ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၂

မင်္ဂလာပါရှင့် ညီမရင်ဖွင့်ချင်လို့ပါနော် မင်မင်တို့ရေ

ညီမအခုက အသက်24နှစ်ထဲမှာပါ အိမ်ထောင်က 2019လောက်မှာကျတော့ အသက် 21၀န်းကျင်လောက်မှာပါ

ညီမနဲ့ ညီမအမျိုးသားနဲ့က ရည်းစားဖြစ်တာ 2016လောက်ကနေပါ

ရည်းစားသက်တမ်း4နှစ်အတွင်းမှာ သူ့အကြောင်းရေရေရာရာမသိခဲ့ပါဘူး သူတို့မိသားစုက ၀န်ထမ်းဒါပဲသိတာပါ

ရည်းစားဖြစ်တဲ့နှစ်တွေအတွင်းမှာလဲ ငွေရေးကြေးရေးအကုန်အကျ ညီမပဲအကုန်လုံး အကုန်အကျခံပေး ထောက်ပံ့ပေးခဲ့တာပါ

ညီမဘက်ကလဲသူကို့ အမှန်တကယ်မြတ်မြတ်နိုးနိုးနဲ့သစ္စာရှိခဲ့တာပါ 2019မှာ အိမ်ထောင်ကျပြီးလဲ အမျိုးသားမှာအလုပ်ကောင်းကောင်းမလုပ်ပါဘူး

ညီမဘက်ကပဲ ချစ်တဲ့စိတ်နဲ့ အလုပ်ပိုလုပ်ပြီးပိုရှာခဲ့တာပါ ပြသနာကတော့ ယောင်းမဖြစ်သူက ညီမကိုမကြည်ဖြူတာပါ

သူ့မောင်လေးကို ညီမဘက်ကအပိုင်ကြံတယ်ဆိုပြီး ညီမကိုကောင်းကောင်းစကားမမေးပါဘူး

ညီမအခုက အသက်24နှစ်ထဲမှာပါ အိမ်ထောင်က 2019လောက်မှာကျတော့ အသက် 21၀န်းကျင်လောက်မှာပါ

ညီမနဲ့ ညီမအမျိုးသားနဲ့က ရည်းစားဖြစ်တာ 2016လောက်ကနေပါ ရည်းစားသက်တမ်း4နှစ်အတွင်းမှာ သူ့အကြောင်းရေရေရာရာမသိခဲ့ပါဘူး

သူတို့မိသားစုက ၀န်ထမ်းဒါပဲသိတာပါ ရည်းစားဖြစ်တဲ့နှစ်တွေအတွင်းမှာလဲ ငွေရေးကြေးရေးအကုန်အကျ ညီမပဲအကုန်လုံး အကုန်အကျခံပေး ထောက်ပံ့ပေးခဲ့တာပါ

ညီမဘက်ကလဲသူကို့ အမှန်တကယ်မြတ်မြတ်နိုးနိုးနဲ့သစ္စာရှိခဲ့တာပါ 2019မှာ အိမ်ထောင်ကျပြီးလဲ အမျိုးသားမှာအလုပ်ကောင်းကောင်းမလုပ်ပါဘူး

ညီမဘက်ကပဲ ချစ်တဲ့စိတ်နဲ့ အလုပ်ပိုလုပ်ပြီးပိုရှာခဲ့တာပါ ပြသနာကတော့ ယောင်းမဖြစ်သူက ညီမကိုမကြည်ဖြူတာပါ

သူ့မောင်လေးကို ညီမဘက်ကအပိုင်ကြံတယ်ဆိုပြီး ညီမကိုကောင်းကောင်းစကားမမေးပါဘူး

တကယ်လဲ ယောင်းမဖြစ်သူနဲ့ ညီမအခုချိန်ထိအဆင်မပြေပါဘူး

သူ့အနေနဲ့ သူ့မောင်လေးကိုသူလုပ်ကျွေးနိုင်တယ် တသက်က်လုံးသူနဲ့ပဲနေမှာဆိုပြီး အလုပ်မလုပ်စေချင်တာပါ

ညီမဘက်က သူရောညီမရောအလုပ်လုပ်ရင်ပိုအဆင်ပြေလာအောင်လို့ပါ

ဒါပေမဲ့ အလုပ်လုပ်ဖို့ပြောတိုင်းရန်အကြီးအကျယ်ဖြစ်ရပါတယ် ခနခနရန်ဖြစ်ရတော့ ညီမ အမျိုးသားအလုပ်ထပ်လုပ်ဖို့မပြောဖြစ်တော့ပါဘူး

