ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၂၈

ကျွန်မတု့ိချစ်သူသက်တမ်း 6နှစ်ရှိတော့မှာပါ တွဲပီးတစ်နှစ်လောက်ပဲ ဂရုစိုက်ခံရတာပါ

နောက်ပိုင်း အိပ်ပျော်သွားလို့ ဂိမ်းဆော့နေလို့ video ကြည့်နေလို့ဆိုပီး လိုင်းပေါ်မှာကျွန်မကိုစကားပြောချိန်မပေးခဲ့ပါဘူး

ဖုန်းပြောရင်လဲ တစ်စက္ကန့် လောက်ပဲပြောခွင့်ရခဲ့ပါတယ် ဒါတောင်တနေ့မှနှစ်ကြိမ်ထဲပါ

ဒါမဲ့လဲ သူသစ္စာရှိပေးတာပဲ မဖောက်ပြန်ပါဘူးဆိုတာလောက်နဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်းနေလာတာ

တစ်ရက်တော့သူ့မှာနောက်မိန်းကလေးတယောက်ရှိလာပါတယ်

ကျွန်မသိတော့ အဲ့မိန်းကလေးကိုဖြတ်ပီး ကျွန်မကိုတောင်းပန်ခဲ့ပါတယ်

မပြတ်နိုင်သေးတဲ့ကျွန်မက ပြန်လက်ခံမိပါတယ် တွဲပီးတစ်နှစ်အတွင်းကနေစပီး ခုချိန်ထိ ကျွန်မကို ရွေးခဲ့ပေမဲ့

အရင်လိုပဲဂရုမစိုက်ခဲ့ပါဘူးသူပြု ပြင်ပါ့မယ်ဆိုပီးကတိတွေပေးခဲ့ပေမဲ့

အရင်အနေအထားအတိုင်း ကျွန်မတယောက်ထြဲဖတ်သန်းနေရပါတယ်

ကျွန်မမိန်းမသားတယောက်ပါ ကိုယ့်ချစ်သူဆီကအချိန်ပေးတာလေး လိုချင်ရုံလေးပါ

သူ့ဆီက တွဲလာတဲ့သက်တမ်းတလျှောက်ဘာဆိုဘာမှမပူဆာခဲ့ဖူးပါဘူး

သူအသိဆုံးပါ အချိန်ပေးဖို့ပြောရင် အဲ့နေ့တော့တစ်နာရီလောက် စကားပြောခွင့်ရခဲ့ပါတယ်

နောက်နေ့ဆိုအရင်အတိုင်းပါပဲ ကျွန်မဘာဆက်လုပ်သင့်လဲ ကျွန်မသူ့ကိုမပြတ်နိုင်သေးလို့ပါ

ခုကျွန်မစိတ်ထဲမှာသူ့ကိုအရင်လိုမယုံကြည်ရဲတော့ဘူးဖြစ်နေတယ်

အမြဲသံသယတွေနဲ့ ကျွန်မစိတ်တွေက ပင်ပန်းနေပေမဲ့ ကျွန်မမိသားစုအပေါ် ကျွန်မအခက်အခဲတွေလဲတက်နိုင်တာမှန်သမျှသူကဖြေရှင်းပေးပီး တကယ်ကိုကောင်းပေးနေတော့ ဘာဆက်လုပ်ရမလဲမသိဖြစ်နေလို့ပါ

နေ့တိုင်းစကားမပြောဖြစ် ဖုန်းမပြောဖြစ်ရင်တောင် တစ်ရက်ခြားတခါလောက်တော့ ကိုယ့်ချစ်သူနဲ့စကားပြောခွင့်လေးလိုချင်မိတာပေါ့

ကျွန်မကအဲ့လိုတွေမရထိုက်တဲ့သူမို့လို့လားဟင်

6 နှစ်သက်တမ်းမှာ သုံးလေးနှစ်နီးပါးလောက်လိုင်းပေါ်မှာစကားပြောခွင့်မရတာကြာနေပါပီ

သူနဲ့အတူသွားချင်တဲ့နေရာလေးရှိလို့ သူ့အလုပ်ပိတ်ရက်မတိုင်ခင်ကြိုပြောထားပေမဲ့ အမြဲမေ့ထားခံရပါတယ်

ချစ်သူရှိနေပီး ကျွန်မက တယောက်ထဲလိုပဲနေနေရပါတယ်

အမြဲလွယ်လွယ်ကတိပေးတက်ပါတယ်

ကျွန်မသူ့ကိုအဆုံးအရှုံးလဲမခံနိုင်ဘူး ဖြစ်ချင်တာလေးတွေပြောပီးညှိနှိုင်းလဲ

ကတိကိုလွယ်လွယ်လေးပေးသွားတက်တဲ့သူတယောက်ကို လမ်းခွဲဖို့ သင့်လား

အကြံလေးတွေလိုချင်ပါတယ် ရင်ဖွင့်ရမဲ့သူလဲမရှိလို့ပါ

ကျွန်မတို့ချစ်သူသက်တမ်း 6နှစ်ရှိတော့မှာပါ တွဲပီးတစ်နှစ်လောက်ပဲ ဂရုစိုက်ခံရတာပါ






















