ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၀၇

မင်မင်ရေ စိတ်ထွက်ပေါက်လိုအပ်နေလို့ပါ

မဂ်လာဆောင်ခါနီး သတို့သမီးပါ လက်ထပ်ဖို့4ရက်လောက်ပဲလိုပါတော့တယ်

ကောင်လေးနဲ့က 6နှစ်နဲ့ 7လတွဲလာတာပါ

သူကမိသားစုမှာသားအကြီးပါ အဖေမရှိတော့လို့သူကအိမ်ထောင်ဦးစီးလိုဖြစ်နေပါတယ် အမေနဲ့ညီမတွေက သူဘာပြောပြောလက်ခံပါတယ်

သူကဒေါသကြီးပါတယ် သူဒါဆိုဒါမှကြိုက်တာပါ

နှစ်ဖက်မိဘပတ်ဝန်းကျင်အကုန်သိထားပါတယ်

ကောင်လေးက လက်မထပ်ချင်သေးပါဘူးရှင် နောက်နှစ်မှ လက်ထပ်ချင်တာပါ လက်ထပ်ဖို့ပြောတိုင်းငြင်းပါတယ် နောက်နှစ်မှလုပ်ချင်တယ်ပဲပြောပါတယ်

ကျမအမေနဲ့ကျမက စိတ်မချတာရော မယုံတော့တာရောကြောင့် သူတို့ဘက်က စီစဥ်ပေးခဲ့ပါတယ်

အခုလက်ထပ်ဖြစ်တာကလည်း ကောင်လေးကအမြဲ အလုပ်ကိစ္စ(ကားအရောင်းအဝယ်)နဲ့ခရီးသွားရပါတယ်

တစ်လကို တစ်ရက်လောက်ပဲပြန်လာတာပါ သူကအမြဲခရီးသွားနေရတော့ အနေဝေးပြီး အပျော်ဘက်လိုက်တတ်လာလို့ စကားတွေခဏခဏများရပါတယ်

Vcallခေါ်လည်း ကိုင်ချင်မှကိုင် ဖုန်းခေါ်လည်း ကိုင်ချင်မှကိုင်နဲ့ အရင်ကထက် အများကြီးပြောင်းလဲသွားပါတယ်

ဒီတစ်ခေါက်ပြန်လာတော့ရင်ဘတ်မှာ Marking ရာတွေတွေ့ပါတယ်

မေးကြည့်တော့ အတူနေ 19နှစ်ကောင်လေးက ကိုက်တာလို့ပြောပါတယ်အဲ့ကလေးက အဲ့လိုကိုက်တတ်ပါတယ်

ကျမနဲ့ Vcallခေါ်နေရင်းနဲ့ကိုက်ဖူးပါတယ်

ဒါပေမယ့် ကိုက်ရုံနဲ့တော့ Marking လိုအနီကွက်ကြီးတော့ ကျန်မနေဘူးမို့လားရှင်

ကျမ မယုံချင်ပေမယ့် ယုံလိုက်ရပါတယ်

ထပ်မယုံစရာက ဖုန်းနောက်တစ်လုံးနဲ့ နောက်ဆင်းကဒ်နဲ့ သုံးပါတယ် ကျမသိတော့လိမ်ပါတယ်

နောက်ဆုံးမှဝန်ခံပါတယ် ခရီးသွားရတော့ လိုင်းမမိတဲ့နေရာမို့ သုံးရတာပါဆိုပြီး ပြန်လာရင် ပြမယ်ဆိုပြီး

ပြန်လာတော့ ဆင်းကဒ်ရောဖုန်းပါ မပြပါဘူးရှင်

အဲ့ကျ ကျမသူ့အပေါ် ယုံကြည်မှု မရှိတော့တာပေါ့ရှင်

သူက သူ့ကိုအဲ့လိုမယုံရင်လည်းမကြိုက်ပါဘူး ကျမယုံအောင်လည်းမကြိုးစားဘူး

မယုံနေကွာ ဆိုတဲ့စကားလုံးသုံးပြီး ချော့လည်းမချော့ ပစ်ပစ်ထားပါတယ် ကျမမှာ ညတိုင်းရက်ဆက်ငိုခဲ့ရတာပါ

ဒီလိုနဲ့မဖြစ်တော့ဘူး ပြတ်ကြမယ် စိတ်ကုန်ပြီလို့ လမ်းခွဲတော့မှ သူကလက်မခံဘူး မိဘတွေကိုပြောတော့

