မင်မင်ရယ် ရင်ထဲ အရမ်းမွန်းကြပ်နေလို့ပါ တခုလောက်ဖြေပေးပါနော်
ချစ်ရက်နဲ့ကိုယ်ထိခိုက်နာကျင်မှာကြောက်လို့ဆိုတဲ့
အကြောင်းပြချက်နဲ့လမ်းခွဲတဲ့ဖြစ်ရပ်မျိုးက အပြင်မှာ တကယ်ရှိလို့လား
ရုပ်ရှင်တွေထဲမာဘဲ မဟုတ်ဖူးလား ညီမမှာ အရင်က exရှိဖူးပါတယ်
ညီမexရှိဖူးတာ ညီမexက ညီမနဲ့အခုကောင်လေးကို ပြသာနာရှာတာ
အခုကောင်လေး မိဘက သိသွား မြင်သွားခဲ့ပါတယ်
အဲ့ထဲက သူ့မိဘက ညီမနဲ့ သဘောမတူပါဘူး
အခုကောင်လေးက အရမ်းအေးပြီး အရမ်းလိမ္မာတဲ့သားလိမ္မာလေးလို့တောင်ပြောလို့ရပါတယ်
ညီမနဲ့သဘောမတူလို့ သူ့အိမ်နဲ့အတိုက်ခံလုပ်ပြီးကို ညီမနဲ့တွဲနေတာပါ
သူ့မိဘနဲ့ ညီမကြားမာ သူက စိတ်ပင်ပန်းနေရတာပါ
သူ့မိဘက ညီမကို ဘယ်လိုတွေပြောဆိုလဲတော့မသိပါဘူး
ညီမတို့ ၂ယောက်တူတူဖြတ်သန်းလာခဲ့တာ ၁နှစ်နီးပါးရှိပါပြီ
အခုမှ သူ(ညီမကောင်လေး)က သူ့ကြောင့် ညီမ သိမ်ငယ်နေရပါတယ် မပျော်ရွှင်ရပါဘူးဆိုပြီး ညီမကိုလမ်းခွဲသွားပါတယ်
တကယ်တမ်း တနှစ်နီးပါးလုံး ညီမ သူ့ကြောင့်နဲ့ အရာရာကို ရင်ဆိုင်ခဲ့တာ
သူရှိတယ်ဆိုတဲ့အတွေးနဲ့ဘဲရပ်တည်ခဲ့တာပါ
ညီမက တချိန်ချိန်အဆင်ပြေလိမ့်မယ် ဆိုပြီး ၂ယောက်တူတူကြိုးစားချင်တာပါ
သူက ဘာလို့ တူတူမကြိုးစားဘဲ ညီမကို စွန့်ပစ်ရတာလဲဟင်
သူပြောသွားတာကတော့ သူ့ကြောင့် ညီမပျော်နေတာဘဲ သူမြင်ချင်တာပါ
စိတ်ထိခိုက်နေရတာကို မမြင်ချင်ပါဘူး
အခု သူမရှိတော့ခါမှ ညီမ အရာရာဆုံးရှုံးသွားတာပါ ပျော်ရွှင်မှုပါ