ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၉၀

ကျမရင်ဖွင့်ချင်လို့ပါ

ကျမအရမ်းချစ်ရတဲ့သူက ကျမပိုင်ဆိုင်ခွင့်မရှိတဲ့သူဖြစ်နေလို့ပါ

ကျမနဲ့သူနဲ့ချစ်သူဖြစ်ခါစက သူ့ကိုမိန်းမနဲ့ကွဲနေတာလို့ပဲကျမသိခဲ့တာပါ

သူ့မှာကလေးတစ်ယောက်လည်းရှိတယ်တဲ့

သူ့မိန်းမနဲ့ကွဲနေတာလို့ပြောပါတယ်

ကျမကိုသူလက်ထပ်မယ်တဲ့ ကျမယုံကြည်အောင်လည်း သူ့ဘက်ကချစ်ပြခဲ့ပါတယ်

ကျမလမ်းခွဲမယ်ပြောတိုင်းသူငိုပါတယ် ကျမကိုအဆုံးရှုံးမခံနိုင်လို့ခိုးပြေးဖို့အမြဲပြောပါတယ်

အဲ့အချိန်ကကျမသူ့ကိုအရမ်းကြီးမချစ်မိသေးပါဘူး

ကျမ သူ့ကိုလက်မထပ်နိုင်ဘူး ကျမလက်ထက်မယ့်သူရှိတယ်လမ်းခွဲကြမယ်လို့ပဲကျမဘက်ကသူ့ကိုအမြဲပြောခဲ့ပါတယ်

ကျမကို သူလုံးဝအဆုံးရှုံးမခံနိုင်လို့တဲ့လမ်းမခွဲပေးခဲ့ပါဘူး

သူနဲ့ကျမဝေးနေတာကိုလည်း စိတ်မချလို့တဲ့

ကျမနဲ့နီးတဲ့ပတ်ဝန်းကျင်တစ်ခုမှာသူလာနေပြီးကျမကိုဂရုစိုက်ခဲ့ပါတယ်

အဲ့လိုနဲ့ပဲလအနည်းငယ်ကြာလာတော့သူ့ကိုကျမအရမ်းချစ်မိသွားခဲ့ပါပီ

သူဘာပဲဖြစ်ဖြစ်လက်ထပ်မယ်လို့ကျမဆုံးဖြတ်လိုက်ပါပီ

ဒါကြောင့်သူတကယ်ပဲကွဲနေတာဟုတ်လားမဟုတ်လားကျမသိဖို့ အရေးကြီးပီလို့တွေးခဲ့ပါတယ်

ဘာလို့လဲဆိုတော့ သူပြောတာကကွဲနေတာကြာပီတဲ့လေ

ကျမအနီးပတ်ဝန်းကျင်မှာလည်းသူလာနေတာလအနည်းငယ်ကြာပီဆိုတော့ ဟုတ်မယ်ထင်ခဲ့မိတယ်

တစ်နေ့မှာတော့သူ့မိန်းမဖုန်းနံပါတ်သိခဲ့ရပီးကျမနဲ့စကားပြောဖြစ်ခဲ့တယ်

သူ့မိန်းမကပြောတယ်သူတို့ကွဲနေတာမဟုတ်ဘူးတဲ့ နေ့တိုင်းအဆက်အသွယ်မပြတ်ခဲ့ဘူးတဲ့

အဲဒါနဲ့ကျမနဲ့သူနဲ့ ပြသနာစတက်တော့တာပဲ သူကျမကိုလိမ်ပြီးချစ်ခဲ့တာဖြစ်လို့ ကျမသူ့ကိုလက်မထပ်ဘူးလမ်းခွဲပေးဖို့ထပ်တောင်းဆိုခဲ့တယ်

ဒါပေမဲ့သူကသူ့မိန်းမကိုကွာရှင်းပီးကျမကိုယူမယ်တဲ့ ကျမတော်တော်လေးဝမ်းနည်းငိုကြွေးခဲ့ရပါတယ်

ကျမလိုချင်တာအဲ့လိုမျိုးမဟုတ်ခဲ့ဘူး ကျမကြောင့်ပြိုကွဲရမှာကိုကျမ မလိုလားဘူး သူ့ကိုစိတ်နာအောင်လည်းပြောတယ်ချော့ပီးတော့လည်းပြောတယ်

ဒါပေမဲ့ကျမဘယ်လိုမှပြောလို့မရခဲ့ဘူး သူ့မိန်းမကိုကွာပီးကျမကိုယူမယ်ပဲပြောတယ် သူကျမကိုမုန်းသွားအောင်လည်းကျမကြိုးစားခဲ့တယ် သူ့မိန်းမကိုလည်းကျမကတိပေးထားတယ်

