ညီမကခု၁၈ပါ သူငယ်ချင်းတစ်ယောက်နဲ့ပေါင်းမိတာကစတာပါ သူလဲမိန်းကလေးပါ
အစကတော့ ညီအမလိုခင်မိခဲ့တာ နောက်တော့သူကကိုယ့်အပေါ်မှာတစ်ကယ်မကောင်းဘူး
အပေါ်ယံတော့အရာရာ ကောင်းပေးပေမယ့် တစ်ကယ့်စိတ်ရင်းကဒီလိုမဟုတ်ဘူး
ညီမကောင်လေးနဲ့လဲခင်နေတော့ ညီမရှေ့ရောက်ရင် ညီမကောင်လေးကိုညီမထက်ပိုနိုင်ကြောင်းပြတာပါ
အီစီကလီတွေပါလုပ်တဲ့အဆင့်ပါ အဲ့တာကိုဘာမှမဖြစ်သလိုညီမရှေ့မှာပြောပြနိုင်ပါတယ်
ကောင်လေးနဲ့တွဲနေတဲ့အချိန်တုန်းက တအားစိတ်ပင်ပန်းရပါတယ်
ကောင်လေးကလဲ အဲ့တစ်ယောက်post တိုင်းမှာတော့ react cmt တွေရှိနေခဲ့ပြီး
ညီမကိုတော့ရှိတယ်တောင်မထင်ခဲ့ပါဘူး။
ညီမကစိတ်ဆိုးရင်တောင် အဲ့တစ်ယောက်ချော့ခိုင်းမှလာချော့တာမျိုးပါ။
ညီမကလဲ ဘာလို့များဘာမှပြန်မပြောပဲ ငြိမ်ခံနေမိလဲမသိတော့ပါဘူး။
ညီမရဲ့ပုံစံက စွာပါတယ် မဟုတ်မခံပါ
ဒါပေမယ့် ဒီလိုကျတော့ အဲ့သူငယ်ချင်းဘာပြောပြော ရယ်ပဲရယ်နေနိုင်တာပါ ဘာမှမပြောနိုင်ပါဘူး။
ပြီးရင် အဲ့သူငယ်ချင်းကလဲ physical touch တအားလုပ်ချင်တာပါ
သူ့ရည်းစားတွေနဲ့လဲလုပ်သလို ညီမကိုလဲအဲ့လိုတွေလုပ်ပါတယ်။
ညီမက အရမ်းရှက်တတ်ပါတယ် ဒီလိုတွေမကြိုက်ပါဘူး မိန်းကလေးချင်း boobs တွေလိုက်ကိုင်တာမျိုးလဲမကြိုက်ပါဘူး။
ဒါပေမယ့် ညီမသူ့ကိုတော့မကြိုက်ကြောင်းမပြောရဲဖြစ်နေတာပါ။
ညီမရဲ့ပုံစံကိုလဲ အရမ်း shaming လုပ်တာပါ ညီမကိုယ်ညီမ တစ်ခါမှရုပ်ဆိုးတယ်မထင်ခဲ့ဖူးပါဘူး။
သူနဲ့ညီမကောင်လေးဆိုတဲ့သူနဲ့ပေါင်းပြီး ပြောကြမှ ကိုယ့်ကိုယ်ကိုယ်ရုပ်ဆိုးတယ်လို့ပါမြင်လာပြီး
မှန်ပါမကြည့်ရဲတော့တဲ့ထိပါပဲ Traumaတွေလဲအများကြီးရနေတာပါ။
ညီမကိုယ်ညီမလဲ selflove ဘယ်လိုမွေးမြူရမလဲသိချင်ပါတယ်။
သူ့ကိုမပေါင်းလဲမပေါင်းချင်တော့ပါဘူး။ ဘယ်လို move on ရမလဲဆိုတာအရမ်းသိချင်ပါတယ်။
ရင်ဖွင့်စရာသူငယ်ချင်းမရှိလို့ဒီမှာလာပြောပြရတာပါ အရမ်းပင်ပန်းနေပါပြီ။
အဲ့သူငယ်ချင်းဆီကနမ်းတာလဲခနခနခံရပါတယ် တစ်ကယ်ကိုမကြိုက်ပေမယ့် ဘာလို့မငြင်းရဲရတာလဲမသိတော့ပါဘူး။