မိဘတွေက မဖြစ်တော့ဘူး စီစဥ်ကြတော့ဆိုပြီး အကုန်သဘောတူကြပြီးမှ စီစဥ်ကြတာပါ

ကျမအဘွားနဲ့အကိုကတော့ သဘောမတူလို့ကျမကိုမခေါ်ပါဘူး

စေ့စပ်ပွဲတုန်းကကောင်လေးက မဂ်လာစရိတ်သိန်း တစ်ရာနဲ့ စေ့စပ်လက်စွပ်နှစ်ကွင်း စီစဥ်ပေးပါတယ်

မဂ်လာဆောင်ကျွေးမွေးဖို့ ကျမတို့ဘက်က စီစဥ်ပေးရပါတယ်

ကျမတို့ကလည်း ဘာလုပ်လုပ် သတို့သားမိသားစုကိုတိုင်ပင်ပြီးလုပ်ပါတယ်

တိုင်ပင်တုန်းကတော့အဆင်ပြေတယ် လုပ်လုပ်ဆိုပြီး တကယ်စီစဥ်ပြီးရော

မကြိုက်ဘူး အစီအစဥ်မကျဘူးဆိုပြီး စကားပြောကြရပါတယ်

Pre Wedding တုန်းကလည်း သတို့သားက မလှဘူးပြောလို့ငိုခဲ့ရပါသေးတယ်

ကို့သတို့သားမှလှတယ်မပြောရင် ဘယ်သူကလှတယ်ပြောမှာလဲရှင်

သတို့သားက မိတ်ကပ် ဝတ်စုံကအစ ကျမရွေးတာတွေ တစ်ခုမှမကြိုက်ပါဘူး

သူကြိုက်တာပဲ ဝတ်စေချင်တာပါ သူကြိုက်တာကျ ကျမက မကြိုက်ပါဘူး

ပွဲနေ့ မိတ်ကပ်နဲ့ ဆံထုံးကိုလည်း ကျမရွေးတာ တစ်ခုမှမကြိုက်ပါဘူး ပုံတစ်ပုံပြပြီးအဲ့လိုပုံပဲလိုချင်တဲ့စကားမျိုးပြောတာပါ

အဲ့ဒီပုံကျမမကြိုက်ပါဘူး

ကြာလာတော့ကိုယ့်ကိုယ်ကိုယ်တောင်ယုံကြည်မှုမရှိတော့ပါဘူး ပိုက်ဆံတော့သုံးခိုင်းပါတယ်

ဒါပေမယ့် သူခိုင်းသလိုလုပ်ဆိုတဲ့သဘောမျိုးပါ ကျမစိတ်တိုင်းကျလုပ်ရတယ်ကိုမရှိပါဘူး

သူကကျမရွေးတာမှန်သမျှစိတ်တိုင်းမကျတာပါ

အဖက်ဖက်က သဘောထားမတိုက်ဆိုင်ပဲ ဖြစ်နေတာပါ ပြီးတော့ သတို့သားက ကျမနဲ့ယူခါနီးမှ လာဘ်ပိတ်သလိုမျိုးစကားတွေလည်းပြောပါတယ်

ဒီနှစ်လ လုံး သူ့ကားတွေက တစ်စီးမှရောင်းမထွက်တာပါ ခေတ်မကောင်းလို့ပဲလားဘာလားတော့မသိပါဘူး

သူကဗေဒင်လည်းအရမ်းယုံပါတယ် ကျမတို့မိသားစုက ဗေဒင်စိတ်မဝင်စားပါဘူး

ပွဲနေ့တောင်အရင်ရွေးထားတဲ့ရက်က ဗေဒင်ဟောတော့ အဲ့နေ့ယူရင်ရန်ဖြစ်ရမှာဆိုပြီး ရက်ရွှေ့ပေးခဲ့ရပါတယ်

အခုလည်း ကျမမိဘတွေလုပ်နေတာမကြိုက်ဘူးပြောလို့ အဖေနဲ့နည်းနည်းကတောက်ကဆဖြစ်ပါတယ်

သူကကျမအဖေပြောတာကို မကျေနပ်ပါဘူး

ပြီးတော့ သတို့သားက စိတ်တွေတို စိတ်တွေရှုပ်ပြီးအခုမဂ်လာဆောင်ကိုစိတ်မပါတော့ဘူး

ဖိတ်စာတွေဖိတ်ပြီးလို့သာ မယူချင်တော့ဘူး ရေရှည်အဆင်ပြေမှာမဟုတ်ဘူး ကျမအိမ်လည်းလိုက်မနေနိုင်ဘူး

