ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၉၉

အကြံလေးတောင်းချင်လို့ပါ ညီမအသက်က၂၁ ထဲမှာပါ

ကုမ္ပဏီ တစ်ခုမှာ တစ်ရုတ်မြန်မာစကားပြန်လုပ်ရင်းညီမအခုလက်ရှိချစ်သူနဲ့ဆုံခဲ့ပါတယ်

သူကညီမထက်အသက်လည်းကြီးပါတယ် ၂၇ ပါသူက.

ပြီးတော့တရုတ်နိုင်ငံသားပါ ညီမအပေါ်မှာ အရမ်းချစ်ပေးပြီးအရမ်းလည်းကောင်းခဲ့ပါတယ်

ညီမအတွက်နဲ့မြန်မာနိုင်ငံသားလည်းခံယူခဲ့ပါတယ်

အိမ်နဲ့လည်း မိတ်ဆက်ပေးပြီးနှစ်ဖက်လုံးက မိဘတွေကိုလည်းပြောပြပြီးပါပြီ

နှစ်ကုန်မင်္ဂလာဆောင်ဖို့လည်းပြင်ထားပြီးသားပါ

ခုဖြစ်နေတာက ညီမကလူငယ်သဘာဝစိတ်ကစားပြီး တခြားတရုတ်တစ်ယောက်နဲ့ရည်းစားထပ်ဖြစ်ပါတယ်

သူက ၂၉လောက်ရှိပါပြီ ညီမမှာ ​လက်ထပ်မဲ့သူရှိမှန်းလည်းသိပါတယ်

သိရက်နဲ့ကို ညီမကိုလာကြိုက်တာပါ ဒီတိုင်းက နည်းနည်းရှုပ်လို့ ညီမလက်ထပ်မဲ့ကောင်လေးကိုaလို့သုံးပါမယ်

ခုကြိုက်နေတဲ့ကောင်လေးကိုbလို့သုံးပါ့မယ်

ခုက bက ညီမကိုaနဲ့အတင်လမ်းခွဲခိုင်းပါတယ်

တကယ်တော့ a က ညီမအပေါ်မှာအရမ်းကောင်းပါတယ်

ညီမတို့နှစ်ယောက်လုံးက မွေးစားခံရတာချင်းတူပြီး စိတ်ချင်းလည်းတူပါတယ်

ညီမပေါ်လည်းအရမ်းချစ်ပြီးအရာရာလိုက်လုပ်ပေးပါတယ်

ရန်ဖြစ်တိုင်းလည်းသူကပဲတောင်းပန်တာပါ ညီမမိဘနဲ့တွေ့ဖို့အိမ်ခေါ်သွားတော့လည်း မိဘအပေါ်တော်တော်ကောင်းပါတယ်

မင်္ဂလာပွဲမလုပ်ရသေးပေမဲ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးထားပြီးသားဆိုတော့ ညီမတို့က လင်မယားလိုနေပါတယ်

သီးသန့်အိမ်တစ်လုံးမှာ ညီမတိူ့နှစ်ယောက်ပဲနေတာပါ

ထမင်းဟင်းချက်အဝတ်လျှော်ကစ သူပဲလုပ်တာပါ

ညီမကကျန်းမာရေးမကောင်းတော့ နေမကောင်းတိုင်းသူကဘေးမှာအမြဲဂရုစိုက်ပြီး

ညီမနေမကောင်းတိုင်းလည်းဝမ်းနည်းပြီးငိုတတ်သူပါ

bနဲ့တွေ့တဲ့ချိန်မှာ သူညီမကိုရည်းစားစကားပြောတော့ငြင်းဖို့စဥ်းစားမိပေမဲ့စိတ်အလိုလိုက်ပြီးလက်ခံခဲ့မိပါတယ်

