အရမ်းနာကျင်နေရလို့
ရင်ဖွင့်ချင်လို့ပါ ညီမ
ကောင်လေးကညီမကို ထားခဲ့ပါတယ် တွဲတာ ၁နှစ်၇လ ပါ
hs လဲ ရှိခဲ့ပါတယ်
သူနဲ့က ဘာသာလဲမတူပါဘူး
သူက ခရစ်ယာန် ညီမက ဗုဒပါ
တွဲခါစ ၁နှစ်မှာတော့ အလုပ်က အတူတူပါပဲ အလုပ်ကလစာနည်းတော့ သူက deli အချိန်ပိုင်းလုပ်တယ်
deliက အခုအလုပ်ထပ် လစာများတော့ သူကတစ်နေကုန် လုပ်ချင်လာတယ်
ညီမတို့ရှေ့ရေးအတွက် ပိုက်ဆံစုမယ်ဆိုပီး
ညီမနဲ့အတူလုပ်တဲ့ အလုပ်ကနေ ထွက်သွားပါတယ်
သူdeli အချိန်ပြည့် လုပ်တော့တယ် အဲ့နောက်ညီမကို အချိန်ပေးမူတွေ နည်းလာတယ်
ညီမကို အလုပ်မထွက်ခင်ထိတော့ ဂရုစိုက်ချစ်ပေးတယ် ညီမစိတ်ဆိုးရင်တောင် ငိုတာပါ
သူက အခုအလုပ်ထွက်ပီးနောက်ပိုင်း ညီမအပေါ် အချစ်တွေ လျှော့လာပါတယ်
အနေဝေးလာလို့လားတော့ မသိပါဘူး
အလုပ်က ထွက်ပီး ၃ လ လောက်မှာ ရန်ဖစ်p သူနဲ့ပြတ်သွားပါသေးတယ်
တစ်ပတ်လောက်ပြတ်p သူပြန်ချော့တာနဲ့ ပြန်အဆင်ပြေပါတယ်
အလုပ်ထွက်p နောက်ပိုင်းအချိုးပြောင်းပါတယ်
အရင်လိုညီမစိတ်ဆိုးမှာလဲ မကြောက်တော့ဘူး ချော့လဲမချော့တော့ပါဘူး
အခုသူအလုပ်မှာအဆင်မပြေတာ
အကြောင်းပြပီး သူ့ကိုဘာပြောပြော ညီမကို ပြတ်မယ်
ဘာညာပြောပါတယ် သူအဆင်ပြေတာတွေ ပြောပြဆိုတော့လဲ ညီမကို ပြောမပြပါဘူး
နိသိတော့ ဘာလုပ်ပေးနိုင်မှာမလို့လဲ ဆိုပီး ပြောပါတယ်
ညီမက နိအဆင်မပြေတာငါ့ကိုပြောပြတော့ ငါမလုပ်ပေးနိုင်တောင် နိကို နှစ်သိမ့်ပေးရပါတယ်
ပြောတော့လဲ သူကလက်မခံဘူး ငါ့အတွက်မလိုဘူး နိစိတ်ပူပေးစရာမလိုဘူးဘာညာပြောပါတယ်
ငါဘာလုပ်လုပ်အဆင်မပြေဘူး
အခုဘားမှမလုပ်တော့ဘူး
ငါနေချင်သလိုနေမယ်
ငါသွားချင်ရာသွားမယ်
ငါ့ကိုဘားမှလာမပြောနဲ့ ငါ့ဒဏ်မခံနိုင်ရင် ထားခဲ့လိုက်တဲ့
ညီမကို အဲ့လိုပြောပါတယ်
ညီမ messenger မှာစကားသွားပြောလဲ ကောင်းကောင်းမပြောဘူး သူ့အနားမနေနဲ့ ပြတ်ဖို့ပဲ
တတွတ်တွတ် ပြောနေတာ 1ပတ်လောက်ရှိပါပီ
ညီမကို ဟိုနေ့က စာလာပို့တယ် ph မဆက်နဲ့ ငါတစ်ယောက်ထဲနေချင်လို့ နိဘာသာနေတတ်သလိုနေတဲ့
ညီမလဲ သူမဆက်နဲ့ဆိုတော့
မဆက်ဘူးလေ အဲ့လိုကျတော့ရော နေနိုင်နေပီလား ကောင်းပါတယ်
ငါ့ကိုထားခဲ့လိုက်တော့တဲ့ ညီမက သူထွက်သွားမယ်ပြောတိုင်း ဆွဲထားမိပါတယ် 27ရက်နေ့ညက ညီမကို
ပြတ်ဖို့ ခနခနပြောလို့ စိတ်တိုပီး ပြတ်ဟာပြောလိုက်တာ
အခုသူကအတည်ဖြတ်သွားပါတယ် ညီမငိုပီးတောင်းပန်လဲ
ပြန်မလာတော့ဘူးတဲ့ နိကိုမချစ်တော့ဘူးလဲ ပြောပါတယ်
ဒါတောင်ညီမ မနေနိုင်လွန်းp
သူ့အမေဆီ ph ဆက်ကျိတာ
သူ့အမေက သူအလုပ်အဆင်မပြေလို့ စိတ်ညစ်နေတာပါတဲ့
သူတို့တောင်စကားကောင်းကောင်းမပြောဘူးတဲ့
သူမျက်နှာမကောင်းရင်အန်တီတို့ကသိတယ်တဲ့ သူ့typeက သူစိတ်ညစ်ရင်တစယောက်ထဲနေရတာကြိုက်တယ်တဲ့
အန်တီတို့စကားများရင်တောင်သူကငိုတယ်လို့ပြောပါတယ် အန်တီတို့မိန်းမသားတွေက ပူညံပူညံလုပ်ချင်ကြတဲ့ အမျိုးဆိုတော့ သူကစိတ်ရူပ်သွားလို့နေမှာပါတဲ့
သူ့ကိုစောင့်ကျိပါအူးတဲ့
သူ့အမေကတော့ အဲ့လိုပြောပါတယ် ညီမကို သူကတော့ အပြတ်စကားပဲပြောပါတယ်
အခုကတော့ ပြတ်နေပါပီ
ညီမ ပူလောင်လွန်းလို့ ဘယ်လိုနေရမလဲ မသိပါဘူး
သူ့အမေပြောသလို ငြိမ်ပေးလိုက်ရမလား ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး
အမတို့ရယ် အကြံလေးပေးပါအူး သူနဲ့မခွဲနိုင်လို့ပါ သူကတော့ ညီမ မရှိလဲအဆင်ပြေတယ်တဲ့
အရမ်းနာကျင်နေရလို့
hs လဲ ရှိခဲ့ပါတယ်
ငါနေချင်သလိုနေမယ်
ငါသွားချင်ရာသွားမယ်
သူ့အမေဆီ ph ဆက်ကျိတာ
အခုကတော့ ပြတ်နေပါပီ