ဒီလိုနဲ့ သူတို့အသိထဲကအလုပ်ခေါ်တော့ အမျိုးသားသွားလုပ်လိုက်ပါသေးတယ်

အဲ့တုန်းကတော့ကိုယ်မှာကြိတ်ပျော်လိုက်သေးတယ် သူအလုပ်ရပြီဆိုပြီး သူ့မှာတပတ်ထဲနဲ့အလုပ်မှာပြသနာရှာလာလို့ လက်ကောက်တကွင်းရောင်းပြီး ရော်လိုက်ရပါတယ်

ဒါတောင်ညီမအပြစ်မမြင်ပါဘူး သူပထမအကြိမ်မို့ထားလိုက်ပါတော့ဆိုပြီး

ညီမပဲပိုလုပ်ပိုရှာပါတယ် သူ့ကိုညီမဘက်ကတောင် ရွှေတွေတဆင်စာဆင်ထားခဲ့တာပါ

သူလက်ညိုးညွှန်ရ အကုန်ဖြည့်ဆည်းပေး အကုန်၀ယ်ပေးတာပါ

အိမ်ထောင်သက် 2လလောက်မှာညီမသားဦးကိုယ်၀န်ရှိလာတဲ့အချိန်ထိအဆင်ပြေနေသေးပါတယ်

ဒါပေမဲ့ ညီမအလုပ်တွေပင်ပန်းတဲ့အရှိန်ကြောင့် ကိုယ်၀န် ၃လနဲ့ပျက်ကျသွားတော့ ရန်ခနခနထပ်ဖြစ်ရတယ်

ရန်ဖြစ်တိုင်းလက်အရမ်းပါလာတယ် ကိုယ်၀န်ပျက်ကျတာတောင် ယောင်းမကမှအစ ညီမကိုလုံး၀ဂရုမစိုက်ပေးပဲ ပစ်ထားခဲ့တာပါ

အမျိုးသားကတောင်သင်္ကြန်မှာရေပက်ခံထွက်ပြီးလည်နေလိုက်သေးတယ်

အဲ့အချိန်ကဒဏ်တွေညီမအခုထိခံနေရတုန်းပဲ အရမ်းတွေချမ်းတတ်ပြီ ကျန်းမာရေးတွေချူချာလာပါတယ်

နောက်တော့ ကိုဗစ်ကာလမှာအလုပ်တွေမလုပ်နိုင်တဲ့အခါရှိတဲ့ဟာလေးတွေရောင်းပြီး

နေခဲ့ရတယ် အဲ့အချိန်မှာ ညီမဒုတိယကိုယ်၀န်စရှိလာပါပြီ အဲ့ချိန်အရေးအခင်းတွေလဲဖြစ်နေပြီ

ကိုယ်၀န်ရှိနေချိန်မှာ ညီမအမျိုးသားကအလုပ်မရှိ

ညီမကလဲ အလုပ်မရှိဆိုတော့ စုထားတဲ့၀င်ငွေလေးတွေနဲ့ပဲလောက်အောင်သုံးရတာဆိုတော့ အားဆေးမပြောနဲ့ စားချင်တဲ့ ငှပျောသီးတောင်၀ယ်မစားနိုင်ဘူးရှင့်

တကယ့်ကိုစိတ်ပင်ပန်းခဲ့ရတဲ့အချိန်တွေပါကိုယ်၀န်၅လပြည့်လို့ အစိုးရဆေးရုံမှာဗိုက်အပ်ခဲ့တာတောင်မှ မွေးဖွားစရိတ်အတွက်မလောက်မှာစိုးလို့ချွေတာစုဆောင်းခဲ့ရတာပါ

ဗိုက်8လပြည့်လို့ အရေးအခင်းကြောင့် အမျိုးသမီးနှင့်ကလေးဆေးရုံးက ဆရာမတွေCDMလုပ်လို့ ညီမမှာ ကိုယ်၀န်ကိုသေချာမပြခဲ့ရပါဘူး စိတ်ဖိစီးလို့ထင်ပါရဲ့

8လစွန်းစွန်းမှာရေမွှာတွေပေါက်ပြီး ကောင်းကောင်းမွန်မွန်ပဲမွေးဖွားခဲ့ပါတယ်

ဒါပေမဲ့ဒုတိယကံဆိုးခြင်းက ညီမရဲ့ဒုတိယကလေး၁၅ရက်သား အသား၀ါနဲ့ ဆုံးပါးသွားခဲ့တာပါ

(ညီမ ၁လတိတိတကယ်အရူးတစ်ယောက်လိုပါပဲ)

