မိန်းမသားတို့ရင်ဖွင့်ရာ Group မာ တင်ရတာ အားနာပါတယ်
ကျွန်တော်က ယောက်ျားလေး တစ်ယောက်ပါ အကြံတောင်းချင်လို့ပါဗျ
ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေးနဲ့ချစ်သူဖြစ်ကြတာ တစ်နှစ်ကျော်ပါပီ
တစ်နှစ်ကျော်အတွင်းမှာ တယောက်နဲ့တယောက်အရမ်းချစ်ခဲ့ကြပါတယ်
သူနဲ့ကျွန်တော်လဲ LT ရှိခဲ့ပါတယ်.
ဒါပေမဲ့ တယောက်နဲ့တယောက် အရမ်းရင်းနှီးလာကြတဲ့အခါ တယောက်နဲ့တယောက်လေးစားမှုတွေလျော့လာပါတယ်
သူလဲကျနော့ကိုလေးစားမှုလျော့လာသလို ကျနော်လဲလေးစားမှုလျော့လာပါတယ်
တယောက်နဲ့တယောက်မာနတွေထိခိုက်မဲ့စကားတွေအထိကို ဆိုးဆိုးဝါးဝါးပြောဆို ရန်ဖြစ်ကြတဲ့အထိဖြစ်ခဲ့ကြပါတယ်….
အဲ့နောက်မှာ ကျနောတို့ Rs ခဏလောက် တပတ် လောက်ရပ်နားထားကြည့်ရအောင်လို့ ပြောပီး ရပ်နားခဲ့ပါတယ်
အဲ့တပတ်ပီးတဲ့အချိန်မှာ ကျနောကလမ်းခွဲမယ်ပြောပီး ဖြတ်လိုက်ပါတယ်
သူလဲသဘောတူတယ်ဆိုပီး သဘောတူညီမှုနဲ့လမ်းခွဲလိုက်ကြပါတယ်
အဲ့ပြတ်သွားတဲ့ ကာလက တစ်လမကြာပေမဲ့ ကျွန်တော်စိတ်ထွက်ပေါက်အနေနဲ့ နောက်ကောင်မလေးတယောက်ကို ရီးစားထားလိုက်ပါတယ်
(ကျနော့အရင်ကောင်မလေးကိုဘဲချစ်မိနေပီးသူ့ကိုသဘောကျရုံကျနေတာမလို့ ၂ ပတ်လောက်တွဲကြပီးပြတ်သွားကြပါတယ်)
ဒါပေမဲ့ ကျနော ကျနော့အရင်ကောင်မလေးကိုမေ့လို့မရပါဘူး
လမ်းခွဲမယ်ပြောပီး နှစ်ယောက်လုံးမပြတ်နိုင်ကြပါဘူး
ကျနောမာနကိုထိခိုက်တဲ့စကားတွေပြောခဲ့တဲ့အတွက် လက်လဲမခံချင်တော့ပါဘူး
ကျနော့အပေါ်သူ့လောက်ကောင်းတဲ့သူလဲမရှိပါဘူး
သူကအရမ်းနားလည်ပေးတဲ့သူအရမ်းဂရုစိုက်ပေးတဲ့သူပေမဲ့ တစ်ခါတစ်ခါ ရန်ဖြစ်ရင် ကျနောနာကျင်အောင်ပြောတာကိုလက်မခံနိုင်ပါဘူး
အခုသူ့ကိုလပ်ထပ်မဲ့သူရှိနေတာတောင် သူကမယူဘဲ ကျနောနဲ့ဘဲ ပြန်အဆင်ပြေချင်တယ်ဆိုပီးပြောလာပါတယ်
သူလဲသူ့ကိုကြိုက်တဲ့သူတွေရှိနေရက်နဲ့ ကျနော့ကိုဘဲ ပြန်အဆင်ပြေဖို့ကြိုးစားနေပါတယ်
ကျနောလဲပြန်လက်ခံရမှာစိုးရိမ်နေပါတယ်
ကျနော့မာနကိုထပ်ပီးစော်ကားမဲ့စကားတွေထပ်ပြောလာမှာစိုးရိမ်ပါတယ် သူ့ကိုလဲချစ်ပါတယ်
ကျနောဘယ်လိုဆက်လုပ်သင့်ပါသလဲ အကြံပေးပေးကြပါဗျ။
သူကလဲကျနော့ကိုတကယ်ချစ်တယ် ကျနောကလဲကြောက်တယ် ချစ်လဲချစ်တယ် ။