အဲ့လိုတွေပြောပါတယ်

ဘုန်းကြီးကျောင်းဆိုပေမယ့်ခမ်းခမ်းနားနားစီစဥ်ပေးထားပါတယ်

ဒါပေမယ့်ကျမမပျော်နိုင်ဘူးဖြစ်နေပါတယ်ရှင် ညတိုင်းလည်းမျက်ရည်ကျရပါတယ်

ကျမလည်း မဂ်လာဆောင်ခါနီးကို ဖိအားတွေမိပြီး စိတ်တွေလည်းညစ်လှပါပြီ

ကျမမိဘတွေကလည်း ကျမမျက်နှာကြောင့်ဘာမှမပြောပဲသည်းခံနေပေမယ့်

စိတ်ထဲမှာတော့ တစ်ဖက်မိသားစုကိုသဘောမကျနေပါဘူး

ဒီအိမ်ထောင်ရေးအဆင်ပြေပါ့မလားတွေးတိုင်းအိပ်မပျော်ပါဘူးရှင် လမ်းခွဲဖို့ကလည်းမဖြစ်နိုင်

ရှေ့ဆက်ဖို့ကလည်းအဆင်မပြေနဲ့

ပွဲစီစဥ်တော့လည်း အဆင်မပြေနဲ့ ရူးချင်တော့တာပါပဲ

မဂ်လာဆောင်ခါနီးအတွဲတွေတိုင်း ဒီလိုမျိုးဖြစ်တတ်ကြတာလားရှင်

မင္မင္ေရ စိတ္ထြက္ေပါက္လိုအပ္ေနလို႔ပါ

မဂ္လာေဆာင္ခါနီး သတို႔သမီးပါ လက္ထပ္ဖို႔4ရက္ေလာက္ပဲလိုပါေတာ့တယ္

ေကာင္ေလးနဲ႔က 6ႏွစ္နဲ႔ 7လတြဲလာတာပါ

သူကမိသားစုမွာသားအႀကီးပါ အေဖမရွိေတာ့လို႔သူကအိမ္ေထာင္ဦးစီးလိုျဖစ္ေနပါတယ္ အေမနဲ႔ညီမေတြက သူဘာေျပာေျပာလက္ခံပါတယ္

သူကေဒါသႀကီးပါတယ္ သူဒါဆိုဒါမွႀကိဳက္တာပါ

ႏွစ္ဖက္မိဘပတ္ဝန္းက်င္အကုန္သိထားပါတယ္

ေကာင္ေလးက လက္မထပ္ခ်င္ေသးပါဘူးရွင္ ေနာက္ႏွစ္မွ လက္ထပ္ခ်င္တာပါ လက္ထပ္ဖို႔ေျပာတိုင္းျငင္းပါတယ္ ေနာက္ႏွစ္မွလုပ္ခ်င္တယ္ပဲေျပာပါတယ္

က်မအေမနဲ႔က်မက စိတ္မခ်တာေရာ မယုံေတာ့တာေရာေၾကာင့္ သူတို႔ဘက္က စီစဥ္ေပးခဲ့ပါတယ္

အခုလက္ထပ္ျဖစ္တာကလည္း ေကာင္ေလးကအၿမဲ အလုပ္ကိစၥ(ကားအေရာင္းအဝယ္)နဲ႔ခရီးသြားရပါတယ္

တစ္လကို တစ္ရက္ေလာက္ပဲျပန္လာတာပါ သူကအၿမဲခရီးသြားေနရေတာ့ အေနေဝးၿပီး အေပ်ာ္ဘက္လိုက္တတ္လာလို႔ စကားေတြခဏခဏမ်ားရပါတယ္

Vcallေခၚလည္း ကိုင္ခ်င္မွကိုင္ ဖုန္းေခၚလည္း ကိုင္ခ်င္မွကိုင္နဲ႔ အရင္ကထက္ အမ်ားႀကီးေျပာင္းလဲသြားပါတယ္

ဒီတစ္ေခါက္ျပန္လာေတာ့ရင္ဘတ္မွာ Marking ရာေတြေတြ႕ပါတယ္

ေမးၾကည့္ေတာ့ အတူေန 19ႏွစ္ေကာင္ေလးက ကိုက္တာလို႔ေျပာပါတယ္အဲ့ကေလးက အဲ့လိုကိုက္တတ္ပါတယ္

