ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၁၀

ကျွန်မ ချစ်သူနဲ့ တွဲလာတာ ၂ နှစ်ရှိပါပြီ။

သူ့ကို တစ်ဘဝလုံးစာအတွက် ဘဝလက်တွဲဖော်အဖြစ် သတ်မှတ် ယုံကြည်ခဲ့လို့

ကျွန်မတို့ ၁ နှစ်ကျော်မှာ အတူနေခဲ့ကြပါတယ်။

သူက ကျွန်မအပေါ် သိပ်ကိုကောင်းခဲ့တဲ့သူပါ။ သူက ၂၀၊ ကျွန်မက ၂၂ ပါ ။

ပြဿနာက သူ့အချိုးတွေ ဒီလမှာပြောင်းနေခဲ့တာပါ။

သူကျွန်မနဲ့တွဲမှ ကလပ်သွားတာဆိုလို့ ၃ခေါက်ပဲ ရှိပါသေးတယ်။ ​ပြီးခဲ့တဲ့ ရက်က ၃ခေါက်မြောက် သွားခြင်းပါ။

သူ့သူငယ်ချင်းတွေနဲ့ ကလပ်သွားရင်း ကောင်မလေး တစ်ယောက်နဲ့ သူသိကျွမ်းခဲ့တယ်။

ကောင်မလေးက messenger မှာ သူ့ကို စကားလာပြောတာတွေ့လို့ မေးကြည့်ရင်း

သူပြောပြလာခဲ့တာက သူနဲ့အဲ့ကောင်မလေး သူ့ကားထဲမှာ ပုံတူတူတွဲရိုက်ခဲ့ပါတယ်တဲ့။

ကျွန်မက ” အကုန် နားလည်ခွင့်လွှတ်ပေးမယ် အမှန်အတိုင်းပြောပါ ” ဆိုပြီး ရစ်လွန်းလို့

သူပြောပြလာခဲ့တာက ကောင်မလေးကို ဓာတ်ပုံရိုက်ကြတော့ ကောင်မလေးပါးကို နမ်းလိုက်တယ်တဲ့။

ကျန်တာ ဘာမှမဖြစ်ခဲ့ဘူးတဲ့။ အကြိမ်ကြိမ်ပြောပါတယ်။

ပုံထဲမှာ သူက ကောင်မလေးအနားကပ်နေပြီး တော်တော်လေး ရင်းနှီးနေတဲ့ပုံပါ။

သူနောက်ခါလည်း မသွားတော့ပါဘူးတဲ့။ကျွန်မ နေရထိုင်ရ တော်တော်လေး အဆင်မပြေပါဘူး။

သူတို့ ဖြစ်ခဲ့လား၊ မဖြစ်ခဲ့လားဆိုတာ ကျွန်မ အသေအချာမသိဘူး။

ကျွန်မ အမှန်အတိုင်း တော်တော်လေး သိချင်တယ်။

သူဖြစ်ခဲ့တယ်ဆိုရင် ကျွန်မကို လိမ်ထားတာ မခံနိုင်ဘူး ။

ကျွန်မ သူ့အပေါ် ကောင်းပေးလွန်းလို့ သူ ပြောမပြနိုင်ဖြစ်နေခဲ့တာဆိုရင်

ကျွန်မ သူ့ကို ” ကျွန်မက အပျိုမစစ်ဘူး ” လို့ ဟန်ဆောင် ပြောလိုက်ရင်

သူ ကျွန်မ ကို တစ်ကယ်ချစ်ရင် နားလည်ပေးနိုင်မယ်မှတ်လား။

ဒါမှမဟုတ် သူ တကယ်ပဲ ဘာမှမဖြစ်ခဲ့တာကို ကျွန်မက သူ့ကို လိမ်ထားခဲ့တယ် ထင်ပြီး ကျွန်မအပေါ် ပြောင်းလဲ သွားနိုင်လား။

