အကြံဥာဏ်လေးပေးကြပါဦး ညီမစိတ်တွေလဲအရမ်းညစ်နေလိူ့ပါ
ညီမအမျိုးသားနဲ့ညီမ အရမ်းချစ်လို့ လက်ထပ်ယူခဲ့ကြတာပါ
ညီမ အမျိုးသားက ညီမအပေါ်အရင်လိုမဟုတ်တော့ပါဘူး
အရင်ကဆိုညီမစိတ်တိုင်းကျဘာမဆိူ ညီမဘက်ကပါ ညီမကိုအလိုလဲလိုက်ပါတယ်
ညီမ နဲ့ သူအမျိုးတွေနဲ့မတည့်ပါဘူး သူမိဘအမျိုးတွေက ညီမ အပေါ်အရမ်းစော်ကားကြလို့ပါ
ညီမအမျိုးသားကလဲသူမိဘအမျိုးဘက်ကမဟုတ်ပါဘူး
ညီမဘက်ကပါ အရင်ကပေါ့ အခုနောက်ပိုင်း ဘာစဖြစ်လားလဲဆိုတော့ ညီမအမျိုးသားက သူမိဘ အမျိုးတွေဆီသွားတယ် ညီမ ကသူမိဘ အမျိုးတွေဆီသွားတာ မကြိုက်ပါဘူး
ဘာလို့လဲဆိုတော့ သူမိဘ အမျိုးတွေက သူတို့ဆီသွားတာနဲ့အိမ်ကအမျိုးသားကို ညီမနဲ့မပေါင်းနဲ့ကွာလိုက် ငါတို့အသစ်ရှာပေးမယ်
အဲ့လိုတွေပြောပြီလင်မယားမကွဲကွဲအောင်လုပ်ပါတယ်
အဲ့ကြောင့်ညီမ မသွားခိုင်းတာပါပြီတော့ သူမိဘ အမျိုးတွေစရိုက်ကအရမ်းကြမ်းပါတယ်
မျက်နှာမိုးလင်းတာနဲ့ ဖေတွေမောင်တွေနဲ့ဆဲဆိုနေကြတာပါ ညီမ နဲ့စရိုက်ချင်းလုံး၀မတူပါဘူး
ညီမ မှာ 2နှစ်အရွယ်သမီးလေးတစ်ယောက်လဲရှိပါတယ်
ကလေးကိုမွေးကထဲကစပြီးအခုချိန်ထိညီမတစ်ယောက်ထဲထိန်းရပါတယ်
ကူထိန်းမဲ့သူလဲမရှိပါဘူး နေ့လဲညီမပဲထိန်း ညလဲညီမပဲထိန်း တစ်နေ့ကုန်ညီမပဲထိန်းရပါတယ်
ညီမ အိမ်မှုကိစ္စရော အကုန်ညီမပဲလုပ်ရပါတယ် ညီမ os လုပ်ပါတယ်
တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင်လို့ပါ ညီမ ကိုအခုနောက်ပိုင်းအမျ်ုးသားက အိမ်မှုကိစ္စတွေ၀ိူင်းကူမလုပ်ပေးပါဘူး
ကလေး လဲ၀ိုင်းကူမထိန်းပေးတော့ဘူး အရင်ကဆိုညီမအမျိုးသားညီမကိူအကုန်၀ိုင်းကူလုပ်ပေးတယ်
အခုနောက်ပိုင်း ညီမ မကြိုက်တဲ့သူ မိဘ အမျိုးအိမ် ခနခနသွားတယ်
သူ မိဘ အမျိုးတွေက ညီမ သမီးကို အမြဲတမ်းအော်ဟစ်ပြီး ကလေးကိုခနခနရိုက်ပါတယ်
အဲ့ကြောင့်ကလေးက လူတွေဆိုအရမ်းကြောက်ပါတယ် ညီမနဲ့အဲ့ဒါတွေကြောင့်သူ မိဘ အမျိုးတွေနဲ့မတညိ့တာပါ