a မသိအောင်လည်း ခဏခဏ ချိန်းတွေ့ခဲ့ဖူးပါတယ်

b ကလည်းညီမအပေါ်အရမ်းဂရုစိုက်ပြီးကောင်းပေးပါတယ်

ညီမသူ့ကိုတကယ်ချစ်လားဆိုတော့လည်း မချစ်ဘဲ ဂရုစိုက်မှုမှာသာယာပြီး သဘောကျနေမိတာပါ

ခု a ကအလုပ်ကိစ္စနဲ့တခြားတနေရာသွားတဲ့ချိန်မှာ ညီမက a နဲ့ဖုန်းပြောနေတာကို

b သူငယ်ချင်းတွေကမိသွားပြီး bကိုသွား ပြောခဲ့ပါတယ်

b ကစိတ်ဆိုးပြီးညီမကိုပြဿနာရှာခဲ့ပါတယ်

ပြီးတော့သူ့အချစ်ကိုလှည့်စားတယ်ဆိုပြီးငိုယိုပြီးသူ့ကိုယ်သူလက်သီးနဲ့ထိုးပါတယ်

ပြီးတော့ ညီမကို a နဲ့ပြတ်ဖို့အချိန် ၃ ရက်ပေးမယ် ညီမကသူ့အတွက်ပဲ ဖြစ်ရမယ်ဆိုပြီးပြောပါတယ်

a ကညီမတခြားသူနဲ့ကြိုက်တာမသိပါဘူး ဒါပေမဲ့ အရင်က သူပြောဖူးပါတယ်

သူရှိရဲ့သားနဲ့ ညီမတခြားတစ်ယောက်ကိုကြိုက်တာက သူ့အချစ်ကိုငြီးငွေ့တာကြောင့် အက်လိူဖြစ်တာသူမိရင် ညီမကိုဘာမှမပြောပဲ ညီမရဲ့အဝေးဆုံးကိုထွက်သွားမယ်လို့ပြောပါတယ်

အခု b ကိုလည်းမပြတ်နိုင်သလိုဖြစ်နေတာပါ ချစ်တာကတော့ a ကိုပဲအတည်ချစ်တာပါ

ဒါပေမဲ့ bရဲ့ဂရုစိုက်မှုမှာသာယာနေတာပါ ရည်းစားဖြစ်တာလည်း တစ်လလောက်ရှိပါပြီ

ညီမရွေးချယ်ဖို့ခက်ခဲနေပြီးဘယ်လိုပြန်ဖြေရမလဲ အကြံလေးပေးကြပါ

aကိုလည်း ညီမတကယ် လုံးဝလက်မလွှတ်နိုင်လို့ပါ

အႀကံေလးေတာင္းခ်င္လို႔ပါ ညီမအသက္က၂၁ ထဲမွာပါ

ကုမၸဏီ တစ္ခုမွာ တစ္႐ုတ္ျမန္မာစကားျပန္လုပ္ရင္းညီမအခုလက္ရွိခ်စ္သူနဲ႔ဆုံခဲ့ပါတယ္

သူကညီမထက္အသက္လည္းႀကီးပါတယ္ ၂၇ ပါသူက.

ၿပီးေတာ့တ႐ုတ္ႏိုင္ငံသားပါ ညီမအေပၚမွာ အရမ္းခ်စ္ေပးၿပီးအရမ္းလည္းေကာင္းခဲ့ပါတယ္

ညီမအတြက္နဲ႔ျမန္မာႏိုင္ငံသားလည္းခံယူခဲ့ပါတယ္

အိမ္နဲ႔လည္း မိတ္ဆက္ေပးၿပီးႏွစ္ဖက္လုံးက မိဘေတြကိုလည္းေျပာျပၿပီးပါၿပီ

ႏွစ္ကုန္မဂၤလာေဆာင္ဖို႔လည္းျပင္ထားၿပီးသားပါ

ခုျဖစ္ေနတာက ညီမကလူငယ္သဘာဝစိတ္ကစားၿပီး တျခားတ႐ုတ္တစ္ေယာက္နဲ႔ရည္းစားထပ္ျဖစ္ပါတယ္

သူက ၂၉ေလာက္ရွိပါၿပီ ညီမမွာ ​လက္ထပ္မဲ့သူရွိမွန္းလည္းသိပါတယ္

သိရက္နဲ႔ကို ညီမကိုလာႀကိဳက္တာပါ ဒီတိုင္းက နည္းနည္းရႈပ္လို႔ ညီမလက္ထပ္မဲ့ေကာင္ေလးကိုaလို႔သုံးပါမယ္

ခုႀကိဳက္ေနတဲ့ေကာင္ေလးကိုbလို႔သုံးပါ့မယ္

ခုက bက ညီမကိုaနဲ႔အတင္လမ္းခြဲခိုင္းပါတယ္

တကယ္ေတာ့ a က ညီမအေပၚမွာအရမ္းေကာင္းပါတယ္

ညီမတို႔ႏွစ္ေယာက္လုံးက ေမြးစားခံရတာခ်င္းတူၿပီး စိတ္ခ်င္းလည္းတူပါတယ္

ညီမေပၚလည္းအရမ္းခ်စ္ၿပီးအရာရာလိုက္လုပ္ေပးပါတယ္

ရန္ျဖစ္တိုင္းလည္းသူကပဲေတာင္းပန္တာပါ ညီမမိဘနဲ႔ေတြ႕ဖို႔အိမ္ေခၚသြားေတာ့လည္း မိဘအေပၚေတာ္ေတာ္ေကာင္းပါတယ္

