ညမက အသက် 20 ကျော်ပါ
ညမဘယ်ယောကျားလေးကိုမှ စိတ်မဝင်စားခဲ့ပါဘူး
တနေ့ အလုပ်လုပ်ရင်းးသူနဲ့တွေ့ခဲ့ပါတယ် သံယောဇဉ်တွေဖစ်နေကြပြီး
သူ့ဘက်က ချစ်နေတာညမသိခဲ့ပါတယ် ညမဘက်လည်း ချစ်နေမိပါပြီ
ဒါမဲ့ တနေ့ ညမ သိလိုက်ရတာက သူ့မှာ မိန်းမနဲ့ကလေးရှိတယ်ဆိုတာပါ
ညမ အရမ်းရုပ်ကျိုးပျက်ပါ သူ့ကိုအကိုလို တွေးးပေးခဲ့ပါတယ်
သူ့ဘက်က တဆင့်တဆင့်တိုးပြီး ချစ်ခွင့်ပန်ခဲ့တယ်
အချိန်တခုထိငြင်းခဲ့ပေမယ့် သူ့ရဲ့ဂရုစိုက်မှုတွေမှာ သာယာခဲ့မိပါတယ်
ညမရီးစားတောင် မထားဖူးခဲ့လို့ သာယာမိခဲ့ပါတယ်
သူနဲ့သူ့မိန်းမက အသက် 10 နှစ်ကျော်ကွာပါတယ် သူ့မိန်းမကကြီးတာပါ
သူကငယ်ငယ်လေးနဲ့ယူမိပြီး အခုမှ ညမ ကို အသေရရအရှင်ရရဖစ်တာပါ
ညမနဲ့ ဒီတိုင်းတွေ့ချင်တယ်ဆိုလို့ ညမသွားတွေ့ရာက ညမအပျိုစင်ဘဝကို သူယူသွားခဲ့ပါတယ်
ညမ အပျိုစင်ပေးလိုက်ရလည်းရတယ် သူ့ကိုလမ်းခွဲမယ် ကိုယ့်မိသားစု ကိုယ်ပြန်ကြည့်ပါလို့ ပြောတော့ ညမကို အဲ့နေ့က ငိုယိုပြီးဒူးးထောက်တောင်းပန်ပါတယ်
ညမ ဘလိုမှမခံစားနိုင်ပါဘူးး သူ့မိန်းမလည်းဒီအကြောင်းသိပါတယ်တဲ့ သူ့မိန်းမက ညမနဲ့ ယူဖို့ ကွာရှင်းပေးမယ် ကလေးတွေကြီးတဲ့ထိပဲ တာဝန်ယူပေးပါလို့သူ့ကိုပြောပါတယ်တဲ့
အခု သူညမဆီလာလည်း ညမအသိုင်းအဝိုင်းကမြင့်တော့ ညမ သူ့ဆီ ခုန်ချပြီးမလိုက်ရဲပါဘူးး
ဘယ်မိဘကရော ကိုယ့်သမီးနုနုလေးကိုအိမိထောင်သည်နဲ့ သဘောတူမှာလဲ ညမနားလည်ပါတယ်
ညမအိမ်ကလည်း သူနဲ့ကြိုက်နေတာသိသွားလို့ ညမကို အဲ့အလုပ်ကနေတောင် ထုတ်လိုက်ပြီးး
အခုဆို နေ့နေ့ညည ဆူပူကြိမ်းမောင်းပါတယ် ညမသူများအိမ်ထောင်မဖျက်စီးချင်ပါဘူး
ညမအတွက်အချိန်မမှီတော့ပေမယ့် ညမ သူ့မိသားစုအတွက်အချိန်မှီကယ်တင်ချင်ပါသေးတယ်
သူကတော့ပြောပါတယ် တနေ့ကြိုးစားပြီးသေချာပေါက်လာခေါ်မှာတဲ့ စောင့်နေပေးပါနော်တဲ့
ညမဝေခွဲမရဖြစ်နေတယ် ဘလိုလုပ်ရမလဲရှင့်
အပျိုမဟုတ်တာဟုတ်တာက ဘဝကြီးလားဟင်
အခုဆို depression အရမ်းဝင်နေလို့ပါ အပျိုသာမပျက်ခဲ့ရင် ညမ သူ့ကို လုံးဝ လက်လျော့ပေးလိုက်မှာ 100%ပါ
အခု ညမဘဝ ကိုတွေးပြီးကြောက်နေမိတယ် ငါအပျိုမဟုတ်တော့ဘူး
ငါရှေ့ဆက်မရတော့ဘူးဆိုပြီးးးအရမ်းကြောက်နေလို့ သူ့ကိုလည်းအရမ်းချစ်တယ်
ညမတောင်ဒီလောက်ချစ်တာ သူ့မိန်းမဆို ဘလောကါတောင်ခံစားရမလဲနော်
တောင်းပန်ပါတယ် အမရေ စိတ်ချပါ
ညမကို သူစိတ်ကုန်အောင်တတ်နိုင်သလောကါကြိုးစားနေပါတယ်
ညမက အသက် 20 ကျော်ပါ