သူတကယ် ကျွန်မကို မချစ်ဘူးဆိုရင်တော့ ကျွန်မ သူ့ကို စွန့်လွှတ်နိုင်တယ်။

ကျွန်မ သူ့အချစ်ကို သိရဖို့ နောက်ထပ် ဘယ်လိုနည်းလမ်းနဲ့ စမ်းသပ်ရမလဲ။

သူ့ဘက်က ထူးထူးဆန်းဆန်း ဒီနေ့ အပျိုစစ်ရင်၊ အတူနေရင်ဘယ်လို လက္ခဏာတွေ ဖြစ်တယ်ဆိုတဲ့ vd ပို့လာခဲ့တယ်။

ကျွန်မစိတ်ထင် သူ ဟိုကောင်မလေးနဲ့ ဖြစ်ခဲ့တာ သိပ်ကို ခံစားမှု ကောင်းခဲ့လို့ ကျွန်မ အပေါ် သံသဃ ဝင်နေတာလား ။

ကျွန်မတို့ ဖြစ်ကြတော့ ကျွန်မက ကြောက်ရွံ့ ရုန်းကန်နေခဲ့လို့

ကျွန်မကိုယ်ကျွန်မ သွေးထွက်မထွက် မသိခဲ့သလို သူလည်းမသိခဲ့ပါဘူး။

ကျွန်မ အခုအရွယ်ထိ သူတစ်ယောက်တည်းနဲ့

ဆက်ဆံခဲ့ဖူးတာသစ္စာ ဆိုနိုင်လောက်အောင်

ကျွန်မ သူ့အပေါ် ရိုးသားဖြူစင်ခဲ့ပါတယ်။

ကြၽန္မ ခ်စ္သူနဲ႔ တြဲလာတာ ၂ ႏွစ္ရွိပါၿပီ။

သူ႔ကို တစ္ဘဝလုံးစာအတြက္ ဘဝလက္တြဲေဖာ္အျဖစ္ သတ္မွတ္ ယုံၾကည္ခဲ့လို႔

ကြၽန္မတို႔ ၁ ႏွစ္ေက်ာ္မွာ အတူေနခဲ့ၾကပါတယ္။

သူက ကြၽန္မအေပၚ သိပ္ကိုေကာင္းခဲ့တဲ့သူပါ။ သူက ၂၀၊ ကြၽန္မက ၂၂ ပါ ။

ျပႆနာက သူ႔အခ်ိဳးေတြ ဒီလမွာေျပာင္းေနခဲ့တာပါ။

သူကြၽန္မနဲ႔တြဲမွ ကလပ္သြားတာဆိုလို႔ ၃ေခါက္ပဲ ရွိပါေသးတယ္။ ​ၿပီးခဲ့တဲ့ ရက္က ၃ေခါက္ေျမာက္ သြားျခင္းပါ။

သူ႔သူငယ္ခ်င္းေတြနဲ႔ ကလပ္သြားရင္း ေကာင္မေလး တစ္ေယာက္နဲ႔ သူသိကြၽမ္းခဲ့တယ္။

ေကာင္မေလးက messenger မွာ သူ႔ကို စကားလာေျပာတာေတြ႕လို႔ ေမးၾကည့္ရင္း

သူေျပာျပလာခဲ့တာက သူနဲ႔အဲ့ေကာင္မေလး သူ႔ကားထဲမွာ ပုံတူတူတြဲ႐ိုက္ခဲ့ပါတယ္တဲ့။

ကြၽန္မက ” အကုန္ နားလည္ခြင့္လႊတ္ေပးမယ္ အမွန္အတိုင္းေျပာပါ ” ဆိုၿပီး ရစ္လြန္းလို႔

သူေျပာျပလာခဲ့တာက ေကာင္မေလးကို ဓာတ္ပုံ႐ိုက္ၾကေတာ့ ေကာင္မေလးပါးကို နမ္းလိုက္တယ္တဲ့။

