မိန်းမသားတို့ကို ရင်ဖွင့်ချင်ပါတယ် ကျေးဇူးပြုပြီး အကြံဉာဏ်လေး တခုလောက်ဖြစ်ဖြစ်ရေးပေးခဲ့ပါလို့ တောင်းဆိုချင်ပါတယ်ရှင့်
ညီမက os လုပ်တယ်ပေါ့နော်လိုင်းပေါ်မှာ သူပစ္စည်းဝယ်ရင်းနဲ့ စကားတွေပြောလာတာကြာတော့ သံယောဇဉ်ဖြစ်ပြီး
သူအဖြေတောင်းလာတယ် သူ့မွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်အောင်ဆိုပြီး
အဲနေ့မှာဘဲ သူ့ကို အဖြေပေး လိုက်တယ်
အပြင်မှာတော့ တခါမှမတွေ့ဖူးသေးဘူး
အဲနေ့ကစပြီး သူနဲ့ ဖုန်းတွေပြော စာတွေပို့လာတာ 9လ ပြည့်တဲ့အထိ တရက်မှအဆက်သွယ်မပြတ်ခဲ့ဖူးဘူး
9လပြည့်ဖို့ 10ရက်အလိုမှာ အပြင်မှာလာ တွေ့တယ်
အရမ်းချစ်ပြီးအရမ်း ခရုစိုက်ခဲ့တယ် 9လပြည့် ပြီး 1ရက်မှာ သူနဲ့လည်းရန်မဖြစ်ရဘူး
ပြသာနာလည်းမဖြစ်ဖူးဘဲနဲ့ ရုတ်တရက် ညီမကိုအဆက်အသွယ်ဖြတ်သွားတယ်
ညီမဘက်ကဖုန်းဆက်လည်းမကိုင် ပြန်လည်းမခေါ်ဘူး
လိုင်းပေါ်လည်းတက်တယ် စာပို့တာကြည့်ပြီး ဘာတခွန်းမှ ပြန်မပြောဘူး
nickname တွေပြောင်းတယ် သူနဲ့ပြောရင်ထားနေကြ အသဲပုံ စတစ်ကာတွေ ကို လက်မပြောင်းပစ်တယ်
သူအဆက်သွယ်မလုပ်တာ 2ရက်မြောက်နေ့မှ ဖုန်းကိုင်ပေးဖို့ တခုခုပြန်ပြောပေးဖို့ တောင်းတောင်းပန်ပန် ပြောမှ
သူ့ဘက်က ဖုန်းပြန်ခေါ်လာပေးတယ် ဒါပေမယ့် ညီမမေးသမျှ အွန်း အင်း အဲလောက်ဘဲဖြေပြီး
နောက်ရက်မှ သူဖုန်းပြန်ခေါ်မယ်ဆိုပြီး နောက်ရက်ညီမသူ့ဖုန်းကို စောင့်နေခဲ့တယ်
သူမခေါ်လာဘူး ညီမသူ့ဖုန်းကို ထပ်ခေါ်လိုက်တယ် မကိုင်ပြန်ဘူး ခုလည်း လိုင်းပေါ်မှာစာပို့ထားပေမဲ့ သူမကြည့်ဘူး
ဘာအကြောင်းပြချက်မှာ မသိရဘဲ ဘလိုင်းကြီး ပစ်ထားခံရတာ အဆက်သွယ်ဖြတ်တာကို အရမ်းခံရခက်တယ်
အရမ်းလည်းခံစားနေရတယ် သူညီမကိုမချစ်တော့လို့ ငြီးငွေ့သွားပြီမို့ အဲလိုလုပ်တာလား?
အသစ်တွေ့သွားလို့ အဲလိုလုပ်တာလားပေါ့ ညီမစိတ်ထဲ ဝေခွဲလို့မရဘူးဖြစ်နေလို့ပါ
ခုညီမစိတ်နဲ့လူနဲ့မကပ်ဘူး အရမ်းလဲစိတ်ဆင်းရဲပြီး အမေမသိအောင် ခိုးခိုးငိုနေရတယ်
ဘယ်လိုဖြစ်နိုင်လဲ ညီမဘာလုပ်သင့်လဲ သူ့ကိုမေ့ပစ်လိုက်ရမှာလား တခုလောက်တော့ အကြံပေးခဲ့ကြပါနော်