သူနဲ့အိမ်ထောင်ကျတာငါးနှစ်ကျော်ပါပြီ
ကိုယ်နဲ့စတွေ့တုန်းက သူ့မှာအလုပ်လည်းမယ်မယ်ရရမရှိပါဘူး
ဒါပေမဲ့ချစ်တဲ့စိတ်တစ်ခုတည်းနဲ့သူ့ကိုရွေးချယ်ခဲ့တာပါ
အိမ်ထောင်ကျပြီးတော့ပြောင်းလဲသွားမယ်ထင်ခဲ့မိတယ်
တစ်နှစ်ကျော်လောက်ထိသူမပြောင်းလဲခဲ့ပါဘူး
ရန်ဖြစ်လိုက်မိဘအိမ်ဆင်းလိုက်နဲ့ နောက်တော့နည်းနည်းပြောင်းလဲလာပါတယ်
အလုပ်အတည်တကျရှိလာပါတယ် သောက်တာကတော့အရင်လိုပါပဲ
အိမ်ထောင်သက်သုံးနှစ်လောက်မှာ သားလေးတစ်ယောက်ရပါတယ်
အဲအထိကိုအရက်မပြတ်သေးဘူး နောက်တော့အရက်ကြောင့်သွေးအန်တဲ့အထိဖြစ်လာပါတယ်
အဲဒါလည်းညီမကသူ့အနားမှာကလေးတစ်ဖက်နဲ့ဒုက္ခခံပြီးပြုစုခဲ့တာပါ
သွေးအန်တာနှစ်ခါလောက်ဖြစ်ပြီးတော့ သူအရက်ပြတ်သွားပါတယ်
ညီမကဘယ်လောက်သူ့အပေါ်မှာကောင်းပေးလည်းသူကအကောင်းမမြင်ဘူ
းသူ့မိသားစုကလည်းညီမကိုအမြင်မကြည်ဘူး ကလေးတစ်နှစ်လောက်ရတော့ ညီမဈေးထွက်ရောင်းပါတယ်
ကလေးတစ်ဖက်နဲ့ ကိုယ်တက်နိုင်သလောက်ကလေးမုန့်ဖိုးရရဆိုတဲ့စိတ်နဲ့ဈေးရောင်းခဲ့တာပါ
သူကညီမအပေါ်တကယ်မသိတက်ပါဘူး သူအလုပ်ကပြန်လာလို့ကလေးတစ်ချက်တောင်ကူကြည့်ဖော်မရ
အိမ်မှုကိစ္စဆိုပိုဝေးပါတယ် ကိုယ့်မှာအပြင်အလုပ်လည်းလုပ်ရင်းအိမ်ပြန်လာတော့လည်းအိမ်အလုပ်လုပ်ရတယ်
သူကတော့အေးဆေးပါပဲ တစ်ခုပြောဖို့ရှိသေးတယ် သူ့လစာကိုညီမမကိုင်ရပါဘူး
ဈေးဖိုးတစ်နေ့ဘယ်လောက်ဆိုပြီးသူတွက်ပေးတာသုံးရတာပါ
အဲဒါကြောင့်ဈေးထွက်ရောင်းတာလည်းပါပါတယ်
ညီမအသုံးလိုတဲ့အခါသူ့ဆီတောင်းပြန်တော့လည်းမျက်နှာမလှဘူး
ပြီးတော့ သူ့မိသားစုနဲ့ညီမနဲ့ပြသာနာဖြစ်ကြတဲ့အခါ ညီမဘက်ကဘယ်တော့မှမရှိဘူး
မှားမှားမှန်မှန်ညီမကိုသာအပြစ်ပြောပါတယ်
ခုပိုဆိုးတာကခုခေတ်စားနေတဲ့အွန်လိုင်းဂိမ်းစွဲပီးပိုက်ဆံဖြူန်းနေတာပါပဲ
ကိုယ်ကအလဟာသတွေမဖြစ်ဖို့ပြောတော့သူကလက်မခံပါဘူး
သိအောင်တစ်မျိုးမသိအောင်တစ်မျိုးဆော့တယ် သူ့ဖုန်းကိုယူစစ်တာတွေ့တော့အမြဲစကားများရတယ်