က်န္တာ ဘာမွမျဖစ္ခဲ့ဘူးတဲ့။ အႀကိမ္ႀကိမ္ေျပာပါတယ္။

ပုံထဲမွာ သူက ေကာင္မေလးအနားကပ္ေနၿပီး ေတာ္ေတာ္ေလး ရင္းႏွီးေနတဲ့ပုံပါ။

သူေနာက္ခါလည္း မသြားေတာ့ပါဘူးတဲ့။ကြၽန္မ ေနရထိုင္ရ ေတာ္ေတာ္ေလး အဆင္မေျပပါဘူး။

သူတို႔ ျဖစ္ခဲ့လား၊ မျဖစ္ခဲ့လားဆိုတာ ကြၽန္မ အေသအခ်ာမသိဘူး။

ကြၽန္မ အမွန္အတိုင္း ေတာ္ေတာ္ေလး သိခ်င္တယ္။

သူျဖစ္ခဲ့တယ္ဆိုရင္ ကြၽန္မကို လိမ္ထားတာ မခံႏိုင္ဘူး ။

ကြၽန္မ သူ႔အေပၚ ေကာင္းေပးလြန္းလို႔ သူ ေျပာမျပႏိုင္ျဖစ္ေနခဲ့တာဆိုရင္

ကြၽန္မ သူ႔ကို ” ကြၽန္မက အပ်ိဳမစစ္ဘူး ” လို႔ ဟန္ေဆာင္ ေျပာလိုက္ရင္

သူ ကြၽန္မ ကို တစ္ကယ္ခ်စ္ရင္ နားလည္ေပးႏိုင္မယ္မွတ္လား။

ဒါမွမဟုတ္ သူ တကယ္ပဲ ဘာမွမျဖစ္ခဲ့တာကို ကြၽန္မက သူ႔ကို လိမ္ထားခဲ့တယ္ ထင္ၿပီး ကြၽန္မအေပၚ ေျပာင္းလဲ သြားႏိုင္လား။

သူတကယ္ ကြၽန္မကို မခ်စ္ဘူးဆိုရင္ေတာ့ ကြၽန္မ သူ႔ကို စြန႔္လႊတ္ႏိုင္တယ္။

ကြၽန္မ သူ႔အခ်စ္ကို သိရဖို႔ ေနာက္ထပ္ ဘယ္လိုနည္းလမ္းနဲ႔ စမ္းသပ္ရမလဲ။

သူ႔ဘက္က ထူးထူးဆန္းဆန္း ဒီေန႔ အပ်ိဳစစ္ရင္၊ အတူေနရင္ဘယ္လို လကၡဏာေတြ ျဖစ္တယ္ဆိုတဲ့ vd ပို႔လာခဲ့တယ္။

ကြၽန္မစိတ္ထင္ သူ ဟိုေကာင္မေလးနဲ႔ ျဖစ္ခဲ့တာ သိပ္ကို ခံစားမႈ ေကာင္းခဲ့လို႔ ကြၽန္မ အေပၚ သံသဃ ဝင္ေနတာလား ။

ကြၽန္မတို႔ ျဖစ္ၾကေတာ့ ကြၽန္မက ေၾကာက္႐ြံ႕ ႐ုန္းကန္ေနခဲ့လို႔

ကြၽန္မကိုယ္ကြၽန္မ ေသြးထြက္မထြက္ မသိခဲ့သလို သူလည္းမသိခဲ့ပါဘူး။

ကြၽန္မ အခုအ႐ြယ္ထိ သူတစ္ေယာက္တည္းနဲ႔

ဆက္ဆံခဲ့ဖူးတာသစၥာ ဆိုႏိုင္ေလာက္ေအာင္

ကြၽန္မ သူ႔အေပၚ ႐ိုးသားျဖဴစင္ခဲ့ပါတယ္။