ယောင်းမကလေ ညီမကိုဒီတခါမွေးလဲသေမှာလို့ ကျိန်ခဲ့ဖူးတယ်ရှင့်

ဒါပေမဲ့လေ ကလေးဆုံးသွားတော့ ခနစိတ်ဆိုးခဲ့ဖူးတယ် ကိုယ့်ကိုမကျေနပ်တာနဲ့ ကလေးကိုကျိန်ရက်တယ်ဆိုပြီးတော့ တကယ်စိတ်ပျက်မိပါတယ်

ကြာတော့လဲ ညီမ ကြုံကြိုက်သွားတာပါဆိုပြီးပဲ စိတ်ဖြေခဲ့တာပါ

အမျိုးသားကို ချစ်တဲ့စိတ်တခုထဲနဲ့ စိတ်ဖြေထားခဲ့တဲ့ ရင်းထားတဲ့အရာတွေကအရမ်းများပါတယ်

ရန်ဖြစ်တိုင်း လက်ပါလာတော့လဲ စိတ်ပျက်မိပါတယ် ညီမချစ်တဲ့ ကလေးနှစ်ယောက်လဲဆုံးရှုံးခဲ့ရတော့ အမျိုးသားက်ိုလဲ တကယ်စိတ်ပျက်မိပါတယ်

အမစကားနားထောင်ပြီး လက်ကြောမတင်းတဲ့

ယောကျ်ားကိုလဲ မလိုချင်တော့တာမို့ ကုန်လွန်ခဲ့တဲ့ ၆နှစ်တာကို ၀ဋ်ကြွေးလို့ပဲသတ်မှတ်ချင်ပါတော့တယ်

ဘယ်လိုဆက်လုပ်ရမလဲ ပြောပြပေးကြပါရှင်

ညီမဘက်တော့ ကွာရှင်းဖို့လုပ်ထားပါတယ်

မဂၤလာပါရွင့္ ညီမရင္ဖြင့္ခ်င္လို႔ပါေနာ္ မင္မင္တို႔ေရ

ညီမအခုက အသက္24ႏွစ္ထဲမွာပါ အိမ္ေထာင္က 2019ေလာက္မွာက်ေတာ့ အသက္ 21၀န္းက်င္ေလာက္မွာပါ

ညီမနဲ႔ ညီမအမ်ိဳးသားနဲ႔က ရည္းစားျဖစ္တာ 2016ေလာက္ကေနပါ

ရည္းစားသက္တမ္း4ႏွစ္အတြင္းမွာ သူ႔အေၾကာင္းေရေရရာရာမသိခဲ့ပါဘူး သူတို႔မိသားစုက ၀န္ထမ္းဒါပဲသိတာပါ

ရည္းစားျဖစ္တဲ့ႏွစ္ေတြအတြင္းမွာလဲ ေငြေရးေၾကးေရးအကုန္အက် ညီမပဲအကုန္လုံး အကုန္အက်ခံေပး ေထာက္ပံ့ေပးခဲ့တာပါ

ညီမဘက္ကလဲသူကို႔ အမွန္တကယ္ျမတ္ျမတ္ႏိုးႏိုးနဲ႔သစၥာရွိခဲ့တာပါ 2019မွာ အိမ္ေထာင္က်ၿပီးလဲ အမ်ိဳးသားမွာအလုပ္ေကာင္းေကာင္းမလုပ္ပါဘူး

ညီမဘက္ကပဲ ခ်စ္တဲ့စိတ္နဲ႔ အလုပ္ပိုလုပ္ၿပီးပိုရွာခဲ့တာပါ ျပသနာကေတာ့ ေယာင္းမျဖစ္သူက ညီမကိုမၾကည္ျဖဴတာပါ

သူ႔ေမာင္ေလးကို ညီမဘက္ကအပိုင္ႀကံတယ္ဆိုၿပီး ညီမကိုေကာင္းေကာင္းစကားမေမးပါဘူး

ညီမအခုက အသက္24ႏွစ္ထဲမွာပါ အိမ္ေထာင္က 2019ေလာက္မွာက်ေတာ့ အသက္ 21၀န္းက်င္ေလာက္မွာပါ

ညီမနဲ႔ ညီမအမ်ိဳးသားနဲ႔က ရည္းစားျဖစ္တာ 2016ေလာက္ကေနပါ ရည္းစားသက္တမ္း4ႏွစ္အတြင္းမွာ သူ႔အေၾကာင္းေရေရရာရာမသိခဲ့ပါဘူး

