ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၃၉

အခုစကားတွေက ညီမရဲ့ဘဝအကြောင်းကိုရင်ဖွင့်ပြချင်ပီးတော့ ညီမအကြံဥာဏ်လေးတောင်းချင်လို့ပါ

အမှားပါတာရှိရင်လဲညီမကိုခွင့်လွှတ်ပေးကြပါရှင့် ညီမအသက်၂၁ပါ

ညီမက စားသောက်ဆိုင်(စင်တင်)မှာသီချင်းဆိုတဲ့အလုပ်လုပ်ပါတယ်

ခုလိုလုပ်ရတာကလဲဲညီမ မိသားစု စားဝတ်နေရေးအတွက်ကြောင့်ပါ

ညီမဝါသနာပါတာရောပါပါတယ် အရင်တုန်းက ညီမက အမေနဲ့သားမိနှစ်ယောက်ထဲနေပါတယ်

အဖေနဲ့အမေနဲ့က ညီမငယ်ငယ်ထဲက ကျောင်းတက်နေချိန်မှာကွဲသွားတာပါ

ညီမအမေက စက်ချုပ်ဆိုင်လေးဖွင့်ထားပါတယ်

ညီမအလုပ်မလုပ်ခင်က ကိုဗစ်တွေနိုင်ငံရေးတွေနဲ့ ဆိုတော့ညီမအမေရဲ့စက်ဆိုင်လဲ ပိတ်ထားရပီး

ညီမတို့သားမိအဆင်မပြေခဲ့ပါဘူး

အဲ့တာနဲ့ ညီမစားသောက်ဆိုင်တွေဖွင့်တော့စားသောက်ဆိုင်မှာ သီချင်းဝင်ဆိုပါတယ်

1နှစ်လောက်ရှိပါပီ အဲ့အချိန်ညီမအမေကို ပိုက်ဆံများများလွှဲပေးနိုင်ခဲ့ပါတယ်

အလုပ်လုပ်ရင်းနဲ့အကိုကြီးတယောက်နဲ့ညီမချစ်သူဖြစ်ပါတယ်

သူကညီမထက်အသက်10နှစ်ကျော်လောက်ပိုကြီးပါတယ်

သူနဲ့ကြိုက်တာ 6လလောက်ရှိပါပီ လွန်ခဲ့တဲ့တစ်လလောက်က ညီမစားသောက်ဆိုင်ကနေအလုပ်ထွက်ခဲ့ပါတယ်

သူကမလုပ်ခိုင်းတော့လို့ပါ ညီမအမေအတွက်တစ်လကို တစ်သိန်း ပို့ပေးမယ်လို့ပြောပါတယ်

သူက KTV တခုမှာမန်နေဂျာလုပ်ပါတယ် သူပိုက်ဆံဆုပီး ညီမကို လူကြီးမိဘစုံရာနဲ့တောင်းပီး မဂ်လာဆောင်ပေးမယ်ပြောပါတယ်

အခုညီမသူ့အိမ်မှာနေပါတယ် ညီမအရင်ကနေတဲ့အဆောင်မှာအဆင်မပြေဖစ်လို့

သူစီမှာခနနေရင်းကနေ နေဖစ်သွားတာပါ

ညီမအမေကိုတော့အလုပ်ထွက်တာမပြောထားပါဘူးသူ့စီမှာနေတာလဲမပြောထားပါဘူး

ဆိုင်ပိတ်ထားလို့နားထားတယ်ပဲပြောထားပါတယ်

သူညီမကိုဂရုလဲအရမ်းစိုက်ပါတယ်ညီမလိုတာတွေကိုလဲ သူတက်နိုင်သလောက်လုပ်ပေးပါတယ်

ညီမကိုတခြားအပြင်အလုပ်ရှာပေးမယ်ပြောပါတယ်

စားသောက်ဆိုင်မှာ မလုပ်တော့ဖို့ပြောပါတယ်

ညီမအမေကိုတော့ပိုက်ဆံပို့တာနဲသွားတာပေါ့

ညီမဘယ်လိုလုပ်ရမလဲသူ့ကိုယူပီးအပြင်အလုပ်ပဲလုပ်ရမလား

ညီမမိဘများများသုံးနိုင်ဖို့အတွက် ညီမအရင်အလုပ်ပဲဆက်လုပ်ရမလား အကြံပေးကြပါဦး

ညီမသူငယ်ချင်းတွေကပြောပါတယ်

ကိုယ့်အပေါ်ကောင်းတဲ့သူကိုတွေ့ရင်ယူပီး ဒီလောက ကနေရုန်းထွက်ပါတဲ့




ခုလိုလုပ်ရတာကလဲညီမ မိသားစု စားဝတ်နေရေးအတွက်ကြောင့်ပါ