သူပြောတဲ့စကားကလေငါရှာတာငါသုံးတာဘာဖြစ်လဲတဲ့
တကယ်တွေးတိုင်းစိတ်ဆင်းရဲမိတယ် သားလေးကခုဆိုနှစ်နှစ်ကျော်ပါပီ
သားလေးရှေ့ရေးကိုတွေးပြီးမလုပ်ဖို့ချော့ပြောလည်းမရဘူး
နောက်ဆုံးညီမနဲ့အကြီးအကျယ်ရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းခိုင်းတယ်
တစ်ခါနှစ်ခါသည်းခံပေမယ့်ခနတိုင်းဒီလိုနှင်ချနေတော့မနေနိုင်တော့လိုခုညီမမိဘအိမ်ပြန်လာခဲ့တယ်
ညီမမှားနေလားဟင် ပြီးတော့အိမ်ကိုရောက်တာနှစ်ပတ်ပြည့်တော့မယ်
သူဆီကဖုန်းတစ်ခါတောင်ဆက်ဖော်မရပါဘူး
သားလေးမျက်နှာကြောင့်သူ့ကိုကွာဖို့တွေးတိုင်း မဖြစ်နိုင်ပါဘူး
ကလေးမျက်နှာငယ်ရမယ်ဆိုတဲ့အတွေးကဝင်ဝင်လာတယ်
ဘယ်လိုလုပ်ရမလဲနောက်တစ်ခုကညီမကbroken familyပါ
မိဘတွေကကွဲနေတော့ ကိုယ်ကအဲဒီခံစားချက်ကိုသိနေတော့ကိုယ့်သားလေးကိုမနာကျင်စေချင်ဘူး
ဘယ်လိုရှေ့ဆက်ရမလဲအကြံလေးတွေပေးပါဦး စာရှည်သွားရင်လည်းသည်းခံပေးပါရှင်
သူနဲ႔အိမ္ေထာင္က်တာငါးႏွစ္ေက်ာ္ပါၿပီ
ကိုယ္နဲ႔စေတြ႕တုန္းက သူ႔မွာအလုပ္လည္းမယ္မယ္ရရမရွိပါဘူး
ဒါေပမဲ့ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔သူ႔ကိုေ႐ြးခ်ယ္ခဲ့တာပါ
အိမ္ေထာင္က်ၿပီးေတာ့ေျပာင္းလဲသြားမယ္ထင္ခဲ့မိတယ္
တစ္ႏွစ္ေက်ာ္ေလာက္ထိသူမေျပာင္းလဲခဲ့ပါဘူး
ရန္ျဖစ္လိုက္မိဘအိမ္ဆင္းလိုက္နဲ႔ ေနာက္ေတာ့နည္းနည္းေျပာင္းလဲလာပါတယ္
အလုပ္အတည္တက်ရွိလာပါတယ္ ေသာက္တာကေတာ့အရင္လိုပါပဲ
အိမ္ေထာင္သက္သုံးႏွစ္ေလာက္မွာ သားေလးတစ္ေယာက္ရပါတယ္
အဲအထိကိုအရက္မျပတ္ေသးဘူး ေနာက္ေတာ့အရက္ေၾကာင့္ေသြးအန္တဲ့အထိျဖစ္လာပါတယ္
အဲဒါလည္းညီမကသူ႔အနားမွာကေလးတစ္ဖက္နဲ႔ဒုကၡခံၿပီးျပဳစုခဲ့တာပါ
ေသြးအန္တာႏွစ္ခါေလာက္ျဖစ္ၿပီးေတာ့ သူအရက္ျပတ္သြားပါတယ္
ညီမကဘယ္ေလာက္သူ႔အေပၚမွာေကာင္းေပးလည္းသူကအေကာင္းမျမင္ဘူ
းသူ႔မိသားစုကလည္းညီမကိုအျမင္မၾကည္ဘူး ကေလးတစ္ႏွစ္ေလာက္ရေတာ့ ညီမေဈးထြက္ေရာင္းပါတယ္