ညီမသမီးနဲ့ညီမ အခုဆ်ု သူမိဘ အမျိုးတွေနဲ့ မပတ်သတ်တော့ပါဘူး ခေါ်လဲမခေါ်ပါဘူး
ကလေးကိုစိတ်ဒဏ်ရာရအောင်ထက်မလုပ်အောင်ပါ ညီမမကြိုက်တာတွေလုပ်ပါတယ်
ပြီးတော့ အပြင်ကလူတွေနဲ့ဆိုသူက စကားပြောရင်ပျော်ပျော်ရွှင်ရွှင်ပြောပါတယ်
ညီမကြတော့ ရန်သူလိုဆက်ဆံပါတယ် ဖုန်းပြောရင်လဲ သူမအားသေးဘူးဆိုပြီးအမြဲတမ်းဖုန်းပြန်ချပါတယ်
ညီမကိုပိုက်ဆံပေးရင်တောင် သူ့မိဘအမျ်ုးတွေသိမှာအရမ်းကြောက်ပါတယ်
သူမိဘက ညီမကိုပိုက်ဆံမပေးနဲ့တဲ့ သားအရင်းဖြစ်တဲ့အိမ်ကအမျိုးသားကို သားလုပ်တဲ့သူထမင်းစားရင် ဟင်းတွေဖွက်ထားတယ် သူကြတော့စားတယ်
သားလုပ်တဲ့သူနေမကောင်းတာကို နင့်စောက်ခွက်ငါမမြင်ချင်ဘူးတဲ့ ငါ့ကိုပါကူးမဲ့တယ်
ေ၀းေ၀းနေဆိုပြီ ဆေးတောင်မတိုက်ပါဘူး
ညီမကည 2နာရီထိထပြီးအမျိုးသားကို ဆေးတိုက်ပါတယ် အဲ့ထပ်ဆိုးတာတွေရှိပါတယ်
သူမိဘ သူ့အမျိုး သူ့အပေါ်မကောင်းတာသိလို့ ညီမဘက်ကပါ သူ့မိဘက အောက်လမ်း တွေလဲ လုပ်တက်ပါတယ်
အခုကညီမယောကျာ်းညီမစကားနားမထောင်တော့ဘူး သူမိဘ စကားဆိုနားထောင်တယိ
သူ့အပေါ်မကောင်းမှန်းသိလို့အရင်က ညီမဘက်က အခုသူ့အမေဘက်က အဲ့ဒါညီမ ကိုအကြံဥာဏ်လေးပေးကြပါ
အောက်လမ်းနဲ့များတိုက်ထားသလားလို့ပါ
အခုရက်ပိုင်းညီမတို့လင်မယားနှစ်ယောက်မျက်နှာဆိုင်လို့မရပါဘူး
မျက်နှာချင်းဆိုင်တာနဲ့ရန်ဖြစ်ကြတာပါအရင်ကတစိခါမှအဲ့လိုမဖြစ်ဖူးပါဘူး အကြံလေးပေးကြပါ
အကြံဥာဏ်လေးပေးကြပါဦး ညီမစိတ်တွေလဲအရမ်းညစ်နေလို့ပါ
အရင်ကဆိုညီမစိတ်တိုင်းကျဘာမဆို ညီမဘက်ကပါ ညီမကိုအလိုလဲလိုက်ပါတယ်
တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင်လို့ပါ ညီမ ကိုအခုနောက်ပိုင်းအမ်ျုးသားက အိမ်မှုကိစ္စတွေဝိုင်းကူမလုပ်ပေးပါဘူး
ကလေး လဲဝိုင်းကူမထိန်းပေးတော့ဘူး အရင်ကဆိုညီမအမျိုးသားညီမကိုအကုန်ဝိုင်းကူလုပ်ပေးတယ်
ညီမကိုပိုက်ဆံပေးရင်တောင် သူ့မိဘအမ်ျုးတွေသိမှာအရမ်းကြောက်ပါတယ်
ဝေးဝေးနေဆိုပြီ ဆေးတောင်မတိုက်ပါဘူး