ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၄

ညီမရဲ့ exနဲ့က ငယ်ငယ်လေးကတည်းက သိခဲ့ကြပါတယ်ရှင့်

၆တန်းနှစ်တုန်းကတည်း သူညီမကိုကြိုက်နေတာ ဒါမဲ့အဲ့တုန်းကတော့သူကို ပြန်မကြိုက်ခဲ့ပါဘူး

၁၀ တန်းပြီးတော့ကြ သူဖွင့်ပြောတော့ ညီမတို့တွဲဖြစ်ခဲ့ကြတယ်

သူကအရမ်းလဲချစ်ပေးတတ်သလို ဂရုလဲစိုက်ပေးတတ်တယ်

တွဲပြီး၆လကြာတော့ သူနဲ့အတူနေမိသွားတယ်

သူ့ကိုလဲယုံလို့အရာအားလုံးပုံအပ်မိတယ် ဒါပေမဲ့ 9လ‌ေကျာ်မှာ

ညီမနဲ့စတွဲကတည်းကညီမ မသိအောင် accတွေဖောက်ပြီး အခြားကောင်‌မလေးတွေနဲ့ပါ အီခဲ့တာ

အ့တာ‌ေတွကိုသိခဲ့ပြီးညီမရူးမတတ်ဖြစ်သွားတယ်

အဲ့တာနဲ့သူကငိုပြီးတောင်းပန်ခဲ့တယ် သူ့ကိုမထားခဲ့ဖို့ သူကbroken familyကမလို့ သူစိတ်ပျော်အောင်ပဲလုပ်ခဲ့မိတာပါဆိုပြီး ပြောတယ်

ညီမကလဲ ပြန်လက်ခံခဲ့မိတာပေါ့ hsရှိဖူးတော့ မပြတ်ရဲသွားတာလဲပါတယ်

ညီမကမယုံကြည်တော့သူ့ကိုနေ့တိုင်းပြသနာရှာခဲ့တယ်

အ့တာတွေကိုအကုန်သူသည်းခံခဲ့တယ် ပြန်တွေးမိတိုင်းစိတ်ပျက်လွန်းလို့ ၁နှစ်ကျော် မှာ သူနဲ့လမ်းခွဲခဲ့တယ်

သူကတော့ငိုပြီးတောင်းပန်ခဲ့တယ် ဒါမဲ့ညီမကတော့လက်မခံတော့ဘူး

အခုဆိုလမ်းခွဲပြီးတာ ၂နှစ်ရှိတော့မယ် ကြားထဲမှာလဲ ညီမဆီပြန်လာခဲ့ပါသေးတယ်

သူကအခြားကောင်မလေးတွေနဲ့ ကင်းကင်းမနေနိုင်တော့သူ့ကိုပြန်လက်မခံခဲ့ဘူး

သူ့သူငယ်ချင်းတွေကလဲညီမနဲ့ပြန်တွဲ‌‌ေစချင်တယ် သူ့ကိုခြေမရှုပ်ဖို့ပြောတာကိုလဲ သူက အတူနေရမှ ဖြစ်မှာဆိုပြီးပြောတယ်

အခုတော့သူလဲတကယ်ချစ်တဲ့သူကိုတွေ့သွားပါပြီတဲ့ ညီမနောင်တရချင်သလိုလိုဖြစ်နေတယ်

သူ့ကိုနောင်တရစေချင်လို့ထားခဲ့တာ ညီမကပဲရချင်သလိုဖြစ်နေသလား

အရာအားလုံးပေးဆပ်ပြီးမှ သူတကယ်ချစ်တာကိုယ်မဟုတ်တာ တကယ်ကိုရင်နာစရာကောင်းပါတယ်






သူ့ကိုလဲယုံလို့အရာအားလုံးပုံအပ်မိတယ် ဒါပေမဲ့ 9လ‌ကျော်မှာ


အ့တာ‌တွေကိုသိခဲ့ပြီးညီမရူးမတတ်ဖြစ်သွားတယ်








သူ့သူငယ်ချင်းတွေကလဲညီမနဲ့ပြန်တွဲ‌‌စေချင်တယ် သူ့ကိုခြေမရှုပ်ဖို့ပြောတာကိုလဲ သူက အတူနေရမှ ဖြစ်မှာဆိုပြီးပြောတယ်


