ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၃၆

မင်္ဂလာပါ မင်မင်ရှင့်

အိမ်ထောင်ရေး အခက်ခဲလေးတွေ ရင်ဖွင့်ပါရစေရှင့်

ကျတော်က အသက် ၂၇ အမျိုးသားကတော့ ၂၆ ပါ

သူက အရက်ကို တအားသောက်ပါတယ်…

ရည်းစားဘဝ တနှစ်ပီးတွဲပီး လက်ထပ်ခဲ့ပါတယ်…

ရည်းစားဘဝမှာ လွန်ကျူးခဲ့တာတွေရှိလို့ မဖြစ်တော့ဘူးဆိုပီး တွေးမိလို့ ခိုးရာလိုက်ခဲ့မိပါတယ်…

သူ့ဘက်ကတော့ ကျတော့်ကို မူးလို့ ယူခဲ့မိတာပါတဲ့

ရည်းစားဘဝတုန်းကလည်း အတူနေချင်လို့သာ ချစ်ခဲ့တာပါတဲ့

ကျတော့်ဘက်ကတော့ သူ့ကို တကယ်ချစ်လို့ ယူခဲ့တာပါ…

လာခိုးတဲ့ညက ကျတော် အရက်လုံးဝဖြတ်မယ်ဆိုလို့ ယူခဲ့လိုက်မိတယ်…

အခုတော့ လက်ထပ်ပီးတာ ၃နှစ်ရှိပါပီ သမီးလေး တယောက်လည်း မွေးထားပါတယ် အသက်က ၁နှစ်ရှိပါပီ…

ယူပြီးနောက်ပိုင်းကစ သူရဲ့စရိုက်တွေထွက်လာပါတယ်

ကျတော့် မိသားစုကို မူးပြီးဆဲပါတယ်…

နောက်တော့ သူ့အလုပ်ထဲက ကောင်မလေးတယောက်နဲ့ငြိပါတယ်

အဲ့ကောင်မလေးက အိမ်ထောင်သည်မှန်းသိတော့ ရှောင်ထွက်ပေးသွားပါတယ်…

အဲ့ကောင်မလေး ရွာပြန်သွားတော့ သူအသည်းတွေကွဲပီး အရက်တွေတအားသောက် ကျမကို ပြဿနာရှာပါတယ် ရန်လည်း ခဏခဏဖြစ်ပါတယ် …

အဲ့လိုတွေဖြစ်တဲ့အချိန် ကျတော် ဂိမ်းကစားရင်း ကောင်လေးတယောက်နဲ့ မိတ်ဆွေဖွဲ့မိပါတယ်…

ကျတော် အိမ်ထောင်ရှိမှန်း ပြောပြတယ် ရိုးရိုးသားသားပဲ စကားပြောကြပါတယ် အဲ့တာကို သူက ဖောက်ပြန်ပါတယ်ဆိုပြီး ကျတော့်ကို စွပ်စွဲတယ် မိဘတွေရှေ့ အရှက်ခွဲပါတယ်

ကျမ ဘုရားရှေ့မှာ ကျိန်ဆိုရဲပါတယ် ဘယ်တုန်းကမှ သူ့အပေါ် မဖောက်ပြန်ခဲ့ပါဘူး…

ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်အဆင်ပြေသွားလိုက်နဲ့ နေလာကြတာ အိမ်ထောင်သက် ၂နှစ်ကြာပြီးတော့ ကျတော် ကိုယ်ဝန်ရှိလာပါတယ်
သူအရက်တွေ တအားသောက်လို့ ရန်ဖြစ်ကြပါတယ်

ကျတော်ကိုလည်း သူလက်ပါတယ် ဗိုက်ကိုလည်း လက်သီးနဲ့ထိုးပါတယ်…

ဒါလည်း ကျတော်က အချစ်ကြီးတော့ အပြစ်မမြင်ခဲ့ပါဘူး… ကိုဗစ်တွေစတယ် သူအလုပ်တွေ နားရတယ် အိမ်မှာပဲ ကျတော် ဗိုက်တဖက်နဲ့ Online Teaching သင်ရင်း လုပ်ကိုင် ကျွေးမွေးခဲ့ပါတယ်…

ကလေးမွေးလာတော့လည်း သူ ပုံမှန်အတိုင်း အရက်သောက်မြဲပါပဲ

နောက် အပျော်ပါးလည်း မက်လာတယ်

အလုပ်နားတဲ့ရက်တွေဆို မနက်မိုးလင်းတာနဲ့ အိမ်ကနေထွက်သွားတယ် ညမှောင်မှ မူးရူးယိမ်းထိုးပြီး ပြန်ပြန်လာပါတယ်… ဒီကြားထဲ အလုပ်တွေပြန်ဖွင့်လာတယ်…

ဒီလိုပဲ ကျတော်တို့ အိမ်ထောင်ရေးက ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ပါ

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက အကြီးအကျယ်ကို ရန်ဖြစ်ကြပါတယ်… ထုံးစံအတိုင်း သူသောက်တာများတိုင်း ရန်ဖြစ်နေကြပါ…
ကျတော် အိမ်ကနှင်ချပါတယ်

အဲ့လိုနှင်ချတော့ အရင်က ကျတော်ကို ဖောက်ပြန်တယ်ဆိုပြီး စွပ်စွဲတဲ့ကိစ္စကို ထပ်ပြောပါတယ် …

ပတ်ဝန်းကျင်ကြားအောင် အော်ပီး အရှက်ခွဲစွာနဲ့ ပြောဆိုပါတယ် ..

သူကျတော့်ကို ဒုတိယအကြိမ်မြောက်လက်ပါပါတယ်

ဒီတခါ ကျတော့် အမေ့ကိုကပါ သူက လက်ရွယ်ပါတယ်

ရင်ထဲမှာ အမေ့ကို လက်ရွယ်တာတွေ့တော့ အရမ်းရွံသွားပါတယ်…

နှင်ချတိုင်း ပိုက်ဆံသာပေးလိုက် ငါဆင်းသွားမယ်ချည်း ပြောပါတယ်…

ကျတော် သူနဲ့မပေါင်းချင်တော့ပါဘူး …

ကလေးအပေါ်လည်း ဖခင်တာဝန်မကျေပါဘူး

အပျော်ပါးမက်ပြီး အရက်ကို ခေါင်းမဖော်အောင် သောက်တာကိုလည်း ဆက်သည်းမခံနိုင်တော့ပါဘူး…

သူ မပြောင်းလဲလာတော့ပါဘူး …

ကျတော် ဘယ်လိုလုပ်သင့်သလဲ…





































