ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၀၆

ညီမစာလေးကို အဆုံးထိ့ ဖတ်ပေးပြီးလေ..အကောင်းဆုံးနဲ့ စိတ်သက်သာရာရစေဖို့ပြောပေးကြပါနော်..

ညီမတို့က အိမ်ထောင်ကျတာ..၁နှစ်ပြည့်ပီးပါပီ..

မကြာသေးပါဘူး..ညီမမှာက..အခု့ ကိုယ်ဝန်နဲ့ပါ..

ဒီ.၁၁လပိုင်းမှာမွေးမှာပါ..အ့ ၁၀လပိုင်းလောက်ကပေါ့..ညီမ အမျိုးသားက phout pyan လို့ပါ..

အရမ်းဆိုးဆိုးရွားရွားမဟုတ်ပေမဲ့လေ..လိုင်းပေါ်ကပါ..

ကောင်မလေးနဲ့က အဝေးကြီးပါ..ဒါပေမဲ့ သူကိုယ်တိုင်ဖွင့်ပြောပြပြီးတောင်းပန်တာပါ..

ညီမကို..ငါမှားသွားပါတယ်..ညီမနဲ့ဘဲ အဆင်ပြေပြေပြန်နေချင်ပါတယ်တဲ့..

ညီမပြောတာကလေ.ညီမဘမသိ့ဘူးလေ သူဖွင့်ပြောစရာမလိုဘဲ အဆက်သွယ်ဖြတ်လိုက်ရင်ရပီ မဟုတ်ဘူးလားဟင်

ဟိုကောင်မလေးက လဲတောင်းပန်ရှာပါတယ် သူမသိ့လို့ပက်သက်မိ့တာပါ..

သူတောင်းပန်ပါတယ်ပေါ့ ညီမအမျိုးသားကိုပြန်လက်ခံပေးပါပေါ့ ခနခနပါဘဲ တောင်းပန်တာ..

အ့ကောင်မလေးက ညီမနဲ့ကွာရှင်းပီးရင်တော့ ရှေ့ဆက်ကြမယ်လို့ပြောထားလို့ပါ..

ညီမယောကျာ်းကဉီမကို အ့တာမို့ အပစ်မရှိအပစ်ရှာပီး အ့ရက်ပိုင်းက ကွာရှင်းဖို့ကို ပြောတာ ညီမက နားမလည်ဘူးလေ..

အ့တာတွေပီးသွားတော့ ညီမမှာ ကလေးလေးရှိမှန်း ကောင်မလေးက သိ့သွားတော့လုံးဝနောက်ဆုတ်လိုက်ပါတယ်

ညီမ အမျိုးသားလဲ အတူတူပါဘဲ သူတို့အချင်းချင်းညီမရှေ့တင် blockကြပါတယ်

ဖုန်းနံပါတ်တွေရော ညီမယောကျာ်းက သူနဲ့ ကြိုက်နေစဥ်အတွင်းကလဲလေ ညီမဆီကိုတပတ်တခါပြန်လာပါတယ်

သူ့အလုပ်က အိမ်နဲ့ဝေးတော့ တပတ်မှ တခါပြန်လာတာပါ..

အ့တာတွေဖစ်ပီးနောက်ပိုင်း ညီမ စိုးရိမ်စိတ်တွေကြီးပီး ညီမက ဖုန်းတွေဆက်..စာတွေ ခနခနပို့ ဟိုကောင်မလေးနဲ့လဲ ညီမနဲ့က အဆက်အသွယ်မပြတ်ပါဘူး

ညီမစိတ်ပူတာကလေ ညီမမွေးတဲ့အချိန်ထိ့စောင့်ကြည့်နေကြတာလားလို့ ညီမက ထင်နေမိ့လို့ပါ

ညီမ စိတ်တွေလဲ အရမ်းမွန်းကြပ်နေပါပီ

ညီမအမျိုးသားက သူ့ဆီညီမလိုက်သွားလဲ အေးဆေးပါပဲ တပတ်တခါလဲ ခါတိုင်းလိုဘဲ ပြန်လာတယ်

ညီမဖုန်းဆက်လို့မအားရင် ညီမက စိတ်တွေက လေးလာပီး ပြောချင်တာတွေငိုယိုပီး thet tay မယ်ဆိုတာတွေဘဲပြောတာပါ

သူနဲ့ညီမနဲ့က လက်မှတ်လဲ မထိုးထားပါဘူး ညီမက အခု့ထိုးမယ်ပြောတော့ ထိုးမယ်လို့တော့ပြောပါတယ်

သူကအေးဆေးပါဘဲ ဒါပေမဲ့ သူ့သူငသ်ချင်းနဲ့စာပို့ထားတာတွေ့တာက သူညီမအပေါ် ခံစားချက်မရှိတော့ဘူးတဲ့

အရင်လိုသူပြန်ချစ်ပေးချင်တယ်တဲ့ ညီမကို အ့တာ ညီမ၊ယ်လိုဆုံးဖြတ်ရမလဲဟင်

ညီမ ထင်နေသလိုသူတို့ရှေ့ဆက်နေကြတာလား ညီမဖုန်းဆက်လို့လေ ပြိုင်တူမအားကြဘူးသူတို့က အားတော့လဲ အတူတူဘဲ

ညီမအမျိုးသားက သူ့အဖေနဲ့ပြောနေတာပါတဲ့ ဟိုကောင်မလေးကလဲ မဟုတ်ပါဘူး တဲ့

ညီမ ဘယ်လိုတွေးရမလဲဟင် သူတို့က ညီမထင်သလိုတကယ်ဘဲလား

ညီမယောကျာ်းက တခု့ရှိတာက သူမလုပ်တော့ဘူးပြောရင်မလုပ်ပါဘူး အ့တာကို ခနခနပြန်ပြောနေရင်တော့ သူမကြိုက်ဘူး သူက ညီမကို သမီးလေးရှေ့ရေးရှိတယ်

ညီမ မိ့သားစုနဲ့ ကသူအဆင်မပြေဘူး အတူနေလို့မရဘူးလို့တော့ ခနခနပြောပါတယ်

ညီမ ဘယ်ဟာကိုယုံရမလဲဟင် ညီမစိတ်ထင်နေတာက ညီမ ကိုယ့်ကို thet tay မှာစိုးလို့ နေပေးနေတာလား

တကယ်သူညီမကိုပြန်ချစ်ဖို့ကြိုးစားရင်း ညီမအနားမှာ သမီးလေးမျက်နှာရောရှိလို့နေနေတာလား

အ့လိုတွေးနေလို့ပါ ညီမစိတ်ထဲမှာ ညီမမွေးပီးရင်ထားသွားမယ် ထင်နေလို့ပါ

သူကခါတိုင်းလိုဘဲ သူမနက်လင်းရင်ဖုန်းဆက်မယ် သူ့အလုပ်မှာသူအေးဆေးလုပ်မယ်

အလုပ်က အမကိုလဲ ကြည့်ခိုင်းထားပါတဲ့ညီမကို ခါတိုင်းလိုဘဲ ပြန်နေကြမယ်တဲ့

ညီမစိတ်ထဲမာတွေးနေတာက အချိန်တခု့ရောက်ရင်ညီမကိုထားသွားခဲ့မှာလို့ဘဲ တွေးမိ့နေလို့ပါ..

တကယ်ဘဲ ခိုကိုးရာမဲ့နေပါပီ..



































