ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၁၇

ခုတစ်လောက်စိတ်တွေအရမ်းရှုပ်နေလို့ပါ

စိတ်သက်သာယာရချင်တယ် အကြံပေးကြပါအုံး

ကျွန်မကအိမ်ထောင်သည်ပါ တစ်နှစ်ကျော်အရွယ်သားလေးလဲရှိတယ်

ကျွန်မနဲ့ကျွန်မယောက်ျားက လေးနှစ်ကြိုက်ပီးယူကြတာ ခုအိမ်ထောင်သက်3နှစ်ရှိပီ

ကျန်ခဲ့တဲ့နှစ်လကျော်လောက်က သူ့ကိုသူလူပျိုဆိုပီး ကောင်မလေးတစ်ယောက်နဲ့ကြိုက်တယ်

အပြင်မှာလဲ လွန်လွန်ကြူးကြူးဖြစ်တယ် အဲ့တစ်ယောက်ကအပျိုပါ

သူတို့ဖြစ်ပီးမှ သူအိမ်ထောင်သည်မှန်းသိလို့သူ့ကိုအဆက်အသွယ်မလုပ်တော့ဘူးတဲ့

သူကမနေနိုင်လို့ ဆက်သွယ်ဖြတ်ရင်သူ့ကိုသူ thet tay မယ်ဆိုပီး ခြိမ်းခြောက်လို့ပြန်တွဲနေကြတယ်

ကျွန်မသိတာ သူတို့ကြိုက်ပီး တစ်လလောက်ကြာတော့

တစ်ခါခွင့်လွှတ်ပေးမယ် ဆက်သွယ်ဖြတ်လို့ပြောတယ်

ဟိုကောင်မလေးကိုလဲ လှမ်းတောင်ပန်တယ် မိသားစုလေးပျက်မှာစိုးလို့ သူဆက်သွယ်တောင်ပြန်မဆက်သွယ်ပါနဲ့လို့

ကတိတွေပေးကြပြီး သူတို့ကဆက်သွယ်မဖျက်ကြဘူး

ကျွန်မယောက်ျားကခုတော်တော်ဆိုးနေပီ သူအဲ့ကောင်မလေးကိုအရမ်းစွဲလမ်းနေတာ

ကျွန်မရှေ့တောင်မရှောင်သူအရမ်းချစ်တာတွေကျွန်မကိုပြောပြတယ်

သူကတဏှာနဲ့ကြောင့်မုတ်ဘူးတဲ့ ရင်ထဲကချစ်တာတဲ့ အဲ့လိုပြောပြီးအဲ့ကောင်မလေးနဲ့ သွားပေါင်းယူဆိုတော့လဲမယူဘူး

သူကလစာကျွန်အကုန်ပြန်အပ်တယ် ကျွန်မဆီကမှပြန်တောင်းသုံးတာ ခုထိပဲ

အဲ့ကိစ္စတွေမဖြစ်ခင်ကကျွန်မကိုအရမ်းချစ်တာ ကျွန်မသူ့အပေါ်ဆိုးခဲ့တာတွေလဲရှိတယ်

အနိုင်ယူခဲ့တာတွေပေါ့ ကျွန်မဗိုက်ကြီးနဲ့တုံးကလဲအရမ်းအလိုလိုက်ခဲ့တာ

လူတကာကအားကျတယ် ကျွန်မ သူ့ကိုစွန့်လွှတ်မပေးနိုင်ဘူး

ကျွန်မကအချစ်အရမ်းကြီးတဲ့အထဲပါတယ် သားလေးကိုလဲ ဖအေမရှိပဲမကြီးပင်စေချင်ဘူး

သူ့ကိုလဲ ဆုံးရှုံးမခံနိုင်ဘူး အရင်လိုဘဝပဲပန်လိုချင်တယ်

သူကကျွန်မအပေါ်ဘာစိတ်မှမရှိဘူးလို့ ပြောလို့သူ့စိတ်ကိုစမ်းချင်လို့ကျွန်မညဘတ်ပုံးနေတော့

ကျွန်မကိုအရမ်းစိတ်ပူပြီးလိုက်ရှာနေတာ ချောင်းထဲတွေဆင်းပီးတော့ရော

ကျွန်မရွာပြန်မယ်ဆိုတော့လဲလက်မခံဘူး

ကျွန်မကိုအရင်လိုသဲသဲလှုပ်သာမချစ်ပြတာ ဖက်ထားတာတို့ နမ်းတာတို့တော့လုပ်တယ်

ကျွန်မသိချင်တာ သူကျွန်မအပေါ်ချစ်သေးလား ကျွန်မသူအချစ်တွေရအောင် ဘယ်လိုပြန်လုပ်ရမလဲ

အခုတော့သူဆက်သွယ်ဖျက်ထားတယ် ဟိုတစ်ယောက်ကို သူအရမ်းခံစားနေပုံပေါက်တယ်

ကျွန်မကိုသူကို့ဆက်ပေါင်းတဲ့ ဒါမဲ့သူကိုအရေးမလုပ်နဲ့တဲ့

ကျွန်မပင်ပန်းလို့တဲ့ မချစ်နဲ့တဲ့ မေ့ထားတဲ့ သူတောင်နှစ်လကျော်ကိုမမေ့နိုင်တာကျွန်မကသူ့ဘယ်လိုမေ့ရမလဲ

သူငယ်ပြန်တာမဟုတ်ပါဘူး သူ့ကိုမုန်းလို့ကိုမရဖြစ်နေတာ

ကျွန်မဘတ်ပြန်ပါအောင်ကျွန်မဘာဆက်လုပ်ရမလဲ

အခုလူကြီးတွေရှေ့မှာ သူဆက်သွယ်ဖျက်မယ်လို့ကတိပေးထားတယ်

ကျွန်မကိုလဲ အရင်လိုပြန်ချစ်နိုင်အောင် စိတ်ချမ်းသာအောင်ထားမယ်လို့ပြောတယ်

သူချစ်တဲ့ကောင်မလေးကတော့ သူ့ကိုအရမ်းချစ်ပုံမပေါ်ပါဘူး

ကျွန်မစိတ်တွေအရမ်းရှုပ်ပီး လူလဲပိန်တာ အရိုးပဲရှိတော့တယ်

ကျွန်မအရင်လိုလဲပြန် ဝချင်တယ် ဝဆေးဘေးရှိလဲညွှန်ပါအုံး ကျွန်မကိုကူညီကြပါ အ

လုံးပဲကျွန်မလိုသောကတွေကင်းဝေးပါစေ




































