ရင်ဖွင့်စာ
မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၃၂
သူလမ်းခွဲသွားတာ ဒီနေ့နဲ့ဆို ၄ ရက်မြောက်တဲ့နေ့ပါ
လမ်းခွဲခဲ့ပုံကတော့ သူအသစ်ရနေပြီဆိုတာဝန်ခံတာကနေစခဲ့တာပါ သူကတော့သူမမှားသလိုပဲ ဝန်ခံခဲ့တယ်။
ဘာမှမဖြစ်တဲ့လေသံနဲ့ပေါ့။ သူဝန်မခံခင်ကတည်းက စိတ်ထဲမှာ သိနေခဲ့တာ မဟုတ်ပါစေနဲ့ပဲဆုတောင်းနေခဲ့ရင်းက အမှန်ဖြစ်လာခဲ့တာပါပဲ။
သူကောက်ကောက်ပါအောင်လိုက်သွားခဲ့တဲ့ နောက်လူက လူတကာကို လိုက် play နေတဲ့ 07 born ကလေးလေးလေးပေါ့။
အရမ်းချစ်ခဲ့ပြီးသံယောဇဉ်တွေလည်းရှိတာမို့ ကိုယ်လည်း ဆောက်တည်ရာမရ အရမ်းဝမ်းနည်းခဲ့တယ်။
သူတို့ပြောတဲ့ conversation‌ တွေမြင်ရတော့ ဒေါသထွက်ပြီး
” အရှက်ကွဲမှာကြောက်တဲ့ အဲ့ Kaung ma ရဲ့ အရှက်ကိုရစရာမရှိအောင်ခွဲပြမယ်။ ss တွေလည်းရှိတယ် ” ဆိုပြီးပြောခဲ့မိပါတယ်
ခ‌န‌‌ကြတော့ ကိုယ်ပဲလျှော့ပေးခဲ့ရတယ်။
သူဒီလိုအချိုးချိုးခဲ့တာတောင် ပွဲမရှာရက်ခဲ့သလို သူငယ်ချင်းတွေကိုလည်းပွဲမရှာဖို့မှာခဲ့ပါတယ်။
သူကတော့ အရာရာခွင့်လွှတ်ပေးပါမယ့်ပြောတာတောင် ပြန်မလာခဲ့ပါဘူး။
အဲ့ကောင်မလေးက်ိုမပြတ်နိုင်ပုံရပါတယ်။ ညီမကိုလည်း သူပြန်လာပါမယ်ဆိုတဲ့ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး စောင့်ခိုင်းထားခဲ့ပါတယ်။
စောင့်မယ်လို့လည်း ပြောခဲ့မိတယ်။ သူကတော့ အဲ့ကောင်မလေးကိုဖြတ်ပေးမယ်ပြောပေမယ့် ဒီနေ့တင်ဖက်ပြီးနမ်းနေကြပါသေးတယ်။
လွမ်းစရာရှိရင်နာစရာနဲ့ဖြေ‌ဆိုပေမယ့် ဘယ်လိုမှမုန်းလို့မရဘူးဖြစ်နေတယ်။
သူ့ကိုမဆက်သွယ်ဖြစ်အောင်အလုပ်တွေလည်းဖိလုပ်ဖြစ်နေတယ်။
အဲ့ကောင်မလေးကိုဖြတ်ခိုင်းသင့်လား။ သူပြန်လာတာကိုပဲစောင့်သင့်လား။
မေ့လိုက်ပြီး ပြန်လာရင်တောင်လက်မခံပဲနေသင့်လား အကြံပေးကြပါဦး။
( သူနဲ့တွဲတာ ၆ လပါ။ ကိုယ်က အရင်က ရည်းစားတစ်ယောက်ကို ၁ လတောင်မြဲအောင်မတွဲခဲ့ဖူးသူပါ။
first time hs လည်းရှိခဲ့ပါတယ်။ နှစ်ဖက်မိဘကပါ သဘောတူထားတဲ့အခြေအနေပါ။ )