ကျမsingle motherအဖြစ်ခံယူထားတာ၂နှစ်ကျော်ပါပီရှင့်
သမီးလေးတစ်ယောက်ရှိပါတယ် ၄နှစ်ပါ
သမ်းလေးကိုစောင့်ရှောက်ရင်းတစ်ယောက်ထည်းရုန်းကန်ခဲ့ရပါတယ်
ကျမမိဘတေကလည်းသမီးလေးကိုပဲ ကြည့်ရှူပေးနိုင်ခဲ့ပါတယ်
ရင်ဖွင့်ချင်တာကအခုမှစမှာပါ
ကျမအိမ်ထောင်ကွဲပီးနောက်ပ့ုင်းမှ ာတရွာထည်းနေတဲ့အကိုကြီးတစ်ယောက်ကိုကျိတ်ချစ်မိပါတယ်
ကျမစိတ်ထည်းကပဲချစ်မိတာပါ အပြင်မှာထုတ်မပြဘူးပါဘူးရှင့်
ရေလာမြောင်းပေးလည်းမလုပ်ဖူးပါ သူ့အိမ်ကကျမရဲ့စားအိမ်သောက်အိမ်လိုမျိုးဖြစ်နေတာပါ
မောင်နှမငါးယောက်မှာသူကတတိယပါ
ဆယ်နှစ်တိတိကျမနှင့်အသက်ကွာပါတယ်
သူ့အမတေကလည်းကျမကိုညီမလေးအရင်းလိုချစ်ကြပါတယ်
ဒီလိုနဲ့2022နှစ်အစမှာနိုင်ငံခြားသွားဖို့အကြောင်းဖန်လာပါတယ်
ကျမရန်ကုန်ရောက်ပီးဆယ်ရက်အကြာမှာအကိုကြီးကမူးပီးကျမကိုဖွင့်ပြောလာပါတယ်
သူအရမ်းချစ်တဲ့အကြောင်း ကျမက၁၆နှစ်လောက်ထည်းကခိုးချစ်နေရတဲ့အကြောင်း ကျမအရင်အိမ်ထောင်ကျသွားလို့သူ
လက်လျော့လိုက်တယ်ဆိုပီးချစ်ရေးဆိုလာပါတယ်
ကျမတို့အ့ညက၂နာရီအထိစကားတေပြောဖြစ်ကြတယ်ပေါ့
တညလုံးအိပ်မပျော်ခဲ့ပါဘူး ကျမခိုးချစ်နေရတဲ့လူကြီးကကျမကိုချစ်နေတယ်ဆိုလာတော့ရင်တေအရမ်းခုန်ပီးတညတရေးမှအိပ်မရခဲ့ပါဘူး
အရမ်းပျော်ခဲ့ရပါတယ် ခနတာပေါ့လေ
နေ့လည်ရောက်တော့သူနောင်တရသွားတယ်ထင်ပါရဲ့
(ကျမကတခုလပ် ကလေးအမေဆိုတော့လေ)
သူညကအမူးလွန်သွားတယ်တဲ့ စကားပြောတေလွန်ကုန်ပီဆိုပီးစာပို့လာပါတယ်
အတိုချုပ်ရရင်ကျမဘက်ကနောက်ဆုတ်ပေးလိုက်ပါတယ်
အလိုက်တသိပဲ အခုကျမတို့နှစ်ယောက်လုံးတစ်နိုင်ငံထည်းမှာအလုပ်လုပ်နေကြပါတယ်
ကျမသူ့ကိုမေ့ချင်မုန်းချင်ပေမယ့်မေ့မရနိုင်ဘူးဖြစ်နေတယ်
သူကိုလက်လွှတ်ပေးလိုက်ပေမယ့်ကိုယ့်စိတ်ကိုကျမလွှတ်ချနိုင်ဘူးဖြစ်နေပါတယ်
မျက်လုံးမှိတ်လိုက်တိုင်းသူ့စကားတေပဲပြန်ကြားနေရပါတယ်
ကျမဘယ်လိုမျိုးကြိုးစားပီးမေ့ရမလည်းရှင့် နောက်ထပ်လည်းထပ်မချစ်ချင်တော့ပါဘူး
ကျမလိုတခုလပ်ကလူပျိုလေးကိုရင်ခုန်မိတာမှားလားရှင့် ဝေဖန်ပေးကြပါအူးမမတို့ရေ
ကျမအိမ်ထောင်ကွဲပီးနောက်ပု့င်းမှာတရွာထည်းနေတဲ့အကိုကြီးတစ်ယောက်ကိုကျိတ်ချစ်မိပါတယ်