မဂၤလာပြဲမလုပ္ရေသးေပမဲ့လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးထားၿပီးသားဆိုေတာ့ ညီမတို႔က လင္မယားလိုေနပါတယ္

သီးသန္႔အိမ္တစ္လုံးမွာ ညီမတိူ႔ႏွစ္ေယာက္ပဲေနတာပါ

ထမင္းဟင္းခ်က္အဝတ္ေလွ်ာ္ကစ သူပဲလုပ္တာပါ

ညီမကက်န္းမာေရးမေကာင္းေတာ့ ေနမေကာင္းတိုင္းသူကေဘးမွာအၿမဲဂ႐ုစိုက္ၿပီး

ညီမေနမေကာင္းတိုင္းလည္းဝမ္းနည္းၿပီးငိုတတ္သူပါ

bနဲ႔ေတြ႕တဲ့ခ်ိန္မွာ သူညီမကိုရည္းစားစကားေျပာေတာ့ျငင္းဖို႔စဥ္းစားမိေပမဲ့စိတ္အလိုလိုက္ၿပီးလက္ခံခဲ့မိပါတယ္

a မသိေအာင္လည္း ခဏခဏ ခ်ိန္းေတြ႕ခဲ့ဖူးပါတယ္

b ကလည္းညီမအေပၚအရမ္းဂ႐ုစိုက္ၿပီးေကာင္းေပးပါတယ္

ညီမသူ႔ကိုတကယ္ခ်စ္လားဆိုေတာ့လည္း မခ်စ္ဘဲ ဂ႐ုစိုက္မႈမွာသာယာၿပီး သေဘာက်ေနမိတာပါ

ခု a ကအလုပ္ကိစၥနဲ႔တျခားတေနရာသြားတဲ့ခ်ိန္မွာ ညီမက a နဲ႔ဖုန္းေျပာေနတာကို

b သူငယ္ခ်င္းေတြကမိသြားၿပီး bကိုသြား ေျပာခဲ့ပါတယ္

b ကစိတ္ဆိုးၿပီးညီမကိုျပႆနာရွာခဲ့ပါတယ္

ၿပီးေတာ့သူ႔အခ်စ္ကိုလွည့္စားတယ္ဆိုၿပီးငိုယိုၿပီးသူ႔ကိုယ္သူလက္သီးနဲ႔ထိုးပါတယ္

ၿပီးေတာ့ ညီမကို a နဲ႔ျပတ္ဖို႔အခ်ိန္ ၃ ရက္ေပးမယ္ ညီမကသူ႔အတြက္ပဲ ျဖစ္ရမယ္ဆိုၿပီးေျပာပါတယ္

a ကညီမတျခားသူနဲ႔ႀကိဳက္တာမသိပါဘူး ဒါေပမဲ့ အရင္က သူေျပာဖူးပါတယ္

သူရွိရဲ႕သားနဲ႔ ညီမတျခားတစ္ေယာက္ကိုႀကိဳက္တာက သူ႔အခ်စ္ကိုၿငီးေငြ႕တာေၾကာင့္ အက္လိူျဖစ္တာသူမိရင္ ညီမကိုဘာမွမေျပာပဲ ညီမရဲ႕အေဝးဆုံးကိုထြက္သြားမယ္လို႔ေျပာပါတယ္

အခု b ကိုလည္းမျပတ္ႏိုင္သလိုျဖစ္ေနတာပါ ခ်စ္တာကေတာ့ a ကိုပဲအတည္ခ်စ္တာပါ

ဒါေပမဲ့ bရဲ႕ဂ႐ုစိုက္မႈမွာသာယာေနတာပါ ရည္းစားျဖစ္တာလည္း တစ္လေလာက္ရွိပါၿပီ

ညီမေ႐ြးခ်ယ္ဖို႔ခက္ခဲေနၿပီးဘယ္လိုျပန္ေျဖရမလဲ အႀကံေလးေပးၾကပါ

aကိုလည္း ညီမတကယ္ လုံးဝလက္မလႊတ္ႏိုင္လို႔ပါ