ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၃၅

မဂ်လာပါမင်မင်ရှင့် ရင်ဖွင့်ချင်လို့ပါချစ်သူသက်တမ်း ၆ လပြည့်မှာလမ်းခွဲခဲ့တယ်၊

သူကနဲ့online မှာစတွေ့ခဲ့တယ်၊

သူကပညာလဲတက်ပျိုတိုင်းကြိုက်တဲ့သူ၊

ညီမကပညာတက်ပေမဲ့သူ့လောက်တော့မချောဘူး၊နိုင်ငံရေးကြောင့်အလုပ်တွေနားပြီး စိတ်ဓါတ်တွေကျနေတဲ့အချိန်

သူနဲ့တယောက်ကိုတယောက်အားပေးရင်းရင်းနှီးခဲ့ကျတယ်၊

သူအရင်ကကောင်မလေးအများကြီးထားခဲ့ကြောင်း ၂ယောက်နဲ့အတူနေမိကြောင်းတွေကိုညီမသိအောင်သူပြောပြခဲ့တယ် ၊

အဲ့လိုနဲ့သူညီမကိုဖွင့်ပြောခဲ့တယ် ညီမလက်ခံခဲ့တယ်

ညီမကအိမ်မပိုင်ဘူး၊ညတိုင်းဖုန်းတွေပြောသီချင်းတွေဆိုပြနဲ့ ချစ်ခဲ့ကျတယ်

သူပင်ပန်းရင်လဲညီမကဘေးကအားပေးစကားပြောပေးခဲ့တယ်၊

တနေ့မှာသူ့အလုပ်ရန်ကုန်ပြန်ခေါ်လို့သွားရတယ် ညီမစိတ်မချပေမဲ့သူ့တက်လှမ်းဖြစ်နေလို့ မတားခဲ့ဘူး

သူဟိုမှာနေတုန်းသုံးဖို့ ပိုက်ဆံပါလွှဲပေးခဲ့တယ်၊

အဲ့လိုနဲ့သူလခထုတ်ရက်ဆို သူငယ်ချင်းတွေနဲ့အရက်မူးရင်သူဖုန်းဆက်နေကျ သူ့ပြောနေကျစကားကသူရည်းစားအများကြီးထားမယ်၊

ဒါပေမဲ့သူနောက်ဆိုးယူမဲ့မိန်းမက ညီမပဲဖြစ်ရမယ်တဲ့ ညီမပျော်တာပေါ့နော်၊

သူက ညီမကို s*x chat တောင်းဆိုတယ်

ညီမကိုတန်ဖိုးထားရင် မ chat နဲ့လို့ပြောတော့ သူမပြောတော့ဘူးညီမမကြိုက်မှန်းသိလို၊

အဲ့လိုချစ်သူသက်တန်း ၆ လပြည့်မှာ ကောင်မလေးတယောက်စာပို့တယ် သူနဲ့ချစ်သူတဲ့အတူတူလဲနေပြီးပြီတဲ့

ညီမလေကမ္ဘာပျက်မတက်ပဲ သူ့ကိုမေးတယ်ဝန်ခံတယ်

သူမူ‌းနေလို့ဖြစ်တာပါတဲ့နောက်မဖြစ်စေရဘူးတဲ့၊ညီမခွင့်လွှတ်ပေးခဲ့တယ် ၊

နောက်ကျတော့ အဲ့ညကသူမူးပြီး အဲ့ကျကညီမကို s*x chat မယ် ဓါတ်ပုံလဲပို့ပေးရမယ်တဲ့

သူ့ကိုယ် ချစ်ရင်ပို့ရမယ်တဲ့ ညီမကပြန်ပြောလိုက်တယ် လူသေရင်သေပစေ ညီမတန်ဖိုးကိုတော့ ချနင်းမခံနိုင်ဘူးလို့ပြောလိုက်တော့

သူကလမ်းခွဲစကားဆိုတယ် ညီမသေချာအောင်မေးလိုက်တယ်၊နင်တောင်းဆိုတာမပေးလို့ငါ့ကိုလမ်းခွဲပြီး၊

နောက်ကောင်မလေးထားတယ်ပေါ့ဆိုတော့၊ဟုတ်တယ်တဲ့

အဲ့တော့ညီမကလဲပြန်ပြောလိုက်တယ် နင်သေချာတယ်နော်လို့

ဒါဆိုရင်တော့ bye bye ကိုယ့်ကိုတန်ဖိုးမထားတက်တဲ့သူ့ကို ပြုံးပြုံးလေး လွမ်းခွဲပေးလိုက်တယ်

ညီမဆုံးဖြတ်ချက် 100% မှန်ကုန်တယ်လို့ယုံကြည်တယ် အခုတော့ညီမပျော်ရွှင်နေရပြီ
























