ရင်ဖွင့်စာ
မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၁
မဂ်လာပါရှင်
ကျမကမကြာသေးခင်ရက်ပိုင်းကမှ အိမ်ထောင်ပြုထားတာပါ
ယောက်ကျားတယောက်က သူချစ်တဲ့မိန်းကလေးကို နှစ်ယောက်အတူတူနေကြဖို့
မိန်းကလေးရဲ့ အိမ်ကို လိုအပ်တဲ့အခန်းဖွဲ့ပေးတယ်။
အဲ့မိန်းကလေးဖြစ်စေချင်သလို အိပ်ယာခန်းဝင်ပစ္စည်း အပြည့်အစုံ ဝယ်ပေးတယ်။
အဲ့လုပ်ရပ်က သူတို့ကျမကို ဝိုင်းပြီး အောက်လုံးတွေသုံး တိုက်ခိုက်နေသလို
မယူခင်ကတည်းကအဲ့ယောက်ကျားရဲ့ပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်တယ်။ ဝိုက်တယ်။ ချူစားတယ် လို့ခေါ်ပါသလား?
ဒီ Group လေး ထဲက အစ်မတွေ ညီမတွေ ဖြေပေးကြပါဉီးနော်
လိုအပ်မယ်ထင်လို့ ကျမတို့ဇာတ်လမ်းလေးကိုပြောပြပါမယ်။
ကျမ ရဲ့ ယောက်ကျားက ကျမနဲ့ တမြို့ထဲသားပါပဲ။
ကျမထက် ၆နှစ်ကျော် အသက်ကြီးပါတယ်။
ကျမ 8တန်းမှာသူကဆယ်တန်းအောင်ပြီးနေပြီ တခြားမြို့မှာကျောင်းတက်ဖို့စောင့်နေတဲ့အချိန်ပေါ့။
ကျမကိုသူသဘောကျကြောင်းပြောလာခဲ့တယ်။
ကျမကအရမ်းငယ်သေးတဲ့အချိန်ဆိုတော့ ချစ်တယ်မချစ်ဘူးလဲပြန်မဖြေဖြစ်ခဲ့ပါဘူး ။
တယောက်နဲ့တယောက်သံယောဇဉ်တော့ရှိကြပါတယ်။
သူကလဲအစိုးရဝန်ထမ်းဖြစ်ပြီးနောက်ပိုင်း မြို့ကို ပြန်အလါနည်းသွားတယ်။
သူပြန်လာတိုင်းကျမကလဲ တခြားမြို့မှာကျောင်းဆက်တက်တာအလုပ်ဝင်တာနဲ့
အခုခေတ်လိုဖုန်းတွေမရှိတော့ အဆက်အသွယ်လုံးဝမရကြတော့ပါဘူး။
သူနဲ့အဆက်သွယ်ပြတ်ပြီးနောက်ပိုင်း ကျမလဲကျောင်းဆရာမဖြစ်ပါတယ်။
နောက်ပိုင်းအစိုးရအလုပ်ထွက်ပြီး MCCမှာ စာသင်နေရင်း သားဖေဖေနဲ့ဖူးစာဆုံပါတယ်။
အိမ်ထောင်သက်နှစ်နှစ် သားလေးဆယ်လမှာ ကျမတို့သဘောထားချင်းဘယ်လိုမှညှိမရလို့ ရန်မဖြစ်ကြပဲနှစ်ဉီးသဘောတူလမ်းခွဲလိုက်ပါတယ်။
(ကျမနဲ့ ကွဲပြီး လေးနှစ်ဝန်းကျင်လောက်မှာ သားလေးရဲ့ဖေဖေ သူ့ရဲ့တရားဝင်မယူထားတဲ့ နောက်မိန်းမလက်ထဲမှာပဲ ဆုံးသွားပါတယ် )
ကျမ က သားလေးတယောက်မေမေ Single mother အဖြစ်နဲ့ ကျမတို့မြို့ကိုပြန်ရောက်လာခဲ့တယ်။
ကျမ ဖေကြီးက ကျမငယ်ငယ်လေးကတည်းကဆုံးသွားပါပြီ။
