ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၂၀

ညီမ ကိုးတန်းထဲက ဘေးအိမ်ကအကိုကြီးတစ်ယောက်ကို ကြိတ်ပြီးချစ်ခဲ့ပါတယ်

အဲ့အကိုကြီးကလည်း အရမ်းလည်း သဘောကောင်းပါတယ်

ညီမအပေါ်ဆိုလည်း ကြင်ကြင်နာနာရှိတာကြောင့် ပိုပြီး ချစ်ခဲ့ပါတယ်

သူ့အိမ်နဲ့ညီမအိမ်ဆိုတာလည်း နှစ်အိမ့်တစ်အိမ်နေကြတာပါ

ဒါပေမဲ့ တစ်ရက် အဲ့အကိုနဲ့ညီမ အိမ်မှာ TVကြည့်နေရင်း အဲ့အကိုက ညီမကို စနမ်းပါတယ်

ညီမလည်း ရင်ခုန်ပေမဲ့ သူက အတင်းညီမကို ထိပါးဖို့လုပ်တာကြောင့် လန့်ပြီးတွန်းထုတ်လိုက်ပါတယ်

ညီမစိတ်ထဲ သူက ဒီလိုလူစားမျိုးလား ဆိုပြီး အရမ်းဝမ်းနည်းပြီးစိတ်ထိခိုက်သွားရပါတယ်

ညီမ သူ့ကိုလည်း အရမ်းကြောက်သွားပါတယ်

ကြောက်လွန်းလို့ ညီမ ညတိုင်းအိပ်မပျော်ဘူး

ညီမနောက်ကျ ရည်းစားထားတော့လည်း အထိအတွေ့ကို ကြောက်ပြီး

အထိမခံလို့ ရည်းစားတွေက ပစ်သွားပါတယ်

ညီမဘာလုပ်သင့်လဲ ညီမလည်း မတွေးတတ်တော့ဘူ











