ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၃

ညီမအိမ်ထောင်ကျတာ ညီမအိမ်ထောင်ကျတာရှေ့လဆိုတစ်နှစ်ပြည့်ပါပြီ

ဒါပင်မဲ့ညီမတို့ပေါင်းရတာ4လထဲပါ မိသားစုကိစတွေပြသနာဖစ်ပြိးညီမသူ့အိမ်မှာမနေချင်လို့ညီမတို့6လလောက်ကွဲနေခဲ့တာပါ

ခုမှသူ့ဘက်ကအိမ်ခွဲနေပါ့မယ်ဆိုပြီးညီမကိုပြန်လာခေါ်လို့ သူနဲ့အတူပြန်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်

သူ့phကိုညီမယူကြည့်တော့ vb မှ ာမိန်းမတစ်ယောက်နဲ့ည11နာရီလောက်ကvcပြောထားတာတွေ့ပါတယ်

ညီမကဘယ်သူလဲမေးတော့ဘာမှမဟုတ်ဘူးဆိုပြီး အတင်းယူဖျက်လိုက်ပါတယ်

ညီမအတင်းမေးတော့အလုပ်မှာတစ်လလောက်ဝင်လုပ်တဲ့ကောင်မလေးလို့ပြောပါတယ်

ခုထွက်သွားပြီလို့ပြောပါတယ် ဒီလိုကိစကသူနဲ့ညီမကြားမှာဖစ်ဖူးပါတယ်

ချစ်သူသက်တမ်း5နှစ်ပါ အဲ့5နှစ်အတွင်းမှာကောင်မလေးနှစ်ယောက်နဲ့ ညီမသူ့phထဲမှာနှစ်ခါမိပါတယ်

ကြိုက်နေကြတဲ့ပုံမဟုတ်ပင်မဲ့ အီစီကလီပြောနေတာတော့သေချာပါတယ်

ပြသနာအကြီးအကျယ်ဖစ်ပြီး တစ်ယောက်နဲ့တုန်းကတော့တစ်မြို့ထဲမို့အဲ့ကောင်မလေးကလည်းအစထဲကသူငယ်ချင်း​ပါဆိုပြီးဖြေရှင်းပေးပါတယ်

ကျန်တဲ့တစ်ယောက်ကတော့တခြားကမို့ဒီတ်ုင်းအဆက်သွယ်ဖြတ်လိုက်ရုံနဲ့ပြီးသွားပါတယ်

ညီမတို့မဂ်လာဆောင်ခါနီး သူရန်ကုန်မှာအလုပ်သွားလုပ်ရပါတယ်

မဂ်လာ​ေဆာင်ဖို့အတူရှိနေချိန်သူ့phထဲမှာ phar ချဖို့ပွဲစားနဲ့ချိတ်ထားတာတွေတွေ့ပါတယ်

တစ်သိန်းဝန်းကျင်သုံးမယ်vipဝင်မယ်ပြောပြီးဆော်ရှာခိုင်းပါတယ်

လိပ်စာပါပေးပါတယ် လကုန်အတွက်ဆိုပြီးဘိုကင်လုပ်ပါတယ်

အဲ့ကောင်မတွေနဲ့လည်းvbမှာစကားပြောပြီး အသက်ကြီးလို့တို့ ရုပ်မလှတို့နဲ့သူပွဲစားကိုပြန်ပြောပြီးလူရွေးနေပါတယ်

ဒါပင်မဲ့ညီမဆီ လမကုန်ခင်ရောက်လာခဲ့လို့သူမလုပ်ဖစ်ဘူးလို့ညီမထင်ပါတယ်

သူကတော့သူများတွေပြောတာတွေ့လို့သပ်သပ်လျှောက်ပြောတာ

တကယ်လုပ်ဖို့လည်းမစီအစဥ်မရှိဘူးလို့ပြောပါတယ်

မိဘတွေပါသိပြီးပြသနာတက်ပြီးသူ့ကိုမယူနိုင်ဘူးဆိုပြီးညီမအငိုတွေနဲ့ပြသနာရှာခဲ့ပါတယ်

သူကညီမကိုတောင်းပန်ပါတယ် သူ့မိဘတွေရှေ့မှာပါထပ်မဖစ်စေရဘူးကတိတွေအထပ်ထပ်ပေးပြီးငိုယိုပြီးတောင်းပန်ပါတယ်

ညီမသူ့ပါးကိုရိုက်ခဲ့ပါတယ် မဂ်လာဆောင်ဖို့လည်းအားလုံးစီစဥ်ပြီးပြီးမို့ညီမခွင့်လွှတ်ပေးခဲ့ပါတယ်

ခုဖစ်နေတဲ့အကြောင်းကိုပြန်ဆက်ရမယ်ဆို အဲ့ကောင်မလေးကိုအစကအလုပ်ခနဝင်လုပ်တဲ့သူလို့ပြောပါတယ်