ကျမလက်မထပ်ဘူးအချိန်တစ်ခုတော့စောင့်ပေးပြန်လွှတ်လိုက်မယ်လို့ ကျမဘယ်လိုပဲပြောပြောဘယ်လိုပဲလုပ်လုပ်သူကျမအနားကထွက်မသွားခဲ့ဘူး

ဒါပေမဲ့သေချာတာတစ်ခုကတော့ကျမသူ့ကိုလုံးဝလက်ထပ်မှာမဟုတ်တော့ပါဘူး အဲဒါကိုလည်းသူသိနေခဲ့ပါတယ်

ကျမကသူ့ကိုဘယ်လောက်ချစ်ချစ် မိုက်ရူးရဲဆန်ပီးမယူဘူးဆိုတာသူသိသွားတယ် သူ့ကိုတကယ်မယူဘူးလားလို့အကြိမ်ကြိမ်သူမေးခဲ့တယ် ကျမကလည်းလုံးဝလက်မခံခဲ့သလိုသူစိတ်နာအောင်ပဲပြောခဲ့ပါတယ်

ဘာလို့လဲဆိုတော့ ကျမစချစ်ခဲ့တုန်းကအမှန်တရားကိုမသိခဲ့လို့ပါ သိပီးတဲ့နောက်မှာကျမဘဝမှာဘယ်တော့မှဒါမျိုးမလုပ်ဖူးလို့တွေးထားလို့ကျမနောက်ဆုတ်ခဲ့တာပါ

ဒါပေမဲ့ကျမရင်တွေကွဲကြေနေပါပီသူ့ကိုအရမ်းချစ်မိနေပီလေ နှလုံးသားနဲ့ ဦးနှောက်မှာ ဦးနှောက်ကိုပဲကျမရွေးချယ်ခဲ့တယ် သူကတော့ကျမရှေ့မှာအမြဲငိုနေခဲ့ပါတယ် ကျမကတော့သူ့ကွယ်ရာမှာငိုနေခဲ့ရတာပေါ့

ကျမသူ့ကိုမစွန့်လွှတ်နိုင်တော့တဲ့အချိန်ရောက်မှ သူ့ကိုစွန့်လွှတ်ရတော့ရတော့မှာမို့ကျမပြိုလဲနေခဲ့တာတွေသူမသိခဲ့ပါဘူး

ပထမလူကိုတောင်စွန့်လွှတ်နိုင်ပီးကျမကိုလက်ထပ်မယ်ဆိုတဲ့သူ့ကိုကျမ မယုံကြည်ရဲဘူးလေ နောက်တစ်ယောက်ထပ်ပေါ်လာရင် ကျမလည်းကျန်နေခဲ့ရမှာဆိုတဲ့အတွေးတွေပဲကျမတွေးနေမိတယ်

အဲ့လိုနဲ့ကျမကိုသူဘယ်လိုမှပြောလို့မရတော့တဲ့အချိန် သူ့မိန်းမဆီပြန်တော့မယ်လို့သူပြောလာပါတယ်

ကျမရင်နာနာနဲ့ပဲဝမ်းသာခဲ့ပါတယ် သူအမြင်မှန်ရသွားပီထင်ခဲ့တာဒါပေမဲ့ သူ့အတွက်နောက်တစ်ယောက်ထပ်ပေါ်လာပြန်တယ်ကျမ မသိလောက်ဘူးလို့သူထင်ထားပုံရတယ် ကျမကတော့အကုန်သိနေခဲ့ပါတယ်

ကျမသူ့ကိုနာကျည်းမိခဲ့တယ်စိတ်ပျက်သွားခဲ့တယ်(ဒါပေမဲ့အရမ်းချစ်တယ်) သူ့မိန်းမကိုလည်းအကြောင်းစုံပြောပြခဲ့တယ် သူ့မိန်းမကိုကျမပေးထားတဲ့ကတိကိုကျမတည်ခဲ့ပါတယ်

သူ့မှာနောက်ထပ်တစ်ယောက်ထပ်ပေါ်လာပီ ကျမနဲ့မသက်ဆိုင်တော့ဘူးလို့ကျမပြောပြခဲ့ပါတယ် ကျမရွေးချယ်မှုမှန်ကန်သွားပီပေါ့လေ ဒါပေမဲ့နောက်တစ်ယောက်ကိုကသူလက်မထပ်ပါဘူး

