အကြံဉာဏ်လေး တောင်းချင်လို့ပါရှင်
ညီမလေ ဒီရက်ပိုင်း အရမ်းစိတ်ဆက်နေပါတယ်
တခြားသူ စကားတခွန်းလေးကအစ အမှားမခံနိုင်ပဲ
ကိုယ့်အတွေးနဲ့ကို ဒေါသတွေထွက် စိတ်မကြည်ဖြစ်နေရပါတယ်
အဲ့လိုမျိုးက ရင်ထဲမှာ တနုတ်နုတ်နဲ့ တခါတလေ ဘာကြောင့်မှန်းမသိပဲ စိတ်မကြည်ဖြစ်နေရင် ပိုပြီး ပင်ပန်းရပါတယ်
ပစ္စည်းတွေအပေါ်မှာလည်း ပေါက်ကွဲပစ်လို့ မရနဲ့ အရမ်းခံရခက်ပါတယ်ရှင်
အခုလောက်ထိလည်း တခါမှ မဖြစ်ဖူးပါဘူး
အဲ့လိုမျိုးခံစားရတိုင်း စိတ်ကျဉ်းကျပ်ပြီး ငိုပဲငိုပါတော့တယ်
အဲ့တာလေ ဓမ္မတာ လာခါနီးတာနဲ့များ ဆိုင်လားသိချင်ပါတယ်ရှင်
တမျိုးလည်း မထင်ပါနဲ့နော်
အရမ်း စိတ်ကျဉ်းကျပ်ပြီး ပင်ပန်းရလို့ပါ
ညီမက အစတည်းကလည်း အတွေးလွန်တတ်သူဆိုတော့
အသေးစိတ်လေးကအစ လိုက်တွေးပူပန်ပြီး ပင်ပန်းရတတ်လို့ပါ
ဘယ်လိုမျိုး နေရင် စိတ်သက်သာမလဲဆိုတာလဲ ဖြစ်ဖူးတဲ့သူများရှိရင် အကြံလေး ပေးကြပါဦးရှင် ကျေးဇူးတင်ပါတယ်ရှင်