အဖွားနဲ့မေကြီးက ကျမရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးခဲ့လို့သာ စိတ်ရောလူရောပြိုလဲနေခဲ့တဲ့ ကျမ ခုလို အခြေနေထိပြန်ရောက်လာတာပါ။
2010မှာတမိသားစုလုံးရဲ့ရှေ့ရေးအတွက် ကျမပြည်ပကိုထွက်လာပါတယ်။
သားလေးကတော့သူ့ ဖေဖေ ဘက်မိသားစုနဲ့ နေပြီးကျောင်းရက်ရှည်ပိတ်တဲ့ရက်တွေမှာသာ ကျမရဲ့အိမ်ကို လာပါတယ်။
သားလေးနဲ့ကျမ အမြဲအဆက်သွယ်ရှိပါတယ်။
တချိန်က ကျမရဲ့ကိုကိုနဲ့ Facebookကောင်းမှုနဲ့ပြန်ဆုံကြပါတယ်။
သူကလဲကျမရဲ့အတိတ်အခြေနေတွေလက်ခံတယ်ဆိုလို့ ပြီးခဲ့တဲ့နှစ်လဝန်းကျင်ကနေစပြီး ကျမတို့လက်ထပ်ကြဖိူ့ ပြင်ဆင်​ကြပါတယ် ။
အဲ့အချိန်ကနေစပြိး ဒီကနေ့အထိ သူ့ရဲ့ညီမအရင်းနဲ့ အဲ့ညီမရဲ့အပေါင်းအသင်းတချို့က ကျမကိုတိုက်ရိုက်မဟုတ်ပေမယ့် ဘေးပတ်ဝန်းကျင်မှာရော facebook မှာရောစောင်းမြောင်းတာတွေစလုပ်ပါတယ်။
သူ့အကိုနဲ့ကျမ အတူတူသုံးနေတဲ့သူ့အကိုရဲ့CB ကနေလဲ
သူ့အကိုအဖိုးးတန်လေးမို့နှမျောတယ်ကျမနဲ့သဘောမတူပါဘူးလို့လဲလာပြောပါတယ်။
ခုထိလဲနေ့စဉ်ရက်ဆက်ဆိုသလိုသူနဲ့ သူ့အပေါင်းပါတွေ တိုက်ခိုက်မှုတွေမရပ်ပါဘူး။
ကျမ ဂရုစိုက်နေလို့မဟုတ်ပေမယ့်သူ့အကိုလိုပဲ ကျမကလဲကိုယ့်မိသားစုရဲ့အဖိုးတန်ပါပဲ။
လက်ရှိအနေထားမှာလဲ ကျမကသူ့အကိုထက်လစာများတဲ့သူပါနော်။
ခုလိုတွေဝိုင်းတိုက်ခိုက်နေတဲ့သူတွေကို ကျမ မမုန်းသလို သူတို့လုပ်ရပ်တွေကို ကျမ ဂရုစိုက်နေလို့မဟုတ်ပါဘူး
ဒါပေမယ့် ကျမတကယ် သိချင်မိတယ်။
“ယောက်ကျားတယောက်က သူချစ်တဲ့မိန်းကလေးကိုနှစ်ယောက်အတူတူနေကြဖို့ မိန်းကလေးရဲ့ အိမ်ကို လိုအပ်တဲ့အခန်းဖွဲ့ပေးတယ်။
အဲ့မိန်းကလေးဖြစ်စေချင်သလို အိပ်ယာခန်းဝင်ပစ္စည်း အပြည့်အစုံ ဝယ်ပေးတယ်။
အဲ့လုပ်ရပ်က သူတို့ကျမကို ဝိုင်းပြီး အောက်လုံးတွေသုံး တိုက်ခိုက်နေသလို မယူခင်ကတည်းကအဲ့ယောက်ကျားရဲ့ပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်တယ်။ ဝိုက်တယ်။ ချူစားတယ် လို့ခေါ်ပါသလား?
ဒီ Group လေး ထဲက အစ်မတွေ ညီမတွေ ဖြေပေးကြပါဉီးနော် ”
မဂ်လာပါရှင်
သူကလဲကျမရဲ့အတိတ်အခြေနေတွေလက်ခံတယ်ဆိုလို့ ပြီးခဲ့တဲ့နှစ်လဝန်းကျင်ကနေစပြီး ကျမတို့လက်ထပ်ကြဖို့ ပြင်ဆင်​ကြပါတယ် ။