ကေလးတစ္ဖက္နဲ႔ ကိုယ္တက္ႏိုင္သေလာက္ကေလးမုန႔္ဖိုးရရဆိုတဲ့စိတ္နဲ႔ေဈးေရာင္းခဲ့တာပါ
သူကညီမအေပၚတကယ္မသိတက္ပါဘူး သူအလုပ္ကျပန္လာလို႔ကေလးတစ္ခ်က္ေတာင္ကူၾကည့္ေဖာ္မရ
အိမ္မႈကိစၥဆိုပိုေဝးပါတယ္ ကိုယ့္မွာအျပင္အလုပ္လည္းလုပ္ရင္းအိမ္ျပန္လာေတာ့လည္းအိမ္အလုပ္လုပ္ရတယ္
သူကေတာ့ေအးေဆးပါပဲ တစ္ခုေျပာဖို႔ရွိေသးတယ္ သူ႔လစာကိုညီမမကိုင္ရပါဘူး
ေဈးဖိုးတစ္ေန႔ဘယ္ေလာက္ဆိုၿပီးသူတြက္ေပးတာသုံးရတာပါ
အဲဒါေၾကာင့္ေဈးထြက္ေရာင္းတာလည္းပါပါတယ္
ညီမအသုံးလိုတဲ့အခါသူ႔ဆီေတာင္းျပန္ေတာ့လည္းမ်က္ႏွာမလွဘူး
ၿပီးေတာ့ သူ႔မိသားစုနဲ႔ညီမနဲ႔ျပသာနာျဖစ္ၾကတဲ့အခါ ညီမဘက္ကဘယ္ေတာ့မွမရွိဘူး
မွားမွားမွန္မွန္ညီမကိုသာအျပစ္ေျပာပါတယ္
ခုပိုဆိုးတာကခုေခတ္စားေနတဲ့အြန္လိုင္းဂိမ္းစြဲပီးပိုက္ဆံျဖဴန္းေနတာပါပဲ
ကိုယ္ကအလဟာသေတြမျဖစ္ဖို႔ေျပာေတာ့သူကလက္မခံပါဘူး
သိေအာင္တစ္မ်ိဳးမသိေအာင္တစ္မ်ိဳးေဆာ့တယ္ သူ႔ဖုန္းကိုယူစစ္တာေတြ႕ေတာ့အၿမဲစကားမ်ားရတယ္
သူေျပာတဲ့စကားကေလငါရွာတာငါသုံးတာဘာျဖစ္လဲတဲ့
တကယ္ေတြးတိုင္းစိတ္ဆင္းရဲမိတယ္ သားေလးကခုဆိုႏွစ္ႏွစ္ေက်ာ္ပါပီ
သားေလးေရွ႕ေရးကိုေတြးၿပီးမလုပ္ဖို႔ေခ်ာ့ေျပာလည္းမရဘူး
ေနာက္ဆုံးညီမနဲ႔အႀကီးအက်ယ္ရန္ျဖစ္ၿပီးအိမ္ေပၚကဆင္းခိုင္းတယ္
တစ္ခါႏွစ္ခါသည္းခံေပမယ့္ခနတိုင္းဒီလိုႏွင္ခ်ေနေတာ့မေနႏိုင္ေတာ့လိုခုညီမမိဘအိမ္ျပန္လာခဲ့တယ္
ညီမမွားေနလားဟင္ ၿပီးေတာ့အိမ္ကိုေရာက္တာႏွစ္ပတ္ျပည့္ေတာ့မယ္
သူဆီကဖုန္းတစ္ခါေတာင္ဆက္ေဖာ္မရပါဘူး
သားေလးမ်က္ႏွာေၾကာင့္သူ႔ကိုကြာဖို႔ေတြးတိုင္း မျဖစ္ႏိုင္ပါဘူး
ကေလးမ်က္ႏွာငယ္ရမယ္ဆိုတဲ့အေတြးကဝင္ဝင္လာတယ္
ဘယ္လိုလုပ္ရမလဲေနာက္တစ္ခုကညီမကbroken familyပါ
မိဘေတြကကြဲေနေတာ့ ကိုယ္ကအဲဒီခံစားခ်က္ကိုသိေနေတာ့ကိုယ့္သားေလးကိုမနာက်င္ေစခ်င္ဘူး
ဘယ္လိုေရွ႕ဆက္ရမလဲအႀကံေလးေတြေပးပါဦး စာရွည္သြားရင္လည္းသည္းခံေပးပါရွင္