အရင်ဆုံး ကျမကိုယ် ကျမ မိတ်ဆက်ပါရစေ။
တယောက်ထဲ ရပ်တည်နေပြီး
အလုပ်မှာ လက်အောက်ငယ်သားတွေကို အုပ်ချုပ်ရတဲ့ အဖွဲ့မှူးပါရှင်။
ကိုယ်တိုင်ကလည်း အချစ်ကို မယုံကြည်သလို
(အမှန်က အရင်က သစ္စာဖောက်ခံရပြီးကတည်းက) တယောက်ထဲနေလာတာပါ ။
လက်အောက်က ညမလေးများကိုလည်း မယုံကြည်ဖို့ဆုံးမနေကြပါ။
ဒါပေမဲ့ ရှင် အလုပ်မှာ ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေးတယောက်နဲ့ ဆုံတယ်ရှင့်။
သူက စပြီး စကားလာပြောတယ်။ဂရုစိုက်လာတာ တွေ သိပေမဲ့ စိတ်ကို တည်ငြိမ်အောင် ပဲနေပြီး သူ့စိတ်ကို မသိချင်ယောင်ဆောင်ခဲ့ပါတယ်။
သူက အမြဲလည်း ဖုန်းဆက်နေကြပါ။
ဒါပေမဲ့ တနေ့တော့ သူဖုန်းဆက်နေတုံး ညမတို့ အိမ်ရှေ့မှာ ဆူညံသံတွေကြားရတော့အာရုံက သူပြောနေတာကို မကြားမိပဲ
ငါခနနေ ဖုန်းပြန်ဆက်မယ်ဆိုပြီး ဖုန်းချလိုက်တယ်ရှင့်။
ပြန်ဆက်လိုက်သေးတယ် အဲ့ကတည်းက ဖုန်းမကိုင်တော့ဘူး။
မနက်ရောက်တော့ အလုပ်မှာ သိသိသာသာရှောင်နေပြီး
မျက်နှာလည်းမကောင်းတော့ပါဘူး။
အဲ့တာ ကျမ အနေနဲ့ သူ့ကို ခုကိစ္စတွက် ကိုယ်တိုင်တိုက်ရိုက်မေးသင့်ပါသလား။
ခုဟာက ဘာဖြစ်သွားမှန်းကို မသိလိုက်လို့ပါ။
ရှင်းပြမေးသင့်တယ် ထင်လို့ပါရှင့်။
အရင်က အဲ့ကောင်လေးကို ခေါင်းထဲမရှိပေမဲ့ ခုလိုရုတ်တရက် ဘာဖြစ်လဲ မသိတော့ အာရုံထဲမှာသူပဲ စွဲနေလို့ပါ။
ခုလိုဖြစ်နေတာကြီးကို လန့်လာလို့ပါ။
အကြံဉာဏ်လေးများ စောင့်မျှော်နေပါတယ်ရှင့်။