က်မနဲ႔ Vcallေခၚေနရင္းနဲ႔ကိုက္ဖူးပါတယ္

ဒါေပမယ့္ ကိုက္႐ုံနဲ႔ေတာ့ Marking လိုအနီကြက္ႀကီးေတာ့ က်န္မေနဘူးမို႔လားရွင္

က်မ မယုံခ်င္ေပမယ့္ ယုံလိုက္ရပါတယ္

ထပ္မယုံစရာက ဖုန္းေနာက္တစ္လုံးနဲ႔ ေနာက္ဆင္းကဒ္နဲ႔ သုံးပါတယ္ က်မသိေတာ့လိမ္ပါတယ္

ေနာက္ဆုံးမွဝန္ခံပါတယ္ ခရီးသြားရေတာ့ လိုင္းမမိတဲ့ေနရာမို႔ သုံးရတာပါဆိုၿပီး ျပန္လာရင္ ျပမယ္ဆိုၿပီး

ျပန္လာေတာ့ ဆင္းကဒ္ေရာဖုန္းပါ မျပပါဘူးရွင္

အဲ့က် က်မသူ႔အေပၚ ယုံၾကည္မႈ မရွိေတာ့တာေပါ့ရွင္

သူက သူ႔ကိုအဲ့လိုမယုံရင္လည္းမႀကိဳက္ပါဘူး က်မယုံေအာင္လည္းမႀကိဳးစားဘူး

မယုံေနကြာ ဆိုတဲ့စကားလုံးသုံးၿပီး ေခ်ာ့လည္းမေခ်ာ့ ပစ္ပစ္ထားပါတယ္ က်မမွာ ညတိုင္းရက္ဆက္ငိုခဲ့ရတာပါ

ဒီလိုနဲ႔မျဖစ္ေတာ့ဘူး ျပတ္ၾကမယ္ စိတ္ကုန္ၿပီလို႔ လမ္းခြဲေတာ့မွ သူကလက္မခံဘူး မိဘေတြကိုေျပာေတာ့

မိဘေတြက မျဖစ္ေတာ့ဘူး စီစဥ္ၾကေတာ့ဆိုၿပီး အကုန္သေဘာတူၾကၿပီးမွ စီစဥ္ၾကတာပါ

က်မအဘြားနဲ႔အကိုကေတာ့ သေဘာမတူလို႔က်မကိုမေခၚပါဘူး

ေစ့စပ္ပြဲတုန္းကေကာင္ေလးက မဂ္လာစရိတ္သိန္း တစ္ရာနဲ႔ ေစ့စပ္လက္စြပ္ႏွစ္ကြင္း စီစဥ္ေပးပါတယ္

မဂ္လာေဆာင္ေကြၽးေမြးဖို႔ က်မတို႔ဘက္က စီစဥ္ေပးရပါတယ္

က်မတို႔ကလည္း ဘာလုပ္လုပ္ သတို႔သားမိသားစုကိုတိုင္ပင္ၿပီးလုပ္ပါတယ္

တိုင္ပင္တုန္းကေတာ့အဆင္ေျပတယ္ လုပ္လုပ္ဆိုၿပီး တကယ္စီစဥ္ၿပီးေရာ

မႀကိဳက္ဘူး အစီအစဥ္မက်ဘူးဆိုၿပီး စကားေျပာၾကရပါတယ္

Pre Wedding တုန္းကလည္း သတို႔သားက မလွဘူးေျပာလို႔ငိုခဲ့ရပါေသးတယ္

ကို႔သတို႔သားမွလွတယ္မေျပာရင္ ဘယ္သူကလွတယ္ေျပာမွာလဲရွင္

သတို႔သားက မိတ္ကပ္ ဝတ္စုံကအစ က်မေ႐ြးတာေတြ တစ္ခုမွမႀကိဳက္ပါဘူး

သူႀကိဳက္တာပဲ ဝတ္ေစခ်င္တာပါ သူႀကိဳက္တာက် က်မက မႀကိဳက္ပါဘူး

ပြဲေန႔ မိတ္ကပ္နဲ႔ ဆံထုံးကိုလည္း က်မေ႐ြးတာ တစ္ခုမွမႀကိဳက္ပါဘူး ပုံတစ္ပုံျပၿပီးအဲ့လိုပုံပဲလိုခ်င္တဲ့စကားမ်ိဳးေျပာတာပါ