သူတို႔မိသားစုက ၀န္ထမ္းဒါပဲသိတာပါ ရည္းစားျဖစ္တဲ့ႏွစ္ေတြအတြင္းမွာလဲ ေငြေရးေၾကးေရးအကုန္အက် ညီမပဲအကုန္လုံး အကုန္အက်ခံေပး ေထာက္ပံ့ေပးခဲ့တာပါ

ညီမဘက္ကလဲသူကို႔ အမွန္တကယ္ျမတ္ျမတ္ႏိုးႏိုးနဲ႔သစၥာရွိခဲ့တာပါ 2019မွာ အိမ္ေထာင္က်ၿပီးလဲ အမ်ိဳးသားမွာအလုပ္ေကာင္းေကာင္းမလုပ္ပါဘူး

ညီမဘက္ကပဲ ခ်စ္တဲ့စိတ္နဲ႔ အလုပ္ပိုလုပ္ၿပီးပိုရွာခဲ့တာပါ ျပသနာကေတာ့ ေယာင္းမျဖစ္သူက ညီမကိုမၾကည္ျဖဴတာပါ

သူ႔ေမာင္ေလးကို ညီမဘက္ကအပိုင္ႀကံတယ္ဆိုၿပီး ညီမကိုေကာင္းေကာင္းစကားမေမးပါဘူး

တကယ္လဲ ေယာင္းမျဖစ္သူနဲ႔ ညီမအခုခ်ိန္ထိအဆင္မေျပပါဘူး

သူ႔အေနနဲ႔ သူ႔ေမာင္ေလးကိုသူလုပ္ေကြၽးႏိုင္တယ္ တသက္က္လုံးသူနဲ႔ပဲေနမွာဆိုၿပီး အလုပ္မလုပ္ေစခ်င္တာပါ

ညီမဘက္က သူေရာညီမေရာအလုပ္လုပ္ရင္ပိုအဆင္ေျပလာေအာင္လို႔ပါ

ဒါေပမဲ့ အလုပ္လုပ္ဖို႔ေျပာတိုင္းရန္အႀကီးအက်ယ္ျဖစ္ရပါတယ္ ခနခနရန္ျဖစ္ရေတာ့ ညီမ အမ်ိဳးသားအလုပ္ထပ္လုပ္ဖို႔မေျပာျဖစ္ေတာ့ပါဘူး

ဒီလိုနဲ႔ သူတို႔အသိထဲကအလုပ္ေခၚေတာ့ အမ်ိဳးသားသြားလုပ္လိုက္ပါေသးတယ္

အဲ့တုန္းကေတာ့ကိုယ္မွာႀကိတ္ေပ်ာ္လိုက္ေသးတယ္ သူအလုပ္ရၿပီဆိုၿပီး သူ႔မွာတပတ္ထဲနဲ႔အလုပ္မွာျပသနာရွာလာလို႔ လက္ေကာက္တကြင္းေရာင္းၿပီး ေရာ္လိုက္ရပါတယ္

ဒါေတာင္ညီမအျပစ္မျမင္ပါဘူး သူပထမအႀကိမ္မို႔ထားလိုက္ပါေတာ့ဆိုၿပီး

ညီမပဲပိုလုပ္ပိုရွာပါတယ္ သူ႔ကိုညီမဘက္ကေတာင္ ေ႐ႊေတြတဆင္စာဆင္ထားခဲ့တာပါ

သူလက္ညိဳးၫႊန္ရ အကုန္ျဖည့္ဆည္းေပး အကုန္၀ယ္ေပးတာပါ

အိမ္ေထာင္သက္ 2လေလာက္မွာညီမသားဦးကိုယ္၀န္ရွိလာတဲ့အခ်ိန္ထိအဆင္ေျပေနေသးပါတယ္

ဒါေပမဲ့ ညီမအလုပ္ေတြပင္ပန္းတဲ့အရွိန္ေၾကာင့္ ကိုယ္၀န္ ၃လနဲ႔ပ်က္က်သြားေတာ့ ရန္ခနခနထပ္ျဖစ္ရတယ္

ရန္ျဖစ္တိုင္းလက္အရမ္းပါလာတယ္ ကိုယ္၀န္ပ်က္က်တာေတာင္ ေယာင္းမကမွအစ ညီမကိုလုံး၀ဂ႐ုမစိုက္ေပးပဲ ပစ္ထားခဲ့တာပါ

အမ်ိဳးသားကေတာင္သၾကၤန္မွာေရပက္ခံထြက္ၿပီးလည္ေနလိုက္ေသးတယ္

အဲ့အခ်ိန္ကဒဏ္ေတြညီမအခုထိခံေနရတုန္းပဲ အရမ္းေတြခ်မ္းတတ္ၿပီ က်န္းမာေရးေတြခ်ဴခ်ာလာပါတယ္