ညီမphကိုဆက်ရှာတော့အလုပ်က အကိုတစ်ယောက်ကိုktvအခန်းထဲအရက်ပုလင်းနဲ့ကောင်မလေးတစ်ယောက်ထိုင်နေတဲ့ပုံပို့ထာားတာတွေ့ပါတယ်

ဒီပုံကဘာလုပ်တာလဲဆိုတော့ သူသွားတာမဟုတ်ဘူးသူငယ်ချင်းပို့ပေးတာလို့ပြောပါတယ်

ပြီးတော့မှညီမကိုသူအမှန်အတိုင်းပြောပါ့မယ် အကုန်ဝန်ခံပါ့မယ်ဆိုပြီး ခုနကတစ်ယောက်ကလည်းktvကပါ

ပုံပို့ပေးတဲ့သူငယ်ချင်းဆိုတာကလည်းktvကကောင်မလေးပါတဲ့

သူktvသွားမိပါတယ်တဲ့ ကောင်မလေးနှစ်ယောက်နဲ့စကားပြောတယ်

သူတို့အလုပ်ကလူတွေအကုန်သွားကြရင်း ဟိုလူတွေကသွားနေကြမို့သူလည်းညီမနဲ့ကွဲနေချိန်မိဘနဲ့ညီမကြားစိတ်တွေအရမ်းညစ်နေလို့လုပ်မိတာပါတဲ့

သူတို့ph noတောင်းပေးပြီးမိတ်ဆက်ပေးလို့စကားပြောဖစ်တာပါတဲ့

ညီမလေရင်တွေထဲအရမ်းပူလောင်သွားတာပဲ ညီမနဲ့ကွဲနေချိန်ဘီယာတောင်မသောက်တက်တဲ့သူက ဘီယာသောက်တာဆရာဖစ်နေတဲ့အပြင်

ktvသွားပြီးအဲ့ကကောင်မလေးတွေနဲ့ပါlineပေါ်ကစကားပြောလိုက်vcပြောလိုက်နဲ့ သူပြောတာတော့သုံးခါသွားတယ်တဲ့

ညီမမယုံပါဘူး သူကတော့ဘာတစ်ခုမှမလိမ်တော့ပါဘူး ခုလိုဝန်ခံလိုက်ရလို့လည်းစိတ်ထဲပေါ့သွားပါတယ်

ကျန်တာလိမ်ထားတာမရှိတော့ပါဘူး ညီမကိုတောင်းပန်ပါတယ် ညီမသူ့ကိုရိုက်ပါတယ် ပါးတွေလည်းချပါတယ်

ညီမကိုသူအတင်းလိုက်တောင်းပန်ပါတယ် နောက်တစ်ခါဆိုမရှိစေရဘူး သူမှားမှန်းသိလို့ရပ်လိုက်ပါတယ်နဲ့ ညီမအရမ်းခံစားရပါတယ်

ညီမဒီတစ်ခါခွင့်မလွှတ်နိုင်ဘူးဖစ်နေတယ် ညီမသူနဲ့အတူပြန်နေဖို့လည်းမိဘတွေကိုပြောပြီးအကုန်စီစဥ်ပြီးနေပါပြီ

ညီမထပ်လည်းအရှက်မကွဲချင်တော့သလိုသူ့ကိုလည်းညီမမယုံကြည်နိုင်တော့ပါဘူး

ခုထိလည်းသူ့ကိုနေ့တိုင်းအဲ့အကြောင်းပြောလိုက်ဆဲလိုက်နဲ့ကောင်းကောင်းမဆက်ဆံပါဘူး သူကတော့ကျေနပ်သလိုပြောလို့ပြောပါတယ်

ညီမကောင်းကောင်းဆက်ဆံမယ်တွေးလိုက်တိုင်းစိတ်ထဲပန်ပြန်ကြားယောင်ပြီးစိတ်ထဲမှာမကျေနပ်နိုင်ပါဘူး

နောင်အိမ်ထောင်သက်ကြာလညရင်တို့ကလေးရလာရင်သူဒီလိုထပ်လုပ်မှာလားအတွေးကညီမကိုလွှမ်းမိုးနေပါတယ်

ညီမဘာဆက်လုပ်သင့်လဲသူလုပ်ထားတာကိုခွင့်လွှတ်ပေးရမလား

ညီမစိတ်ကိုဘယ်လိုဖြေရမလဲ ဒီအတိုင်းဆိုညီမသူ့ကိုကြည့်လိုက်ဒေါသဖစ်လိုက်နဲ့ညီမလည်းအရမ်းပင်ပန်းလွန်းလို့ပါ













မဂ်လာ​ဆောင်ဖို့အတူရှိနေချိန်သူ့phထဲမှာ phar ချဖို့ပွဲစားနဲ့ချိတ်ထားတာတွေတွေ့ပါတယ်




























