမို႔ ဘာမွျပန္မေျပာရွာဘူး၊ ေျပာသမွ်လုပ္သမွ် ၿငိမ္ခံတယ္။

သူတခုပဲ ျပန္ေျပာတယ္။ မိန္းမက အခုမွသိတာ၊ မိန္းမမသိေအာင္ ေမာင္အၿမဲ လုပ္ေနခဲ့ေပမဲ့ မိန္းမအေပၚအခ်စ္ေတြ၊

ဂ႐ုစိုက္မႈေတြ၊ အိမ္ေထာင္တာဝန္ ဝတၱရားေတြ ပ်က္ကြက္ခဲ့လို႔လားတဲ့၊

သူဒီလိုမ်ိဳးျဖစ္ေနတာ မိန္းမေတြ႕လို႔ စိတ္မေကာင္းေပမဲ့ မိန္းမအေပၚထားတဲ့စိတ္သေဘာထား ဘာမွမေျပာင္းလဲပါဘူးတဲ့။

တကယ္လည္းမွန္တယ္။ သူက တလ ၁၀သိန္းေက်ာ္ပုံမွန္ဝင္ေငြရွိတယ္။ တျခားအပိုဝင္ေငြလည္းအရွာေကာင္းတယ္။

ညဏ္ေကာင္းတယ္၊ ေတာ္တယ္၊ အေမွ်ာ္အျမင္ရွိတယ္၊ ညီမအေပၚအလိုလည္းလိုက္တယ္၊

အိမ္မႈကိစၥအကုန္လုပ္ေပးသလို အိမ္ေထာင္ဦးစီးအေနနဲ႔လည္း ဦးေဆာင္ေျဖရွင္းႏိုင္တယ္။

ညီမအေပၚ မညားခင္ထဲက အခုထိ လက္ဖ်ားနဲ႔ေတာင္ မ႐ိုက္ဖူးဘူး။

ပြင့္၂လင္း၂ ေျပာရရင္ အိပ္ယာေပၚမွာလည္း စြမ္းေဆာင္မႈအေကာင္းဆုံးမွာရွိတယ္။

အေပါင္းအသင္းနဲ႔အျပင္ထြက္တာမရွိသေလာက္ပဲ၊ အရက္ ေဆးလိပ္ ကြမ္း ေလာင္းကစား ဘာမွမလုပ္။ ဘာမွကိုေျပာစရာမရွိတာ။

ေျခာက္ေနတယ္ေျပာရေအာင္လည္း ေယာက္်ားတာဝန္အကုန္ေက်၊ ေယာက္်ားအလုပ္အကုန္လုပ္ႏိုင္တယ္။

မိန္းမအလုပ္ေတြက်ျပန္ေတာ့လည္း အကုန္လုပ္ႏိုင္တယ္။

ကေလးမရေသးလို႔ ဒါေၾကာင့္ကေလးမရတာထင္ၿပီး အတူတူ OG ျပ စစ္ေဆးေတာ့လည္း ေဆးစစ္ခ်က္ အကုန္ေကာင္း။

တကယ္ပါညီမဘဝက ငယ္ငယ္ထဲက ခက္ခဲၾကမ္းတမ္းခဲ့တယ္။

သူနဲ႔ အိမ္ေထာင္က်ၿပီးမွ ေငြေရးေၾကးေရး၊ ေပ်ာ္႐ႊင္မႈ၊ လြတ္လပ္မႈ၊ အကုန္သူနဲ႔မွ ၿပီးျပည့္စုံေနေပမဲ့

ဒီမိန္းမစိတ္ဝင္ေနတဲ့တခ်က္ကို ဘယ္လိုမွ လက္မခံႏိုင္ဘူးျဖစ္ေနတယ္။

ျပတ္လည္း မျပတ္ရက္ဘူး။ ဒီတခုကလြဲၿပီး ဘာမွ ေျပာစရာမွမရွိတာ။

အခုေခတ္ LGBT ကိစၥေတြကလည္း နည္းနည္းရႈပ္သလို ဆန္းလည္းဆန္းတယ္ေလ။

ေယာက္်ားခ်င္းေရာစိတ္ပါေနၿပီလားဆိုေတာ့ မဟုတ္။

အဲေတာ့ သူက Pensexual လား၊ shemale character လား။

ညီမဘယ္လိုေရွ႕ဆက္သင့္လဲ။ အခုက အိမ္ထဲမွာ သူပုန္းေနတုန္းပဲရွိေသးတယ္၊ တခ်ိန္ခ်ိန္ပြင့္မလာဘူးလို႔လဲ မေျပာႏိုင္ဘူး။

သူဒီလိုျဖစ္ေနတာညီမသိတာ ၃ႏွစ္ေလာက္ရွိၿပီ။

ေဘးလူသိသြားမွာက်ေတာ့လည္း သူေရာ ညီမေရာတအားရွက္တယ္။

အဲဒါေၾကာင့္ ဘယ္သူ႔မွမေျပာရဲဘဲ ဒီမွာလာရင္ဖြင့္ရတာပါရွင္