ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၀၉

ညီမ ခုတလောခံစားနေရတာတေီရင်ဖွင့်ချင်လို့ပါ

အဆင်ပြေလို့ရှိရင် တစ်ယောက်ချင်းဆီတိုင်းရဲ့ အကြံပေးမှုကို တောင်းတပါတယ်

ညီမ အိမ်ထောင်ကျတာ ၃နှစ်ပြည့်ပါတော့မယ်

ညီမယောကျာ်းက ညီမကိုအရမ်းချစ်ပါတယ် အရမ်းလည်းဂရုစိုက်တယ်

ဒါပေမဲ့ အမတို့ရယ် ညီမက သူမိဘတွေနဲ့အတူနေရတဲ့အခါကျတော့

တခါတလေ နှစ်ယောက်တည်းသီးသန့်နေချင်တယ်

သူ့ကိုပြောကြည့်ပေမဲ့ အမြဲတမ်းပဲစကားပဲများနေရတယ်

ဒီမှာနေလည်းအဆင်ပြေနေတာပဲဘာညာပေါ့

ညီမကလူငယ်ဆိုတော့ကိုယ့်ယောကျာ်းနဲ့နှစ်ယောက်တည်းနေပြီး

ဘဝလေးကိုတည်ဆောက်ချင်ပမဲ့ သူကမနေချင်ဘူးတဲ့လေ

သူ့မိဘအိမ်မှာနေတော့ နေရခက်တယ် လေ

ခုအဲ့ကိစကြောင့်ရန်ဖြစ်ကြတယ် ရန်ဖြစ်တိုင်းလည်းသူဘက်ကနေအဆင်မပြေရင်ကွာလိုက်လို့ပဲပြောတယ်

ညီမဘာဆက်လုပ်ရမလဲ

ညီမမှားလားဟင်ခုအရမ်းတွေပူလောင်နေတယ်

ရင်ထဲမှာ အကြံညံလေးပေးကြပါအုန်းနော် ညီမအရမ်းပင်ပန်းနေလို့ပါ

သူကတစ်ဦးတည်းသောသားဆိုတော့ မိဘတွေက သူ့ကိုအရမ်းချစ်ကြတယ်

ညီမလည်း မိဘနဲ့အတူမနေရတဲ့သူတစ်ယောက်ပါ

တခါတလေ အရမ်းခံစားရတယ် ဘာတွေဆက်လုပ်ရမာလဲ ဟင်













ညီမဘာဆက်လုပ်ရမလဲ