ကျမကိုချစ်ခဲ့တဲ့အကြောင်းတွေသူပြောပြခဲ့တယ်တဲ့ ကျမကတော့မသိလို့စချစ်ခဲ့တာပါ နောက်တစ်ယောက်ကတော့အစအဆုံးသိနေရက်နဲ့ကိုသူနဲ့ပတ်သက်ခဲ့တာပါ

ဒါပေမဲ့နောက်တစ်ယောက်ကိုကသူမယူဘူးတဲ့ သူ့မိန်းမဆီပဲပြန်သွားခဲ့တယ် အခုတော့သူတို့မိသားစုလေးတူတူပြန်နေနေကြပီတဲ့ ကျမတကယ်ကိုဝမ်းသာမိပါတယ်

ကျမကြောင့်ပြိုကွဲသွားမှာစိုးလို့ မှန်ကန်တဲ့နည်းလမ်းကိုကျမရွေးချယ်နိုင်ခဲ့တယ်လေ ဒါပေမဲ့ကျမရင်ထဲကတစ်နေ့မှသူ့ကိုမေ့လို့မရခဲ့ဘူး

မဖြစ်နိုင်မှန်းသိနေရက်နဲ့ပဲကျမအတွေးတွေထဲမှာခုထိသူရှိနေတုန်းပဲ ကျမသူ့ကိုသိပ်ချစ်ခဲ့တယ်ဆိုတာလည်းသူသိသွားခဲ့တယ် ဘဝမှာဘယ်တော့မှသူ့ကိုမေ့လို့ရမှာမဟုတ်သလိုမုန်းကြည့်လို့လည်းမရခဲ့ဘူး

ကျမသူ့ကိုမေ့နိုင်ဖို့ဘယ်လိုတွေကြိုးစားရမယ်ဆိုတာလည်းမသိတော့ပါဘူး သူ့ကိုသတိရတိုင်းကျမငိုနေမိတာပါပဲ

က်မရင္ဖြင့္ခ်င္လို႔ပါ

က်မအရမ္းခ်စ္ရတဲ့သူက က်မပိုင္ဆိုင္ခြင့္မရွိတဲ့သူျဖစ္ေနလို႔ပါ

က်မနဲ႔သူနဲ႔ခ်စ္သူျဖစ္ခါစက သူ႔ကိုမိန္းမနဲ႔ကြဲေနတာလို႔ပဲက်မသိခဲ့တာပါ

သူ႔မွာကေလးတစ္ေယာက္လည္းရွိတယ္တဲ့

သူ႔မိန္းမနဲ႔ကြဲေနတာလို႔ေျပာပါတယ္

က်မကိုသူလက္ထပ္မယ္တဲ့ က်မယုံၾကည္ေအာင္လည္း သူ႔ဘက္ကခ်စ္ျပခဲ့ပါတယ္

က်မလမ္းခြဲမယ္ေျပာတိုင္းသူငိုပါတယ္ က်မကိုအဆုံးရႈံးမခံႏိုင္လို႔ခိုးေျပးဖို႔အၿမဲေျပာပါတယ္

အဲ့အခ်ိန္ကက်မသူ႔ကိုအရမ္းႀကီးမခ်စ္မိေသးပါဘူး

က်မ သူ႔ကိုလက္မထပ္ႏိုင္ဘူး က်မလက္ထက္မယ့္သူရွိတယ္လမ္းခြဲၾကမယ္လို႔ပဲက်မဘက္ကသူ႔ကိုအၿမဲေျပာခဲ့ပါတယ္

