ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၁၈

ကျွန်မကပဲအတွေးလွန်နေတာလား..

သူတို့ကပဲကိုထင်သလိုဖြစ်နေတာလားဆိုတာဝေခွဲမရလို့ပါ..

စာရှည်သွားရင်နားလည်ပေးပါ..အကြံလေးလဲပေးကျပါနော်..

ကျွန်မကောင်လေးကကျွန်မထက်၉နှစ်ငယ်ပါတယ်..

ဒါပေမဲ့သူကအရမ်းရင့်ကျက်ပါတယ်..ကျွန်မထက်တောင်လူကြီးဆန်ပါတယ်..

ကျွန်မအသက်က၃၂.Sg momပါ..သူနဲ့ကြိုက်တာမကြာသေးပါဘူး..

အရမ်းချစ်သလိုအရမ်းဂရုစိုက်ပါတယ်..

လူငယ်ဆိုတော့Roတာလေးတွေလဲရှိပါတယ်..

ကျွန်မရဲ့ဖြစ်တည်မှုကိုလဲအကုန်နားလည်ပြီးသမီးကိုလဲသူချစ်ပါတယ်..

သူ့ဘက်ကလဲလက်ခံတယ်ကျွန်မဘဝကိုသူတို့သားစိတ်ချမ်းသာရင်အကုန်လက်ခံပေးထားပါတယ်..

ဖြစ်တာကတော့သူ့မှာအရမ်းခင်တဲ့အကို၂ယောက်ရှိပါတယ်

သူ့ထက်ကြီးပါတယ်ကျွန်မအရွယ်တွေဆရာဝန်တွေပါ၂ယောက်လုံးက.

.သူတို့၃ယောက်ကလေဘယ်သွားသွားဘာလုပ်လုပ်တပူးပူးပါ..

နောက်ဆုံးခရီးသွားရင်တောင်အတူတူအိပ်တာပါတခန်းထဲ(ကျွန်မ မပါတဲ့ခရီးဆိုရင်)

ကျွန်မစိတ်ထဲမသကာ်မိတာသူတို့၃ယောက်gayနေကျတာလားလို့ပါ..

ကျွန်မကသူ့ကိုအဲ့လိုခရီးသွားကျရင်အခန်းခွဲအိပ်ပြောရင်သူကတယောက်ထဲမအိပ်ချင်ဘူးအမြဲပြောပါတယ်..

ကျွန်မသူ့ကိုချစ်ပါတယ် ဒါပေမဲ့ယူပီးမှgayဖြစ်မှာလဲကြောက်မိတယ်..

သူ့ကိုတခါတလေနင်တို့၃ယောက်ညားနေကျတာလားမေးလိုက်ချင်ပါတယ်

ဟိုဆရာ၂ယောက်ကိုလဲအားနာလို့ပါ..သူစိတ်ဆိုးမှာလဲဆိုးတယ်..

သူနဲ့ကျွန်မစပတ်သတ်ထဲကတခါမှရန်ဖြစ်စကားမများဖူးပါဘူး..

သူကကျွန်မကလွဲဘယ်မိန်းမမှလဲစိတ်မဝင်စားတာယုံတယ်..

ဒါပေမဲ့အဲ့၂ယောက်နဲ့ဆိုကျွန်မစိတ်ထဲတမျိုးကြီးခံစားရလို့ပါ..

ကျွန်မပဲအထင်လွဲနေတာလား..သူကကျွန်မနဲ့အ​ပြင်သွားတာရယ်အဲ့၂ယောက်နဲ့သွားတာရယ်ကလွဲပီး

ဘယ်မှမသွားတက်တာပါ..သူငယ်ချင်းတွေပြောရမှာလဲဟုတ်နေရင်ရှက်လို့ပါ..

ကျွန်မတို့ဒီနှစ်ကုန်လက်မှတ်ထိုးဖို့တော့စဥ်းစားထားပါတယ်

သူတို့ဘက်ကစီစဥ်ထားတာပါသူ့ဘက်ကပဲထိုးထားဖို့စပြောထားတာပါ..

အကြံလေးပေးကျပါနော်..















ကျွန်မစိတ်ထဲမသက်ာမိတာသူတို့၃ယောက်gayနေကျတာလားလို့ပါ..












အကြံလေးပေးကျပါနော်..