ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၀၃

ညီမလေး တယောက်တည်း ဆုံးဖြတ်ချက်အမှားကြီး ချမိစိုးလို့ တစ်ဘဝလုံးနဲ့ ဆိုင်နေလို့ပါ

အချစ်ကို နှလုံးသားနဲ့ဆုံးဖြတ်ရင် အရာရာ ခွင့်လွှတ်သည်းခံနိုင်ပါတယ်

ဒါပေမယ့် ဦးနှောက်နဲ့ပဲ ဆုံးဖြတ်ပြီး ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်ဆို သိလို့ပါ

ညီမလေး ချစ်သူကို ညီမ အရမ်းချစ်ခဲ့တယ်

သူကလဲအရမ်းချစ်ခဲ့ပါတယ် ချစ်သူသက်တမ်း ၈နှစ်ပါ

ဒီနေ့ ဒီအချိန်ထိ အဆက်သွယ်မပြတ်ခဲ့ပါဘူး

ဒါပေမယ့် မထင်မှတ်ပဲသိလိုက်ရတာက ညီမ ချစ်သူက သူ့ဆီမှာ ညီမလေးနဲ့ တွဲ့နေရက်ကြီးနဲ့ phout pyan တာ

ချစ်သူသက်တမ်း ၂လရှိနေပြီတဲ့

ညီမလေး သိသိချင်း ကမ္ဘာပျက်မတတ် အရမ်းခံစားရတယ်

နောက်နှစ် မင်ဂလာဆောင်ကြဖို့လဲ ပြောပြီးပြီ မိဘတွေကလဲ အရမ်းသဘောကောင်းတယ်

ညီမကို အရမ်းချစ်တယ် ဒါပေမယ့် ညီမချစ်သူက ညီမကို လက်ထပ်မယ်ပြောပြီး အခြားမိန်းမတယောက်ကို ချစ်တယ်ပြောတာ ညီမ လက်မခံသင့်ဘူးထင်လို့ပါ

သူကပြောတယ် အဲ့တယောက်ကိုအပျော်သဘောပဲ ရှိတယ် ကျန်တဲ့အပိုင်း မပါဘူးတဲ့

ဒါပေမယ့် ညီမလေး အရမ်းခံစားရတယ် ညီမဘက်ကသစ္စာရှိသလောက်သူ့ဘက်က ၂လနဲ့ လဲခဲ့တယ်

အရမ်းဒေါသဖြစ်ခဲ့တယ် အခု ပြန်တောင်းပန်တယ် နောက်တခါမလုပ်တော့ဘူးတဲ့

အဲ့ တယေါက်ကိုဖြတ်ပြီးပြီတဲ့ ဒီတခါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ပါတဲ့

ညီမလေး ဘက်က ဘာမှ ပြန်မဖြေရသေးဘူး ညီမလေး နောက်ဆုတ်သင့်လား

ခွင့်လွှတ်ပေးသင့်လားရှင့်

ရှေ့ဆက်မတိုးပဲ ရပ်လိုက်ရင် အရမ်းခံစားရမယ် ခဏပဲ မရပ်ပဲဆက်တိုးမိရင် နောက်မှထပ်ဖောက်ရင် ၂ခါခံရမယ် လို့ ဦးနှောက်က သတိပေးတယ်

အရမ်းချစ်တဲ့ စိတ်က ခွင့်လွှတ်ပေးလိုက်မယ်

သူ နောက်တခါ မလုပ်လောက်တော့ဘူးဆိုပြီးယုံကြည်နေချင်နေသေးတယ်

အဲ့ ဆုံးဖြတ်ချက် ၂ခုကို နောင်တ မရအောင်ချသင့်တဲ့တခုကို ကူညီပါနော်

ညီမလေးက တမျိုးလုံး တဆွေလုံးရဲ့ အချစ်တော်မလို့ပါ အိမ်မှာအရမ်းဦးစားပေးခံရတဲ့သူပါ

ဒီလိုအဆင်မပြေတာသိရင် ညီမကိုချစ်တဲ့သူတွေ စိတ်မဆင်းရဲစေချင်လို့ပါ






















