ရင်ဖွင့်စာလေး ရေးချင်လို့ပါ
ကျွန်မ အိမ်ထောင်ကျတာ ၁၀ လရှိပါပြီ။
နှစ်ယောက်လုံး သူချစ်ကိုယ်ချစ် လက်ထပ်ခဲ့ကြတာပါ။
ပြဿနာက ကြီးကြီးမားမားမရှိပေမယ့် လင်မယားကြား
စကားအဆင်မပြေမှုလေးတွေကို ကျွန်မအကြီးအကျယ် ခံစားနေမိလို့ပါ။
သူက စကားကိုလေသံမာမာပြောလိုက်တာနဲ့ ကျွန်မ မျက်ရည်က ကျပါပြီ။
အဲလိုဖြစ်တာ ကျွန်မကိုယ် ကျွန်မအရမ်းမုန်းပါတယ်။
ဘာမဟုတ်တာလေးနဲ့လည်း အရမ်းခံစားလွယ်နေတယ်။
အော်ဟစ်ပေါက်ကွဲပြစ်ချင်ပေမယ့် ရှက်တယ်ရှင့်။
ပတ်ဝန်းကျင်ကိုလည်း တစ်ခုခုဆို မျက်ရည်ကျတတ်တာ အားနည်းချက်လို ဖြစ်နေတယ်။
အကြံဉာဏ်လေးပေးကြပါနော်။
စာအရေးအသားအမှားပါခဲ့ရင် ခွင့်လွှတ်ပြီး ဖြည့်ဖတ်ပေးပါနော်။
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်