ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၀၂

ကျမ က အသက် ၂၈ ပါ အိမ်ထောင်ကျတာက ၂၀ တည်းက ပါ

ကျမအမျိုးသားကိုအရမ်းကို ချစ်တာပါ

သူက သဘော်တက်ပါတယ် ရှင့်

ခုချိန်ထိ ကျမအပေါ်အရမ်းကောင်းပြီး အရမ်းချစ်တဲ့သူပေါ့

ဒါပေမဲ့လေကျမ ဘာဖြစ်နေတယ် ကိုယ့်ဘာသာ မသိဘူး

s*x ကိစ္စ တွေ စိတ်မဝင်စားတော့ဘူးဖြစ်နေတာ တခြားလူကိုစိတ်ရောက်တာလဲ မဟုတ်ဘူး

သူ့ကို မချစ်တော့တာလဲ မဟုတ်ပဲနဲ့ s*x အကြောင်းကို မကြားချင်လောက်အောက် စိတ်ကုန် နေတယ်

ကျမ ရောဂါများ ဖြစ်နေလား မသိဘူး

သူကပြောတယ် သူ့ကို အရင်လိုမချစ်တော့ဘူးတဲ့

online ကပဲ အချိန်ကုန်ကျရတာမို့ လိုင်းပေါ်ပဲ s*x တာက များရတာ

ကျမ အခု အဲ့လိုမလုပ်နိုင်တော့ဘူး ဖြစ်နေတယ်

သူပြန်လာရင်လဲ တူတူ မနေချင်ဘူးဖြစ်နေတယ် ကျမ ရောဂါများ ဖြစ်နေလား မသိဘူး လို့ ဆိုက်ကို ဝင်နေတယ်

ကျမ ဘယ်လိုလုပ်ရပါ့မလဲ မသိဘူးနော် အကြံဥာဏ်လေး ပေးကျပါ ဦး

ကျမ သူ့ကို အရမ်းလဲ ချစ်ပြီး အဆုံး ရှုံးလဲ မခံနိုင်ပါဘူးရှင်

ဒါပေမဲ့ s*x တော့ မလုပ်ချင်တော့ဘူး

​ငြင်းဆန်တာများလာရင်လဲ တခြားတစ်ယောက် အပေါ် စိတ်ညွှတ်သွားမှာလဲ စိုးရိမ်တယ်

သူက s*xကိစ္စ ဝါသနာ နည်းနည်း​​ေတာ့ကြီးတယ်

ခုချိန်ထိတော့မဖောက်ပြန်ဖူးပါဘူး

စိတ်တွေ အတော် ညစ်နေရတယ်ရှင်

သူပြန်လာရင် ဘယ်လိုရင်ဆိုင်ရမလဲ လို့ပေါ့

ကျမတို့မှာ သမီးလေး တစ်ယောက် ရှိပါတယ် ရှင် အကြံဥာဏ်လေး တောင်းဆိုပါရစေ ရှင့်

















သူက s*xကိစ္စ ဝါသနာ နည်းနည်း​​တော့ကြီးတယ်



