ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၉၂

ညီမယောက်ျားကလေ ညီမ မသိအောင် အကောင့်သစ်တခုဖွင့်ထားပီး

ညီမသူငယ်ချင်းမိတ်ဆွေတွေရဲ့ ပုံတွေ သူ့ရည်စားဟောင်းပုံတွေကို လိုက်ရှာပီသိမ်းထားတယ်

အဲပုံတွေနဲ့စိတ်ဖြေနေတယ်ထင်တယ်

ညီမကသိတော့ ညီမသူငယ်ချင်းမိတ်ဆွေ သူ့ရည်းစားဟောင်းတွေမြင်ရင်

စိတ်ထဲကိုယ့်ကိုယ်သိမ်ငယ်လာသလိုဘဲ့

ယောက်ျားလေးဆိုတော့ ဘူးကျတာရှိပေမဲ့မော်ဒယ်တွေ ပြနေတာတွေ

ဟိုကားတွေကြည့်တာသိမ်းတာတွေကိုအပြစ်မဆိုပါဘူးရှင်

အခုဟာကကိုယ့်အသိမိတ်ဆွေတွေကို သူကရှာပီလုပ်နေတာကိုက ညီမမခံစားနိုင်ပါဘူးရှင်

သူနဲ့ ညီမအိမ်ထောင်သက်၈နှစ်ရှိပါပီ

ညီမနဲ့သူနဲ့တသ်နေရာစီမှာအလုပ်လုပ်နေကြပါတယ်

ညီမအပေါ်လဲ အေးတိအေးစက်နဲ့ပါ ဖုန်းလဲဆက်ချင်မှဆက်တယ်

မက်ဆင်ဂျာမှာမီးစိမ်းနေလဲမပြောဘူး

ဒါမဲ့ ညီမသူငယ်ချင်းတွေတော့မက်ဆင်ဂျာမှာ သူကနေအရင်စလိုက်ပြောတယ်

အဲတာတော့ညီမသိနေတဲ့အပိုင်း အပြင်မှာနောက်တယောက်နဲ့တွဲနေလားဆိုတာကိုညီမလဲမသိဘူး

သေချာတာတခုကတော့သူ့ကိုဘယ်လိုမြင်ပီမုန်းရမလဲမသိဘူး

ညီမစိတ်မပြတ်နိုင်ဘူးသူ့ကို အစ်မတွေညီမတွေများအကြံဉာဏ်တွေများပေးကြပါရှင့်

ညီမစိတ်ပြတ်သားနိုင်ရအောင်ထောက်စရာသားသမီးတွေလဲမရှိတော့

ညီမကိုကူညီပီစိတ်ပြတ်သားနိုင်အောင်ပြောဆိုပေးကြပါရှင်အကြံဉာဏ်ပေးကြပါရှင့်

