ေနာက္ေတာ့ ကိုဗစ္ကာလမွာအလုပ္ေတြမလုပ္ႏိုင္တဲ့အခါရွိတဲ့ဟာေလးေတြေရာင္းၿပီး

ေနခဲ့ရတယ္ အဲ့အခ်ိန္မွာ ညီမဒုတိယကိုယ္၀န္စရွိလာပါၿပီ အဲ့ခ်ိန္အေရးအခင္းေတြလဲျဖစ္ေနၿပီ

ကိုယ္၀န္ရွိေနခ်ိန္မွာ ညီမအမ်ိဳးသားကအလုပ္မရွိ

ညီမကလဲ အလုပ္မရွိဆိုေတာ့ စုထားတဲ့၀င္ေငြေလးေတြနဲ႔ပဲေလာက္ေအာင္သုံးရတာဆိုေတာ့ အားေဆးမေျပာနဲ႔ စားခ်င္တဲ့ ငွေပ်ာသီးေတာင္၀ယ္မစားႏိုင္ဘူးရွင့္

တကယ့္ကိုစိတ္ပင္ပန္းခဲ့ရတဲ့အခ်ိန္ေတြပါကိုယ္၀န္၅လျပည့္လို႔ အစိုးရေဆး႐ုံမွာဗိုက္အပ္ခဲ့တာေတာင္မွ ေမြးဖြားစရိတ္အတြက္မေလာက္မွာစိုးလို႔ေခြၽတာစုေဆာင္းခဲ့ရတာပါ

ဗိုက္8လျပည့္လို႔ အေရးအခင္းေၾကာင့္ အမ်ိဳးသမီးႏွင့္ကေလးေဆး႐ုံးက ဆရာမေတြCDMလုပ္လို႔ ညီမမွာ ကိုယ္၀န္ကိုေသခ်ာမျပခဲ့ရပါဘူး စိတ္ဖိစီးလို႔ထင္ပါရဲ႕

8လစြန္းစြန္းမွာေရမႊာေတြေပါက္ၿပီး ေကာင္းေကာင္းမြန္မြန္ပဲေမြးဖြားခဲ့ပါတယ္

ဒါေပမဲ့ဒုတိယကံဆိုးျခင္းက ညီမရဲ႕ဒုတိယကေလး၁၅ရက္သား အသား၀ါနဲ႔ ဆုံးပါးသြားခဲ့တာပါ

(ညီမ ၁လတိတိတကယ္အ႐ူးတစ္ေယာက္လိုပါပဲ)

ေယာင္းမကေလ ညီမကိုဒီတခါေမြးလဲေသမွာလို႔ က်ိန္ခဲ့ဖူးတယ္ရွင့္

ဒါေပမဲ့ေလ ကေလးဆုံးသြားေတာ့ ခနစိတ္ဆိုးခဲ့ဖူးတယ္ ကိုယ့္ကိုမေက်နပ္တာနဲ႔ ကေလးကိုက်ိန္ရက္တယ္ဆိုၿပီးေတာ့ တကယ္စိတ္ပ်က္မိပါတယ္

ၾကာေတာ့လဲ ညီမ ႀကဳံႀကိဳက္သြားတာပါဆိုၿပီးပဲ စိတ္ေျဖခဲ့တာပါ

အမ်ိဳးသားကို ခ်စ္တဲ့စိတ္တခုထဲနဲ႔ စိတ္ေျဖထားခဲ့တဲ့ ရင္းထားတဲ့အရာေတြကအရမ္းမ်ားပါတယ္

ရန္ျဖစ္တိုင္း လက္ပါလာေတာ့လဲ စိတ္ပ်က္မိပါတယ္ ညီမခ်စ္တဲ့ ကေလးႏွစ္ေယာက္လဲဆုံးရႈံးခဲ့ရေတာ့ အမ်ိဳးသားက္ိုလဲ တကယ္စိတ္ပ်က္မိပါတယ္

အမစကားနားေထာင္ၿပီး လက္ေၾကာမတင္းတဲ့

ေယာက်္ားကိုလဲ မလိုခ်င္ေတာ့တာမို႔ ကုန္လြန္ခဲ့တဲ့ ၆ႏွစ္တာကို ၀ဋ္ေႂကြးလို႔ပဲသတ္မွတ္ခ်င္ပါေတာ့တယ္

ဘယ္လိုဆက္လုပ္ရမလဲ ေျပာျပေပးၾကပါရွင္

ညီမဘက္ေတာ့ ကြာရွင္းဖို႔လုပ္ထားပါတယ္