အဲ့ဒီပုံက်မမႀကိဳက္ပါဘူး

ၾကာလာေတာ့ကိုယ့္ကိုယ္ကိုယ္ေတာင္ယုံၾကည္မႈမရွိေတာ့ပါဘူး ပိုက္ဆံေတာ့သုံးခိုင္းပါတယ္

ဒါေပမယ့္ သူခိုင္းသလိုလုပ္ဆိုတဲ့သေဘာမ်ိဳးပါ က်မစိတ္တိုင္းက်လုပ္ရတယ္ကိုမရွိပါဘူး

သူကက်မေ႐ြးတာမွန္သမွ်စိတ္တိုင္းမက်တာပါ

အဖက္ဖက္က သေဘာထားမတိုက္ဆိုင္ပဲ ျဖစ္ေနတာပါ ၿပီးေတာ့ သတို႔သားက က်မနဲ႔ယူခါနီးမွ လာဘ္ပိတ္သလိုမ်ိဳးစကားေတြလည္းေျပာပါတယ္

ဒီႏွစ္လ လုံး သူ႔ကားေတြက တစ္စီးမွေရာင္းမထြက္တာပါ ေခတ္မေကာင္းလို႔ပဲလားဘာလားေတာ့မသိပါဘူး

သူကေဗဒင္လည္းအရမ္းယုံပါတယ္ က်မတို႔မိသားစုက ေဗဒင္စိတ္မဝင္စားပါဘူး

ပြဲေန႔ေတာင္အရင္ေ႐ြးထားတဲ့ရက္က ေဗဒင္ေဟာေတာ့ အဲ့ေန႔ယူရင္ရန္ျဖစ္ရမွာဆိုၿပီး ရက္ေ႐ႊ႕ေပးခဲ့ရပါတယ္

အခုလည္း က်မမိဘေတြလုပ္ေနတာမႀကိဳက္ဘူးေျပာလို႔ အေဖနဲ႔နည္းနည္းကေတာက္ကဆျဖစ္ပါတယ္

သူကက်မအေဖေျပာတာကို မေက်နပ္ပါဘူး

ၿပီးေတာ့ သတို႔သားက စိတ္ေတြတို စိတ္ေတြရႈပ္ၿပီးအခုမဂ္လာေဆာင္ကိုစိတ္မပါေတာ့ဘူး

ဖိတ္စာေတြဖိတ္ၿပီးလို႔သာ မယူခ်င္ေတာ့ဘူး ေရရွည္အဆင္ေျပမွာမဟုတ္ဘူး က်မအိမ္လည္းလိုက္မေနႏိုင္ဘူး

အဲ့လိုေတြေျပာပါတယ္

ဘုန္းႀကီးေက်ာင္းဆိုေပမယ့္ခမ္းခမ္းနားနားစီစဥ္ေပးထားပါတယ္

ဒါေပမယ့္က်မမေပ်ာ္ႏိုင္ဘူးျဖစ္ေနပါတယ္ရွင္ ညတိုင္းလည္းမ်က္ရည္က်ရပါတယ္

က်မလည္း မဂ္လာေဆာင္ခါနီးကို ဖိအားေတြမိၿပီး စိတ္ေတြလည္းညစ္လွပါၿပီ

က်မမိဘေတြကလည္း က်မမ်က္ႏွာေၾကာင့္ဘာမွမေျပာပဲသည္းခံေနေပမယ့္

စိတ္ထဲမွာေတာ့ တစ္ဖက္မိသားစုကိုသေဘာမက်ေနပါဘူး

ဒီအိမ္ေထာင္ေရးအဆင္ေျပပါ့မလားေတြးတိုင္းအိပ္မေပ်ာ္ပါဘူးရွင္ လမ္းခြဲဖို႔ကလည္းမျဖစ္ႏိုင္

ေရွ႕ဆက္ဖို႔ကလည္းအဆင္မေျပနဲ႔

ပြဲစီစဥ္ေတာ့လည္း အဆင္မေျပနဲ႔ ႐ူးခ်င္ေတာ့တာပါပဲ

မဂ္လာေဆာင္ခါနီးအတြဲေတြတိုင္း ဒီလိုမ်ိဳးျဖစ္တတ္ၾကတာလားရွင္