က်မကို သူလုံးဝအဆုံးရႈံးမခံႏိုင္လို႔တဲ့လမ္းမခြဲေပးခဲ့ပါဘူး

သူနဲ႔က်မေဝးေနတာကိုလည္း စိတ္မခ်လို႔တဲ့

က်မနဲ႔နီးတဲ့ပတ္ဝန္းက်င္တစ္ခုမွာသူလာေနၿပီးက်မကိုဂ႐ုစိုက္ခဲ့ပါတယ္

အဲ့လိုနဲ႔ပဲလအနည္းငယ္ၾကာလာေတာ့သူ႔ကိုက်မအရမ္းခ်စ္မိသြားခဲ့ပါပီ

သူဘာပဲျဖစ္ျဖစ္လက္ထပ္မယ္လို႔က်မဆုံးျဖတ္လိုက္ပါပီ

ဒါေၾကာင့္သူတကယ္ပဲကြဲေနတာဟုတ္လားမဟုတ္လားက်မသိဖို႔ အေရးႀကီးပီလို႔ေတြးခဲ့ပါတယ္

ဘာလို႔လဲဆိုေတာ့ သူေျပာတာကကြဲေနတာၾကာပီတဲ့ေလ

က်မအနီးပတ္ဝန္းက်င္မွာလည္းသူလာေနတာလအနည္းငယ္ၾကာပီဆိုေတာ့ ဟုတ္မယ္ထင္ခဲ့မိတယ္

တစ္ေန႔မွာေတာ့သူ႔မိန္းမဖုန္းနံပါတ္သိခဲ့ရပီးက်မနဲ႔စကားေျပာျဖစ္ခဲ့တယ္

သူ႔မိန္းမကေျပာတယ္သူတို႔ကြဲေနတာမဟုတ္ဘူးတဲ့ ေန႔တိုင္းအဆက္အသြယ္မျပတ္ခဲ့ဘူးတဲ့

အဲဒါနဲ႔က်မနဲ႔သူနဲ႔ ျပသနာစတက္ေတာ့တာပဲ သူက်မကိုလိမ္ၿပီးခ်စ္ခဲ့တာျဖစ္လို႔ က်မသူ႔ကိုလက္မထပ္ဘူးလမ္းခြဲေပးဖို႔ထပ္ေတာင္းဆိုခဲ့တယ္

ဒါေပမဲ့သူကသူ႔မိန္းမကိုကြာရွင္းပီးက်မကိုယူမယ္တဲ့ က်မေတာ္ေတာ္ေလးဝမ္းနည္းငိုေႂကြးခဲ့ရပါတယ္

က်မလိုခ်င္တာအဲ့လိုမ်ိဳးမဟုတ္ခဲ့ဘူး က်မေၾကာင့္ၿပိဳကြဲရမွာကိုက်မ မလိုလားဘူး သူ႔ကိုစိတ္နာေအာင္လည္းေျပာတယ္ေခ်ာ့ပီးေတာ့လည္းေျပာတယ္

ဒါေပမဲ့က်မဘယ္လိုမွေျပာလို႔မရခဲ့ဘူး သူ႔မိန္းမကိုကြာပီးက်မကိုယူမယ္ပဲေျပာတယ္ သူက်မကိုမုန္းသြားေအာင္လည္းက်မႀကိဳးစားခဲ့တယ္ သူ႔မိန္းမကိုလည္းက်မကတိေပးထားတယ္

က်မလက္မထပ္ဘူးအခ်ိန္တစ္ခုေတာ့ေစာင့္ေပးျပန္လႊတ္လိုက္မယ္လို႔ က်မဘယ္လိုပဲေျပာေျပာဘယ္လိုပဲလုပ္လုပ္သူက်မအနားကထြက္မသြားခဲ့ဘူး

ဒါေပမဲ့ေသခ်ာတာတစ္ခုကေတာ့က်မသူ႔ကိုလုံးဝလက္ထပ္မွာမဟုတ္ေတာ့ပါဘူး အဲဒါကိုလည္းသူသိေနခဲ့ပါတယ္

က်မကသူ႔ကိုဘယ္ေလာက္ခ်စ္ခ်စ္ မိုက္႐ူးရဲဆန္ပီးမယူဘူးဆိုတာသူသိသြားတယ္ သူ႔ကိုတကယ္မယူဘူးလားလို႔အႀကိမ္ႀကိမ္သူေမးခဲ့တယ္ က်မကလည္းလုံးဝလက္မခံခဲ့သလိုသူစိတ္နာေအာင္ပဲေျပာခဲ့ပါတယ္

ဘာလို႔လဲဆိုေတာ့ က်မစခ်စ္ခဲ့တုန္းကအမွန္တရားကိုမသိခဲ့လို႔ပါ သိပီးတဲ့ေနာက္မွာက်မဘဝမွာဘယ္ေတာ့မွဒါမ်ိဳးမလုပ္ဖူးလို႔ေတြးထားလို႔က်မေနာက္ဆုတ္ခဲ့တာပါ

ဒါေပမဲ့က်မရင္ေတြကြဲေၾကေနပါပီသူ႔ကိုအရမ္းခ်စ္မိေနပီေလ ႏွလုံးသားနဲ႔ ဦးေႏွာက္မွာ ဦးေႏွာက္ကိုပဲက်မေ႐ြးခ်ယ္ခဲ့တယ္ သူကေတာ့က်မေရွ႕မွာအၿမဲငိုေနခဲ့ပါတယ္ က်မကေတာ့သူ႔ကြယ္ရာမွာငိုေနခဲ့ရတာေပါ့

