အရမ်းမွန်းကြပ်လို့ပါ ရင်ဖွင့်ရမဲ့ညီအစ်မသူငယ်ချင်းတွေလည်းမရှိလို့ပါ
ကျွန်မအသက်၂၇ပါ အိမ်ထောင်သက် ၆နှစ်ရှိပါပြီ
သမီးလေးတစ်ယောက်ရှိပါတယ်သမီးလေး၅နှစ်ပြည့်ပါပြီ
သမီးလေးကသူ့အဖေကိုအရမ်းချစ်တာပါ ဒါမဲ့ ကလေးအဖေကအရမ်းဆိုးပါတယ်
ဒီ၂နှစ်အတွင်းမှာ ပဲဒီလိုဖြစ်သွားတာပါ လွန်ခဲ့တဲ့ ၄နှစ်ကသူဒီလိုမဟုတ်ပါဘူး
စယူကတည်းကသူအိမ်ကမပြည့်စုံပါဘူး သူ့အဖေအမေကလည်းကွဲကြပြီး
သူအဖေကနောက်အိမ်ထောင်နဲ့အိမ်ဌားနေတာပါ ဒါတွေကိုလည်းကိုယ်နားလည်ပေးခဲ့ပါတယ်
ကိုယ်ကအိမ်မှာတစ်ဉီးတည်းသောသမီးပါ
သူက သူ့အိမ်ကအဆင်မပြေမှန်း သိတော့ကိုယ်မိ်ဘတွေကအိမ်မှာလာနေဖို့ခေါ်ပြီးအခန်းပေးပါတယ်
အဲ့ ချိန်သမီးလေး၁ နှစ်ပဲရှိသေးပါတယ် အလုပ်လည်းသူလက်ကျောမတင်းပါဘူး
အဲ့ချိန်သမီးလေးလည်းနို့မပြတ်သေးဘူး ပြီးတော့ ကိုယ်ကလည်း ခွဲမွေးထားတော့အမေကဘာမှမလုပ်ခိုင်းသေးဘူး
ကိုယ့် မိဘတွေသာမရှိရင် ကိုယ်တွေလမ်းဘေးရောက်မှာသေချာပါတယ်
အလုပ်လုပ်ဖို့လည်းတစ်နေ့တစ်နေ့အော်ပြီးရန်ဖြစ်ရပါတယ် အာ့နဲ့သမီးလေးလည်း၂နှစ်ပြည့် ရော နို့ဖြတ်ပြီး သမီးလေးကိုမိဘတွေနဲ့ထားခဲ့ပါတယ်
တရုတ်ပြည်နယ်စပ်ဘက်အလုပ်ထွက်လုပ်ပြီးတစ်နှစ်နေပြီးမြေကွက်လေးရအောင်ဝယ်ခဲ့ပါတယ်
မြေကွက်လေးရပြီးအိမ်လေးပြန်ဆောက်ချင်တော့ခရီးပြန်ထွက်မယ်ပြောတော့သူက သူ့သူဌေးဆီပိုက်ဆံ၂၇သိန်းအတိုးနဲ့ချေးလာပါတယ်
ကိုယ့်မိဘတွေကသိန်း၃၀ကူပါတယ်ကိုယ့်ဆီရှိတာလေးတွေပေါင်းပြီ လုံချင်းအိမ်အိပ်ခန်း၂ခန်းပါလေးဆောက်လိုက်ပါတယ်
အိမ်လည်းဆောက်ပြီးသူကအလုပ်မလုပ်ချင်တော့ပါဘူး
အကြွေး တွေလည်းရှိတော့အိမ်ဆောက်ပြီး တစ်လပြည့်တော့ သူကအိမ်မှာပဲနေခဲ့ပြီးကိုယ်ကပြန်ထွက်ရှာခဲ့ပါတယ်
အဲ့မှာ စတာပါ မနက်ဆိုကလေးကိုအမေနဲ့ထားခဲ့ပြီ ညဆိုပြန်ရောက်လာတယ်တဲ့အမေကပြောတယ် အလုပ်လည်းမလုပ်ဘူး
သူက သူ့အိမ်ကအဆင်မပြေမှန်း သိတော့ကိုယ်မိဘတွေကအိမ်မှာလာနေဖို့ခေါ်ပြီးအခန်းပေးပါတယ်