ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၀၄

ရင်ဖွင့်အကြံဉာဏ်လေးတွေတောင်းချင်လို့ပါအရင်ဆုံးစာရှည်မှာမို့စိတ်ရှည်ရှည်နဲ့ဖတ်ပေးဖို့တောင်းဆိုချင်ပါတယ်

ညီမစိတ်ထဲမတင်မကျဖြစ်နေတဲ့ခံစားချက်လေးပါ

ညီမကောင်လေးနဲ့ညီမကldrsချစ်သူတွေပါ

သူနဲ့ တစ်နှစ်ပြည့်ခါနီးမှ အပြင်မှာတွေ့ဖူးတာပါ

သူကညီမထက်ငယ်ပါတယ် ညီမအိမ်ကကောင်လေးနဲ့အပြင်မှာတွေ့တာ သဘောမကျပါဘူး

ကောင်လေးကျတော့ သူ့အတွက်ညီမကအချစ်ဦးပါ

အိမ်မှာလာတွေ့ဖို့မရဲပါဘူး သူညီမကိုပြောတာတော့ သူ့မှာအာမခံချက်အလုပ်ကိုင်မရှိသေးလို့ အိမ်မှာလာတွေ့ဖို့အဆင်မပြေဘူးပြောပါတယ်

ညီမအိမ်ကသူ့ကိုဘာမှမပြောဘူး အိမ်မှာလာတွေ့ပါလို့အတင်းခေါ်လို့ ညီမတို့2ခါတွေ့ဖူးပါတယ်

သူကတော့ အပြင်မှာသီးသန့်တွေ့ချင်တာပါ

အဲ့လိုတွေ့ဖို့ညီမဘက်ကအဆင်မပြေဘူးလေနော် အတင်းခေါ်ပြီးအိမ်နဲ့တစ်ခါတည်းမိတ်ဆက်ပေးမိတယ်

သူ့အတွက်တော့စိတ်ဖိစီးမှုလိုဖြစ်တာ ညီမသိပါတယ်

အဲ့လိုတွေ့ပြီးလို့ညီမကအလုပ်ရှိတဲ့စီပြန်ရတော့အနေဝေးပါတယ်

သူကအချစ်ကိုတန်ဖိုးထားတဲ့သူတစ်ယောက်လို့တော့ ပြောပါတယ်

အနေအေးတဲ့သူတစ်ယောက်လည်းဖြစ်တယ် ခုခေတ်လူတွေကအချစ်ကိုတန်ဖိုးမထားကြတော့ဘူးလို့သူပြောတယ်

သူကတော့ တစ်သက်မှာတစ်ယောက်ပဲတန်ဖိုးထားချစ်သွားမယ်တဲ့

အပေါ်ယံအချစ်တွေပေးမယ်ဆိုမကြိုက်ဘူးလို့ပြောပါတယ်

ညီမတို့ချစ်သူဖြစ်တာကလည်းသူ့ဘက်ကစပြီး စကားလာပြောလို့ဖြစ်ခဲ့ကြတာပါ

ညီမအရင်ကချစ်သူတွေရှိဖူးတယ် သူ့ကိုလည်းအမှန်တိုင်းပြောပြထားပါတယ်

ဒါမဲ့သူနဲ့တွေ့တော့အရင်လူတွေမတူပါဘူး သူ့ကိုညီမတကယ်ချစ်မိသွားတယ် အပျော်သဘောဆိုပြီးလက်တွဲတာမဟုတ်ဘဲတကယ်ချစ်လို့အတည်လက်တွဲလာတာပါ

သူနဲ့လက်တွဲတာအကြာဆုံးပါ ခုသူနဲ့ချစ်သူသက်တမ်း1နှစ်ကျော်မှသူ့ဘက်ကနည်းးသွေးအေးလာသလိုခံစားရပါတယ်

တစ်ခါတစ်လေ သူအဆင်မပြေရင် ညီမကိုစကားသိပ်မပြောပါဘူး

အဲ့ရက်တွေဆိုညီမနဲ့မေးတစ်ခွန်းဖြေတစ်ခွန်းပဲပြောပါတယ်

အဆင်မပြေဘူးလားရင်ဖွင့်ပြောပြလေလို့ပြောရင် သူကမြိုသိပ်တတ်တဲ့သူ ကိုယ်အဆင်မပြေတာကြိတ်ခံစားတတ်တဲ့သူလို့ပြောပါတယ်

ညီမကိုလည်းစိတ်မညစ်စေချင်လို့ဆိုပြီးပြောလာပါတယ် အဲ့လိုရက်တွေပြီးရင် ညီမတို့ပြန်အဆင်ပြေကြတယ်

ညီမကစိတ်ကောက်တတ်တဲ့သူပါ သူဘက်ကငါ့ကိုမချစ်တော့နဲ့စပြီးပြောလာရင်တောင် ၀မ်းနည်းပီးစိတ်ကောက်တယ်

အဲ့လိုသိတော့ သူအမျိုးမျိုးစပါတယ် ညီမသူစတိုင်းလည်းငိုရပါတယ်

အခြားတော့မဟုတ်ဘူးတစ်နေ့သူပြောတဲ့တိုင်းတွေဖြစ်လာမှာစိုးရိမ်ပြီး ၀မ်းနည်းတာသူဘက်ကလည်းအတည်လို့ပြောပါတယ်

အဲ့လိုပြောပြီးနောက်ပိုင်းသူညီမကိုအဆက်သွယ်သိပ်မလုပ်ပါဘူး

သူအဲ့လိုလုပ်တော့သူညီမကိုတကယ်မချစ်ပဲလက်တွဲ‌နေတယ်လို့ထင်မိပါတယ်

သူက19နှစ် ရင်ခုန်တတ်စအရွယ်ဆိုတော့ သူ့စိတ်သူသေချာမသိဘဲညီမကိုလက်တွဲပြီး ခုမှသူချစ်သူထားတာ‌ဘယ်လိုဆိုတာသိပြီးညီမကိုလက်မတွဲချင်တော့ဘူးထင်တယ်

ညီမသူ့ကိုစိတ်ညစ်အောင်လည်းမရစ်ဖူးပါဘူး အေးဆေးမပြေလည်ရင်တောင်ပြေလည်ဖို့ပြန်ညှိယူပြီးရှေ့ဆက်လာကြတာပါ

ခု3ရက်လောက်ရှိပါပြီ သူ့အမပြောတာတော့ သူ့ဖုန်းပျက်သွားလို့ဆိုပြီးပြောလာပါတယ်

သူသာညီမကိုတကယ်ချစ်ရင် ဆက်သွယ်ဖို့ကြိုးစားမယ်ထင်တယ် ဖုန်းမပျက်ခင် ရှေ့ရက်တွေတည်းက သူညီမနဲ့စကားသိပ်မပြောချင်တော့ပါဘူး

ဖုန်းပျက်မဲ့နေ့မှာညီမစာဖတ်ပြီးစာမပြန်ပါဘူး သူ့ဘက်ကအဲ့လိုဖြစ်တော့ညီမရှေ့ဆက်ဘယ်လိုလုပ်ရမလဲရှင့်

