က်မသူ႔ကိုမစြန႔္လႊတ္ႏိုင္ေတာ့တဲ့အခ်ိန္ေရာက္မွ သူ႔ကိုစြန႔္လႊတ္ရေတာ့ရေတာ့မွာမို႔က်မၿပိဳလဲေနခဲ့တာေတြသူမသိခဲ့ပါဘူး

ပထမလူကိုေတာင္စြန႔္လႊတ္ႏိုင္ပီးက်မကိုလက္ထပ္မယ္ဆိုတဲ့သူ႔ကိုက်မ မယုံၾကည္ရဲဘူးေလ ေနာက္တစ္ေယာက္ထပ္ေပၚလာရင္ က်မလည္းက်န္ေနခဲ့ရမွာဆိုတဲ့အေတြးေတြပဲက်မေတြးေနမိတယ္

အဲ့လိုနဲ႔က်မကိုသူဘယ္လိုမွေျပာလို႔မရေတာ့တဲ့အခ်ိန္ သူ႔မိန္းမဆီျပန္ေတာ့မယ္လို႔သူေျပာလာပါတယ္

က်မရင္နာနာနဲ႔ပဲဝမ္းသာခဲ့ပါတယ္ သူအျမင္မွန္ရသြားပီထင္ခဲ့တာဒါေပမဲ့ သူ႔အတြက္ေနာက္တစ္ေယာက္ထပ္ေပၚလာျပန္တယ္က်မ မသိေလာက္ဘူးလို႔သူထင္ထားပုံရတယ္ က်မကေတာ့အကုန္သိေနခဲ့ပါတယ္

က်မသူ႔ကိုနာက်ည္းမိခဲ့တယ္စိတ္ပ်က္သြားခဲ့တယ္(ဒါေပမဲ့အရမ္းခ်စ္တယ္) သူ႔မိန္းမကိုလည္းအေၾကာင္းစုံေျပာျပခဲ့တယ္ သူ႔မိန္းမကိုက်မေပးထားတဲ့ကတိကိုက်မတည္ခဲ့ပါတယ္

သူ႔မွာေနာက္ထပ္တစ္ေယာက္ထပ္ေပၚလာပီ က်မနဲ႔မသက္ဆိုင္ေတာ့ဘူးလို႔က်မေျပာျပခဲ့ပါတယ္ က်မေ႐ြးခ်ယ္မႈမွန္ကန္သြားပီေပါ့ေလ ဒါေပမဲ့ေနာက္တစ္ေယာက္ကိုကသူလက္မထပ္ပါဘူး

က်မကိုခ်စ္ခဲ့တဲ့အေၾကာင္းေတြသူေျပာျပခဲ့တယ္တဲ့ က်မကေတာ့မသိလို႔စခ်စ္ခဲ့တာပါ ေနာက္တစ္ေယာက္ကေတာ့အစအဆုံးသိေနရက္နဲ႔ကိုသူနဲ႔ပတ္သက္ခဲ့တာပါ

ဒါေပမဲ့ေနာက္တစ္ေယာက္ကိုကသူမယူဘူးတဲ့ သူ႔မိန္းမဆီပဲျပန္သြားခဲ့တယ္ အခုေတာ့သူတို႔မိသားစုေလးတူတူျပန္ေနေနၾကပီတဲ့ က်မတကယ္ကိုဝမ္းသာမိပါတယ္

က်မေၾကာင့္ၿပိဳကြဲသြားမွာစိုးလို႔ မွန္ကန္တဲ့နည္းလမ္းကိုက်မေ႐ြးခ်ယ္ႏိုင္ခဲ့တယ္ေလ ဒါေပမဲ့က်မရင္ထဲကတစ္ေန႔မွသူ႔ကိုေမ့လို႔မရခဲ့ဘူး

မျဖစ္ႏိုင္မွန္းသိေနရက္နဲ႔ပဲက်မအေတြးေတြထဲမွာခုထိသူရွိေနတုန္းပဲ က်မသူ႔ကိုသိပ္ခ်စ္ခဲ့တယ္ဆိုတာလည္းသူသိသြားခဲ့တယ္ ဘဝမွာဘယ္ေတာ့မွသူ႔ကိုေမ့လို႔ရမွာမဟုတ္သလိုမုန္းၾကည့္လို႔လည္းမရခဲ့ဘူး

က်မသူ႔ကိုေမ့ႏိုင္ဖို႔ဘယ္လိုေတြႀကိဳးစားရမယ္ဆိုတာလည္းမသိေတာ့ပါဘူး သူ႔ကိုသတိရတိုင္းက်မငိုေနမိတာပါပဲ